• Follow Us on

Home ကွန်ဂိုနိုင်ငံရှိ သတ္တုမိုင်းတစ်ခုအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသားငါးဦး ပြန်ပေးဆွဲခံရ

ကွန်ဂိုနိုင်ငံရှိ သတ္တုမိုင်းတစ်ခုအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသားငါးဦး ပြန်ပေးဆွဲခံရ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၂ (People Media)

 

ကွန်ဂိုနိုင်ငံအရှေ့တောင်ပိုင်းရှိ သတ္တုမိုင်းတစ်ခုအနီးတွင် ညပိုင်း၌ သေနတ်သမားများက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ပြီးနောက် တရုတ်နိုင်ငံသားငါးဦးကို ပြန်ပေးဆွဲသွားကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့က ဒေသခံအရာ ရှိတစ်ဦးနှင့် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကပြောသည်။

 

ကွန်ဂိုနိုင်ငံတောင်ပိုင်း ကီဗူးပြည်နယ် မူကီရာကျေးရွာအနီးမှ ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကဆောင်ရွက် သွားမှန်း ရှင်းလင်းစွာမသိရပေ။ တရုတ်သတ္တုမိုင်းကုမ္ပဏီများနှင့် ဒေသအာဏာပိုင်များကြားတွင် ဆက်ဆံရေး တင်းမာမှုများရှိခဲ့ကြောင်းသိရသည်။ အချို့ကုမ္ပဏီများမှာ လိုင်စင်မရှိဘဲ တရားမဝင်လုပ်ငန်းဆောင်ရွက်နေကြ ကြောင်း ဒေသအာဏာပိုင်များကပြောသည်။

 

“လက်နက်ကိုင်အုပ်စုတစ်စုနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်ကြတယ်။ တရုတ်နိုင်ငံသားငါးဦးကို ပြန်ပေး ဆွဲသွားကြတယ်။” ဟု ကွန်ဂိုစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးဒီယူဒွန်နီကာဆီရီကာက ပြောသည်။

 

ကွန်ဂိုနိုင်ငံရှိ တရုတ်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ဖြစ်စဉ်နှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားခြင်းမရှိသည့်အပြင် ဖြစ် စဉ်ဖြစ်ပွားသည့် သတ္တုမိုင်းနာမည်ကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

 

သြဂုတ်လအတွင်းက တောင်ပိုင်းကီဗူးပြည်နယ်အုပ်ချုပ်ရေးမှူး သီယိုကာဆီက တရုတ်ကုမ္ပဏီအငယ်ခြောက်ခု ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပိတ်သိမ်းလိုက်ပြီး လုပ်ငန်းခွင်အတွင်းမှ ဒေသခံဝန်ထမ်းများနှင့် နိုင်ငံခြားသား ဝန်ထမ်းများထွက်ခွာသွားရန် အမိန့်ထုတ်ခဲ့သည်။ ကုမ္ပဏီများက ၎င်းတို့လုပ်ငန်းများကို ချက်ချင်းရပ်တန့်ခြင်းမ  ရှိသလို အချို့လုပ်ငန်းခွင်များတွင်လည်း ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့သည်။

 

ယခင်သမ္မတဟောင်း ဂျိုးဆက်ကာဘီလာလက်ထက်က တရုတ်လုပ်ငန်းရှင်များနှင့် သဘောတူလက်မှတ်ရေး ထိုးခဲ့သော အမေရိကန်ဒေါ်လာ ၆ ဘီလျံတန်ဖိုးရှိ “သတ္တုတွင်းလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတည် ဆောက်ရေး” စာချုပ်ကို လက်ရှိသမ္မတ ဖီးလစ်ရှီဆီကီဒီက ပြန်လည်ဆန်းစစ်နေသည်။

 

အချို့သတ္တုတွင်းစာချုပ်များကို ကွန်ဂိုနိုင်ငံအတွက် အကျိုးမရှိမရှိမည်ကို စိုးရိမ်သဖြင့် ပြန်လည်စစ်ဆေးသင့် ကြောင်း သမ္မတ ဖီးလစ်ရှီဆီကီဒီက ပြောကြားခဲ့ဖူးသည်။ ကွန်ဂိုနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကိုဘော့လ်တ် သတ္တုထုတ်လုပ်သည့်နိုင်ငံဖြစ်သလို အာဖရိကတိုက်တွင် ကြေးနီထုတ်လုပ်ရေးကဏ္ဍ၌ ဦးဆောင်ထုတ်လုပ်နေ သည့်နိုင်ငံလည်းဖြစ်သည်။

 

စာချုပ်ချုပ်ဆိုသည့်ကိစ္စများအငြင်းပွားမှုမရှိသည့်တိုင် တိုင်းပြည်ငြိမ်သက်မှုမရှိသော ကွန်ဂိုနိုင်ငံသည် လုပ်ငန်း လည်ပတ်လှုပ်ရှားရန် ခက်ခဲသောနေရာတစ်ခုဖြစ်သည်။ တိုင်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့အမျိုးမျိုးသည် နယ်မြေထိန်းချုပ်နိုင်ရေးနှင့် သဘာဝသယံဇာတများရရှိရေးအတွက် တိုက်ခိုက်လျက်ရှိသည်။

 

မကြာသေးမီသီတင်းပတ်များအတွင်းက ကွန်ဂိုစစ်တပ်နှင့် M23 သူပုန်အုပ်စုတို့သည် ယူဂန်ဒါနယ်စပ်အနီး၊ ယခု သီတင်းပတ်အတွင်းတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ၏ မြောက်ဘက် မိုင် ၁၀၀ ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြ ရာ လူပေါင်းထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

 

စနေနေ့က ဗီရန်းဂါပန်းခြံမှ ဥယျာဉ်မှူးတစ်ဦးကို သေနတ်သမားများကပစ်သတ်သွားခဲ့ရာ M23 သူပုန်အုပ်စု လက်ချက်ဖြစ်နိုင်ကြောင်း ပန်းခြံတာဝန်ရှိသူတစ်ဦးကပြောသည်။

 

Ref: Gunmen Kidnap 5 Chinese Mine Workers in DR Congo

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: Gunmen Kidnap 5 Chinese Mine Workers in DR Congo

 

#PeopleMedia


Share this post