• Follow Us on

Home ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေဥပဒေသည် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဖျက်သိမ်း၍ မရကြောင်း န-စ-က ဥက္ကဋ္ဌပြောဆို

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေဥပဒေသည် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဖျက်သိမ်း၍ မရကြောင်း န-စ-က ဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂ (People Media)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေဥပဒေအား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဖျက်သိမ်း
၍ မရကြောင်း၊ ခေတ်ကာလနှင့် ညီညွတ်မှုမရှိသော အ
ကြောင်းအရာများအား ပြင်ဆင်ရန်အတွက် မိမိတို့အနေဖြင့်
လက်ခံကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်
ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်
မြို့မိမြို့ဖများအား တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ်
ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် တိုင်းရင်းသားများ စုပေါင်းနေထိုင် သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို သိရှိရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ အများစု၏သဘောဆန္ဒဖြင့် ဥပဒေနှင့်အ
ညီ အုပ်ချုပ်ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်
အညီ ဆောင်ရွက်မည်ဆိုပါက အားလုံးလိုက်နာကြရမည်ဖြစ် သော်လည်း “လူညီလျှင်ဤကိုကျွဲဖတ်သည်” ဆိုသည့်
လုပ်ရပ်မျိုး ဆောင်ရွက်၍မရကြောင်း ပြောကြားသည်။

ဖက်ဒရယ်စနစ်ဆိုသည်မှာ အားလုံးကို လုပ်ပိုင်ခွင့်မျှမျှတတ
ဖြင့် ခွဲဝေကျင့်သုံး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးသ
ဖြင့် အမှားခံ၍မရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ များစွာမှားယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ကြိုတင်မဲပေးချိန်တွင်လည်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်ခဲ့ ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲစာရင်းမှားယွင်းမှုနှင့် ပတ်သက်၍ ဖြေရှင်းရန် အ
ကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းခဲ့မှုမရှိသဖြင့် ယခုအခြေအနေမျိုးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

#PeopleMedia #နစက

(unicode)

…………………………………………