• Follow Us on
Latest News

Home FARA စီမံကိန်းအပြောင်းအလဲတစ်ရပ်အဖြစ် အမေရိကန်ကြည်းတပ်အတွက် MQ-1C Gray Eagle အဆင့်မြင့် ဒရုန်းရောင်းချပေးဖို့ GA ကုမ္ပဏီကမ်းလှမ်း

FARA စီမံကိန်းအပြောင်းအလဲတစ်ရပ်အဖြစ် အမေရိကန်ကြည်းတပ်အတွက် MQ-1C Gray Eagle အဆင့်မြင့် ဒရုန်းရောင်းချပေးဖို့ GA ကုမ္ပဏီကမ်းလှမ်း

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၃

 

အမေရိကန်ကြည်းတပ်ရဲ့ အနာဂတ်ကာလ မောင်းသူမဲ့တိုက်ခိုက်ရေး/ကင်းထောက်လေယာဉ် (FARA) စီမံ ကိန်းအတွက် အပြောင်းအလဲတစ်ရပ်အဖြစ် MQ-1C Gray Eagle အဆင့်မြင့်ပုံစံသစ် ဒရုန်းကို General Atomics (GA) ကုမ္ပဏီက ကမ်းလှမ်းလိုက်ပါတယ်။

 

ဒေါ်လာ ၂ ဘီလျံကျော်သုံးစွဲပြီးဖြစ်ပေမဲ့ FARA စီမံကိန်းကို ဆက်လက်ဆောင်ရွက်တော့မှာမဟုတ်ကြောင်း အမေရိကန်ကြည်းတပ်က ကြေညာလိုက်ပြီးနောက်မှာ GA ကုမ္ပဏီက အခုလိုကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

 

ကြည်းတပ်အနေနဲ့ တခြားယှဉ်ပြိုက်ဘက် ကုမ္ပဏီတစ်ခုကို ရှာဖွေမှာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေး ပေမဲ့ GA ကုမ္ပဏီကတော့ ပြေးလမ်းတိုမှာ တက်/ဆင်းနိုင်တဲ့ ပုံစံသစ် STOL Gray Eagle ဒရုန်းအသစ်တစ်မျိုး ကို ထပ်မံကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။

 

“ကျွန်တော်တို့အနေနဲ့ အခွင့်အလမ်းသစ်ကို ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။” လို့ GA ကုမ္ပဏီအရာရှိ ဒေ့ဗ်အလက်ဇန္ဒားက Breaking Defense မီဒီယာကို ပြောပါတယ်။

 

တကယ်လို့ GA ကုမ္ပဏီရဲ့ ကမ်းလှမ်းချက်ကိုလက်ခံခဲ့ရင် အဆင့်မြှင့်တင်ထားတဲ့ MQ-1C Gray Eagle ဒရုန်း ဟာ ဟဲလ်ဖိုင်းယား ဝေဟင်-မြေပြင်ပစ် ဒုံးကျည်လေးစင်းတပ်ဆင်ထားတဲ့အတွက် အမေရိကန်ကြည်းတပ်ရဲ့ တိုက်ခိုက်ရေးကင်းထောက်တာဝန်တွေကို ထမ်းဆောင်ရာမှာ အထောက်အကူပြုသွားနိုင်မှာဖြစ်တယ်လို့ ဆိုပါ တယ်။

 

Gray Eagle ဒရုန်းဟာ MQ-9 Predator ဒရုန်းကို ဆင့်ပွားတီထင်ထားပြီး တီထွင်ဖန်တီးမှုနဲ့ နည်းပညာအရ အ ဆင့်မြင့်တဲ့ ဒရုန်းအမျိုးအစားဖြစ်ကြောင်း General Atomics ကုမ္ပဏီက ပြောပါတယ်။

 

MQ-1C Gray Eagle ဒရုန်းဟာ တစ်နာရီကို ရေမိုင် ၁၆၇ မိုင် (တစ်နာရီကို ၃၀၉ ကီလိုမီတာ/၁၉၂ မိုင်) ပျံသန်း နိုင်ပြီး တစ်ဆက်တည်း ၂၅ နာရီကြာ ပျံသန်းနိုင်တဲ့ ဒရုန်းဖြစ်တယ်လို့ဆိုပါတယ်။

 

စီမံကိန်းဖျက်သိမ်းလိုက်ရတဲ့နောက်ကွယ်က အဓိကအကြောင်းရင်းမှာ “ဦးစားပေးအစီအစဉ်တွေ ပြောင်းလဲမှု တစ်ခု” ပါဝင်ကြောင်း အမေရိကန်ကြည်းတပ်က ပြောကြားလိုက်ပြီးနောက် FARA စီမံကိန်းအတွက် အပြောင်း အလဲတစ်ရပ်အဖြစ် MQ-1C Gray Eagle ဒရုန်းကို GA ကုမ္ပဏီက ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံဟာ နေ့ချင်းညချင်း စစ်မက်ဖြစ်ပွားနိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက် အမေရိကန်ကြည်းတပ်အနေနဲ့ ပိုမိုဘေးကင်းလုံခြုံပြီး ဈေးနှုန်းသက်သာတဲ့ မောင်းသူမဲ့လေယာဉ်စနစ်သစ်တွေမှာ ပိုမိုရင်းနှီးမြှုပ်နှံသွားမှာဖြစ် ကြောင်း ကြေညာခဲ့ပါတယ်။

 

“ကျွန်တော်တို့ စစ်မြေပြင်တွေဆီကနေ အထူးသဖြင့် ယူကရိန်းစစ်ပွဲကနေ လေ့လာသင်ယူနေပါတယ်။ လေ ကြောင်းကင်းထောက်လုပ်ငန်းတွေဟာ အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ်မျိုးစုံ မှာတပ်ဆင်ထားတဲ့ ဆင်ဆာတွေ၊ လက်နက်တွေကို နေရာအနှံ့အပြားမှာ ပိုမိုတွေ့ရှိ လာရသလို ပိုမိုအလွယ် အကူ ရရှိလာနိုင်သလို ဈေးနှုန်းသက်သာလာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။” လို့ အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်ရန်ဒီဂျော့ချ်က ပြောပါတယ်။

 

Ref: General Atomics to Pitch Modified Gray Eagle Drone as FARA Alternative

 

#PeopleMedia


Share this post