• Follow Us on
Latest News

Home သြစတေးလျက ဒေါ်လာသန်း ၇၀ တန် စစ်လက်နက်ပစ္စည်းများ ယူကရိန်းသို့ပို့မည်

သြစတေးလျက ဒေါ်လာသန်း ၇၀ တန် စစ်လက်နက်ပစ္စည်းများ ယူကရိန်းသို့ပို့မည်

Share this post

နိုင်ငံတကာ၊ မတ် ၁

 

ရုရှားနိုင်ငံရဲ့ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံကို ကူညီဖို့အတွက် သြစတေးလျနိုင်ငံက ဒုံး ကျည်တွေ၊ တခြားလက်နက်တွေအပါအဝင် ဒေါ်လာသန်း ၇၀ တန် တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ယူကရိန်းနိုင်ငံကိုပေးပို့သွားတော့မှာဖြစ်ကြောင်း သိရပါတယ်။

 

ယူကရိန်းကိုပေးပို့သွားမယ့် စစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ရုရှားအစိုးရသိသွားမှာစိုးလို့ ဝန်ကြီးချုပ်စကော့မာရစ်ဆန်က အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

“ကျွန်တော်တို့ ဒုံးကျည်တွေ၊ ခဲယမ်းတွေအကြောင်း စကားပြောနေပါတယ်။ ယူကရိန်းတွေ သူတို့နိုင်ငံ သူတို့ ကာကွယ်နိုင်ဖို့အတွက် ထောက်ပံံ့ပေးဖို့ ကျွန်တော်တို့စကားပြောနေတာပါ။ ဘယ်လိုပို့မယ် ဘာတွေပို့မယ် ဘယ်လောက်ပို့မယ်ဆိုတာတွေ မပြောပါဘူး။ မကြာခင် ရောက်လာပါလိမ့်မယ်။” လို့ ၎င်းကပြောပါတယ်။

 

ရုရှားတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ဖို့အတွက် အသင့်တော်ဆုံးလက်နက်တွေကို မှာယူထားတဲ့ နေတိုးအဖွဲ့နဲ့အတူ သြစတေးလျနိုင်ငံက စစ်လက်နက်ပစ္စည်းတွေကို ပေးပို့သွားမှာဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့တတ်နိုင်သမျှ ရုရှားကို အကုန်အကျများအောင်လုပ်ဖို့ပါ။” လို့ မာရစ်ဆန်က ပြောပါတယ်။

 

ဒါပေမဲ့လည်း ကြိုတင်မျှော်မှန်းထားတာထက် ရုရှားတပ်တွေချီတက်မှုနှေးကွေးနေတာဟာ တိုက်ခိုက်ရေးအရှိန် မြှင့်တင်ဖို့ ရုရှားအစိုးရကို တွန်းအားပေးနိုင်ကြောင်း မာရစ်ဆန်က ပြောပါတယ်။

 

“ရုရှားဆီကနေ ပိုပြီး ကြမ်းတမ်းပြင်းထန်တဲ့တုံ့ပြန်မှုမျိုး ထွက်ပေါ်လာနိုင်ပါတယ်။ ကျွန်တော်ထင်တယ် ရုရှား အစိုးရဟာ ဒီအတိုင်းပဲ အဲဒီနေရာမှာထိုင်နေလိမ့်မယ်လို့ထင်တဲ့သူတွေက သမ္မတပူတင်ရဲ့ ရည်ရွယ်ချက်နဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ ရည်မှန်းချက်တွေကို နားမလည်နိုင်ဘူးလို့ ထင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒီကနေ့ ကမ္ဘာပေါ်မှာ လစ်ဘရယ်ဒီမိုကရေစီမူဝါဒတွေအတွက် ရပ်တည်ရမယ့်အခြေအနေမျိုးဆိုက်ရောက်လာ တဲ့အချိန်မျိုးမှာ သြစတေးလျနိုင်ငံက ဘေးထွက်နေနိုင်မှာမဟုတ်ဘူးလို့ မာရစ်ဆန်ကပြောပါတယ်။

 

Ref: Australia sending $70m to NATO for weapons for Ukraine

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 

Ref: Australia sending $70m to NATO for weapons for Ukraine

 

#PeopleMedia


Share this post