• Follow Us on
Latest News

Home မြို့သစ်မြို့၌ M-16 ၂ လက်၊ M-4 ၁ လက်အပါအဝင် လက်နက်ခဲယမ်းနှင့် လက်လုပ်မိုင်းများ သိမ်းဆည်းရမိ

မြို့သစ်မြို့၌ M-16 ၂ လက်၊ M-4 ၁ လက်အပါအဝင် လက်နက်ခဲယမ်းနှင့် လက်လုပ်မိုင်းများ သိမ်းဆည်းရမိ

Share this post

 

မကွေး၊ အောက်တိုဘာ ၁၃ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ လင်းလည်အုပ်စု၊ ခြင်ကိုက်ကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်၌ M-16 ၂ လက်၊ M-4 ၁ လက်အပါအဝင် လက်နက်ခဲယမ်း၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရသည်။

 

အဆိုပါ မြို့သစ်မြို့၊ ခြင်ကိုက်ကုန်းကျေးရွာသို့ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းအချိန်တွင် နယ်မြေခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များမှ သတင်းအရ သွားရောက်ရာ ကျေးရွာနေ နိုင်ဦးပိုင်ဆိုင်သည့် အိမ်ဝန်းအတွင်းရှိ နွားတင်း ကုတ်နှင့် ခြံဝန်းအတွင်း၌ မြေမြုပ်ထားသည့် လက်နက်ခဲယမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

 

ယင်းသို့မြေမြုပ်ထားသည့် လက်နက်များမှာ M-16 ၂ လက်၊ M-4 ၁ လက်၊ ကျည်အိမ် ၁၄ ခု၊ ၅.၅၆ မမ (M-16 ကျည်) ၈၆၄ တောင့်၊ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်မိုင်းမျိုးစုံနှင့် မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

 

အလားတူ အိမ်ပိုင်ရှင် နိုင်ဦးဆိုသူမှာ မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။

 

#PeopleMedia #မြို့သစ်မြို့

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post