• Follow Us on

Home ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ထပ်မံထုတ်ဝေ

ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ထပ်မံထုတ်ဝေ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃ (People Media)

 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သော အဓိကအကြောင်းအရာများကို ပြင်ဆင် ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေလိုက်ပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။

 

ယခုအခါ မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ငယ်ဘဝမှသည် ကျဆုံးရချိန်အထိ ဖြစ်ပျက်တွေ့ကြုံခဲ့သောအဖြစ်အပျက်များကို အသက်အပိုင်းအခြားအလိုက်၊ ခေတ်အ ပိုင်းအခြားအလိုက် ခွဲခြား၍ တာဝန်ယူကာ အဂတိကင်းစွာ သုတေသနပြုစု ရေးသားခဲ့ကြပြီး၊ ခေတ်ပြိုင် အထောက်အထား မှတ်တမ်းများကိုသာမက ခေတ်ပြိုင်ဖြစ်သော သက်ရှိထင်ရှားလည်း ရှိနေသေးသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံမေးမြန်း၍ ရရှိသော အချက်အလက်များကို ကိုးကားအသုံးပြု၍လည်း ရေးသားပြုစုခဲ့ကြပြီး၊ အခါခါ ဖြည့်စွက်၊ အခါခါပြုပြင်၍ ရေးသားပြီး ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်က ထုတ်ဝေဖြန့်ချိခဲ့ကြောင်း သိရသည်။

 

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် ယခုအခါ ဗိုလ်ချုပ်အောင်ဆန်းစာအုပ်ကို ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ်ထပ်မံ ထုတ်ဝေဖြန့်ချိလိုက်ကြောင်း အပြည့်စုံဆုံး၊ အကောင်းဆုံး ဟုမဆိုနိုင်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းနှင့်ပတ်သက်၍ကား အတော်အတန်ပြည့်စုံသော စာအုပ်ဖြစ်ပြီဟူ၍ကား ဆိုနိုင်ကြောင်း၊ ထိုမျှမက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို လေ့လာသုတေ သနပြုစုသူများ မလွဲမသွေ ဖတ်မှတ်ရမည့် စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း သိရသည်။

 

စာအုပ်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃၅)၊ ဖုန်း-၀၆၇-၄၀၈၃၈၄၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ ကုမုဒြာကြာပန်းဝိုင်းအနီး၊ ဖုန်း-၀၆၇-၄၁၈၄၂၆ နှင့် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမျိုးသားပြတိုက်ရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ ဖုန်း-၀၁-၃၉၅၁၉၀၊ ၃၉၅၁၉၂ တို့တွင် တန်ဖိုးငွေကျပ် ၁၀၀၀ဝိ/ဖြင့် ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

 

(unicode)


………………………………………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post