• Follow Us on
Latest News

Home ရုရှားက AK-203 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ် အလက် ၇၀,၀၀၀ အိန္ဒိယသို့ပေးပို့မည်

ရုရှားက AK-203 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ် အလက် ၇၀,၀၀၀ အိန္ဒိယသို့ပေးပို့မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၃ (People Media)

 

ရုရှားအစိုးရသည် လာမည့်ခြောက်လအတွင်း အိန္ဒိယနိုင်ငံအတွက် AK-203 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ် အ လက် ၇၀,၀၀၀ ပေးပို့သွားမည်ဖြစ်သည့်အပြင် အိန္ဒိယအစိုးရ၏တောင်းဆိုမှုအရ Kamov အပေါ့စားဘက်စုံသုံး တိုက်ခိုက်ရေးရဟတ်ယာဉ်များကို နောက်ဆုံးအဆင့်အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ရုရှားတပ်မတော် အရာရှိများကပြောသည်။

 

AK-203 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်သည် အိန္ဒိယတပ်မတော်၏ 5.56×45 mm ကျည်သုံး AK-47 မောင်းပြန် ရိုင်ဖယ်ကိုအစားထိုးတပ်ဆင်သွားမည့် AK-47 နောက်ဆုံးပုံစံသစ် ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်ဖြစ်သည်။

 

AK-203 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ် အလက် ၇၇၀,၀၀၀ လိုအပ်သည့် အိန္ဒိယတပ်မတော်အနေဖြင့် အလက် ၁၀၀,၀၀၀ ကို ရုရှားနိုင်ငံမှတင်သွင်းသွားရန် စီစဉ်ထားပြီး ကျန်မောင်းပြန်ရိုင်ဖယ်များကို ပြည်တွင်း၌ထုတ်လုပ် သွားရန် စီစဉ်ထားပြီးဖြစ်သည်။

 

မကြာမီပို့ဆောင်မည့် AK-203 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ် အလက် ၇၀,၀၀၀ မှာ ရုရှားနိုင်ငံမှ မှာယူမည့် အ လက် ၁၀၀,၀၀၀ ထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကလက်ရှ်နီကော့ဗ် ထုတ်လုပ်ရေး အရာရှိများကပြော သည်။ ခြေလျင်တပ်များအဆင့်မြှင့်တင်ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အိန္ဒိယနိုင်ငံသို့ AK-203 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်များပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယအစိုးရ၏တောင်းဆိုချက်များပေါ်မူတည်၍ Kamov အပေါ့စားဘက်စုံသုံး တိုက်ခိုက်ရေးရဟတ်ယာဉ်များ ကို အိန္ဒိယအခြေအနေများနှင့်ကိုက်ညီအောင် ပြန်လည်အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ရုရှား ရဟတ် ယာဉ်ထုတ်လုပ်သူများမှပြောရေးဆိုခွင့်ရှိသူ ဗာဆီလီဂရိုင်ဒင်ကပြောသည်။

 

“ရဟတ်ယာဉ်ကို ရဟတ်ယာဉ်မှူးတစ်ယောက်တည်း မောင်းလို့ရအောင် အိန္ဒိယအစိုးရရဲ့ အထူးမေတ္တာရပ်ခံ တောင်းဆိုချက်ကြောင့် နည်းပညာပိုင်းဆိုင်ရာပြောင်းလဲမှုတွေလုပ်ဆောင်ပေးသွားမှာပါ” ဟု ဗာဆီလီဂရိုင်ဒင် ကပြောသည်။

 

Ref: Russia to supply 70,000 AK-203 Assault Rifles

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

Ref: Russia to supply 70,000 AK-203 Assault Rifles

 

#PeopleMedia


Share this post