• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံတြင္ လူသန္းခ်ီအလံုပိ တ္ကန္႔သတ္မႈႏွင့္ ထပ္ႀကံဳ

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံတြင္ လူသန္းခ်ီအလံုပိ တ္ကန္႔သတ္မႈႏွင့္ ထပ္ႀကံဳ

Share this post

မနီလာ၊ ၾသဂုတ္ ၄

ဖိလစ္ပိုင္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈတရွိန္ထိုးျမင့္တက္လာၿပီးေနာက္ က်န္းမာေရးစနစ္ၿပိဳလဲ သြားႏိုင္ေၾကာင္းဆရာ၀န္မ်ားက သတိေပးၿပီးေနာက္ လူသန္းဆယ္ခ်ီ အလံုပိတ္ကန္႔သတ္မႈမ်ားႏွင့္ ျပန္လည္ၾကံဳေတြ႕ေနသည္။

၂ ပတ္ၾကာ အိမ္ထဲမွာေနရန္အမိန္႔မ်ားကို မနီလာႏွင့္လူဇြန္ကၽြန္းေပၚ႐ွိပတ္၀န္းက်င္ျပည္နယ္ ၄ ခုတြင္ ထုတ္ျပန္ထားသည္။

ဇြန္တြင္ ကမာၻ႔အတင္းၾကပ္ဆံုးအလံုပိတ္ကန္႔သတ္မႈမ်ားကို ဖိလစ္ပိုင္တြင္ ျပန္ေျဖေလွ်ာ့ခဲ့သည္။

သို႔ေသာ္ ေဆး႐ံုမ်ားတြင္ အတည္ျပဳလူနာ ၅ ဆတိုးလာသျဖင့္ ႐ုန္းကန္ေနရၿပီး လက္႐ွိတြင္ လူ ၁ သိန္း ေက်ာ္႐ွိေနသည္။

ယခုအလံုပိတ္ကန္႔သတ္မႈမ်ားအရ မျဖစ္မေနလိုအပ္သည့္ကုန္စည္မ်ား၀ယ္ရန္ႏွင့္ ေလ့က်င့္ခန္းလုပ္ရန္မွအပ အိမ္တြင္သာေနရမည့္အမိန္႔ထုတ္ျပန္ျခင္းျဖစ္သည္။

အမ်ားျပည္သူသံုးပို႔ေဆာင္ေရးလုပ္ငန္းမ်ားကို ယာယီရပ္ဆိုင္းထားၿပီး ေလယာဥ္ပ်ံသန္းမႈလည္းရပ္ဆိုင္း ထားသည့္အျပင္ စားေသာက္ဆိုင္မ်ားလည္း ပါဆယ္သာေရာင္းခ်ရမည္ျဖစ္သည္။

ဗိုင္းရပ္စ္ျပန္႔ပြားမႈအ႐ွိန္ေလွ်ာ့ရန္ ကန္႔သတ္မႈမ်ားကိုပိုတင္းၾကပ္ေပးရန္ သမၼတ႐ိုဒရီဂို ဒူတာေတးကို ေဆးဘက္ဆိုင္ရာအဖြဲ႔ ၈၀ ခန္႔က စေနေန႔တြင္ တိုက္တြန္းခဲ့ၿပီးေနာက္ ယခုအလံုပိတ္ကန္႔သတ္မႈမ်ား အသက္၀င္လာသည္။

ဖိလစ္ပိုင္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၅၀၃၂ ေယာက္႐ွိလာၿပီး အခ်ိဳ႕ေနရာမ်ားတြင္ လူနာအေရ အတြက္ျမင့္တက္ေနသျဖင့္ ေဆး႐ံုအတက္မခံခဲ့ေၾကာင္း ဖိလစ္ပိုင္မီဒီယာမ်ားတြင္ေဖာ္ျပသည္။

Ref : Coronavirus: Millions return to lockdown in Philippines

#PeopleMedia

(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် လူသန်းချီအလုံပိ တ်ကန့်သတ်မှုနှင့် ထပ်ကြုံ
……………………………………………

မနီလာ၊ ဩဂုတ် ၄

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတရှိန်ထိုးမြင့်တက်လာပြီးနောက် ကျန်းမာရေးစနစ်ပြိုလဲ သွားနိုင်ကြောင်းဆရာဝန်များက သတိပေးပြီးနောက် လူသန်းဆယ်ချီ အလုံပိတ်ကန့်သတ်မှုများနှင့် ပြန်လည်ကြုံတွေ့နေသည်။

၂ ပတ်ကြာ အိမ်ထဲမှာနေရန်အမိန့်များကို မနီလာနှင့်လူဇွန်ကျွန်းပေါ်ရှိပတ်ဝန်းကျင်ပြည်နယ် ၄ ခုတွင် ထုတ်ပြန်ထားသည်။

ဇွန်တွင် ကမ္ဘာ့အတင်းကြပ်ဆုံးအလုံပိတ်ကန့်သတ်မှုများကို ဖိလစ်ပိုင်တွင် ပြန်ဖြေလျှော့ခဲ့သည်။

သို့သော် ဆေးရုံများတွင် အတည်ပြုလူနာ ၅ ဆတိုးလာသဖြင့် ရုန်းကန်နေရပြီး လက်ရှိတွင် လူ ၁ သိန်း ကျော်ရှိနေသည်။

ယခုအလုံပိတ်ကန့်သတ်မှုများအရ မဖြစ်မနေလိုအပ်သည့်ကုန်စည်များဝယ်ရန်နှင့် လေ့ကျင့်ခန်းလုပ်ရန်မှအပ အိမ်တွင်သာနေရမည့်အမိန့်ထုတ်ပြန်ခြင်းဖြစ်သည်။

အများပြည်သူသုံးပို့ဆောင်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားပြီး လေယာဉ်ပျံသန်းမှုလည်းရပ်ဆိုင်း ထားသည့်အပြင် စားသောက်ဆိုင်များလည်း ပါဆယ်သာရောင်းချရမည်ဖြစ်သည်။

ဗိုင်းရပ်စ်ပြန့်ပွားမှုအရှိန်လျှော့ရန် ကန့်သတ်မှုများကိုပိုတင်းကြပ်ပေးရန် သမ္မတရိုဒရီဂို ဒူတာတေးကို ဆေးဘက်ဆိုင်ရာအဖွဲ့ ၈၀ ခန့်က စနေနေ့တွင် တိုက်တွန်းခဲ့ပြီးနောက် ယခုအလုံပိတ်ကန့်သတ်မှုများ အသက်ဝင်လာသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀၃၂ ယောက်ရှိလာပြီး အချို့နေရာများတွင် လူနာအရေ အတွက်မြင့်တက်နေသဖြင့် ဆေးရုံအတက်မခံခဲ့ကြောင်း ဖိလစ်ပိုင်မီဒီယာများတွင်ဖော်ပြသည်။

Ref : Coronavirus: Millions return to lockdown in Philippines

#PeopleMedia


Share this post