• Follow Us on

Home အေမရိကန္သမၼတကေတာ္ေဟာင္းမစ္႐ွဲ အိုဘားမား အေသးစား စိတ္က်ေရာဂါျဖစ္ေန

အေမရိကန္သမၼတကေတာ္ေဟာင္းမစ္႐ွဲ အိုဘားမား အေသးစား စိတ္က်ေရာဂါျဖစ္ေန

Share this post

ဝါ႐ွင္တန္ဒီစီ၊ ၾသဂုတ္ ၆

ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါ၊ လူမ်ိဳးေရးမညီမွ်ျခင္းႏွင့္ ထရမ့္အစိုးရ၏ေၾကာင္သူေတာ္ဆန္မႈတို႔ေၾကာင့္ အေသး စားစိတ္က်ေရာဂါျဖစ္ေနေၾကာင္း အေမရိကန္သမၼတကေတာ္ေဟာင္းမစ္႐ွဲ အိုဘားမားက ေျပာသည္။

စိတ္အတက္အက်ကို စီမံရာတြင္ မိမိကိုယ္ကိုသိရန္ႏွင့္ မိမိကို စိတ္ေပ်ာ္႐ႊင္ေစသည့္အရာမ်ားအေၾကာင္း သိရန္လိုေၾကာင္း မစ္႐ွဲ အိုဘားမားကေျပာသည္။

ေလ့က်င့္ခန္းႏွင့္အိပ္ခ်ိန္လုပ္႐ိုးလုပ္စဥ္မ်ားတြင္ အခက္အခဲေတြ႕ေနေၾကာင္းလည္း မစၥစ္အိုဘားမားကေျပာသည္။

သူ႔အမည္ေပးထားသည့္အင္တာနက္ေရဒီယိုအစီအစဥ္၏ဒုတိယပိုင္းအျဖစ္ အေမရိကန္သတင္းစာဆရာမမီခ်ီလီ ေနာရစ္ကို ေတြ႕ဆံုေမးျမန္းရာတြင္ မစၥစ္အိုဘားမားက မွတ္ခ်က္ျပဳခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ ထိုခံစားခ်က္မ်ားကို စီမံခန္႔ခြဲရန္ အခ်ိန္ဇယားဆြဲျခင္းက အဓိကျဖစ္ေၾကာင္းေျပာၿပီး ကမာၻ႔ကပ္ေရာဂါကာလတြင္ အခ်ိန္ဇယားအတိုင္းပံုမွန္လုပ္႐ိုးလုပ္စဥ္ကိစၥမ်ားဆက္တိုက္လုပ္ေနျခင္းက သူ႔အတြက္ပိုအေရးႀကီးလာေၾကာင္းလည္း မစၥစ္အိုဘားမားကေျပာသည္။

သူ၏အင္တာနက္ေရဒီယိုအစီအစဥ္ပထမပိုင္းတြင္ ေဒၚနယ္ ထရမ့္မတိုင္ခင္ အေမရိကန္သမၼတအျဖစ္တာ၀န္ယူခဲ့သည့္ သူ႔ခင္ပြန္းသည္ ဘားရက္ အိုဘားမားကို ေတြ႕ဆံုေမးျမန္းခဲ့သည္။

Ref : Michelle Obama: Former US first lady says she has ‘low-grade depression’

#PeopleMedia

(unicode)
အမေရိကန်သမ္မတကတော်ဟောင်းမစ်ရှဲ အိုဘားမား အသေးစား စိတ်ကျရောဂါဖြစ်နေ
……………………………………………………….

ဝါရှင်တန်ဒီစီ၊ ဩဂုတ် ၆

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ၊ လူမျိုးရေးမညီမျှခြင်းနှင့် ထရမ့်အစိုးရ၏ကြောင်သူတော်ဆန်မှုတို့ကြောင့် အသေး စားစိတ်ကျရောဂါဖြစ်နေကြောင်း အမေရိကန်သမ္မတကတော်ဟောင်းမစ်ရှဲ အိုဘားမားက ပြောသည်။

စိတ်အတက်အကျကို စီမံရာတွင် မိမိကိုယ်ကိုသိရန်နှင့် မိမိကို စိတ်ပျော်ရွှင်စေသည့်အရာများအကြောင်း သိရန်လိုကြောင်း မစ်ရှဲ အိုဘားမားကပြောသည်။

လေ့ကျင့်ခန်းနှင့်အိပ်ချိန်လုပ်ရိုးလုပ်စဉ်များတွင် အခက်အခဲတွေ့နေကြောင်းလည်း မစ္စစ်အိုဘားမားကပြောသည်။

သူ့အမည်ပေးထားသည့်အင်တာနက်ရေဒီယိုအစီအစဉ်၏ဒုတိယပိုင်းအဖြစ် အမေရိကန်သတင်းစာဆရာမမီချီလီ နောရစ်ကို တွေ့ဆုံမေးမြန်းရာတွင် မစ္စစ်အိုဘားမားက မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုခံစားချက်များကို စီမံခန့်ခွဲရန် အချိန်ဇယားဆွဲခြင်းက အဓိကဖြစ်ကြောင်းပြောပြီး ကမ္ဘာ့ကပ်ရောဂါကာလတွင် အချိန်ဇယားအတိုင်းပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စများဆက်တိုက်လုပ်နေခြင်းက သူ့အတွက်ပိုအရေးကြီးလာကြောင်းလည်း မစ္စစ်အိုဘားမားကပြောသည်။

သူ၏အင်တာနက်ရေဒီယိုအစီအစဉ်ပထမပိုင်းတွင် ဒေါ်နယ် ထရမ့်မတိုင်ခင် အမေရိကန်သမ္မတအဖြစ်တာဝန်ယူခဲ့သည့် သူ့ခင်ပွန်းသည် ဘားရက် အိုဘားမားကို တွေ့ဆုံမေးမြန်းခဲ့သည်။

Ref : Michelle Obama: Former US first lady says she has ‘low-grade depression’

#PeopleMedia


Share this post