• Follow Us on

Home ေဒၚလာ ၁ ဒသမ ၅ ဘီလီယံတန္ေၾကးရွိ ဗိုင္းရပ္စ္ကာကြယ္ေဆး ဝယ္ယူမည့္အစီအစဉ္ သမၼတ ေဒၚနယ္ ထရမ့္ ေၾကညာ

ေဒၚလာ ၁ ဒသမ ၅ ဘီလီယံတန္ေၾကးရွိ ဗိုင္းရပ္စ္ကာကြယ္ေဆး ဝယ္ယူမည့္အစီအစဉ္ သမၼတ ေဒၚနယ္ ထရမ့္ ေၾကညာ

Share this post

၂၀၂၀၊ ၾသဂုတ္ ၁၂

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ဝယ္ယူမည့္ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံတန္ေၾကး ရွိ သေဘာတူညီခ်က္တစ္ရပ္ကို အေမရိကန္ ဇီဝနည္းပညာကုမၸဏီ မိုဒန္နာႏွင့္ လက္မွတ္ေရးထိုးခဲ့ၿပီး ေမလ ေနာက္ပိုင္း ဆဌမေျမာက္ သေဘာတူညီမႈရရွိခဲ့ျခင္းဟု သမၼတ ေဒၚနယ္ထရမ့္က ျသဂုတ္လ ၁၁ ရက္တြင္ ေၾက ညာခဲ့သည္။

“ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ထုတ္လုပ္ၿပီး လႊဲအပ္ဖို႔ မိုဒန္နာကုမၸဏီနဲ႔ သေဘာ တူညီခ်က္တစ္ရပ္ရရွိေၾကာင္း ကြၽန္ေတာ္ ေၾကညာပါတယ္။ ဖက္ဒရယ္အစိုးရက ဒီဗိုင္းရပ္စ္ကာကြယ္ေဆး ေတြကို ပိုင္ဆိုင္မွာျဖစ္ပါတယ္” ဟု အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲတစ္ရပ္၌ ေဒၚနယ္ထရမ့္က ေျပာၾကားသည္။

ဗိုင္းရပ္စ္ကာကြယ္ေဆး အတည္ျပဳၿပီးၿပီးခ်င္း အလုံးေရ သန္း ၁၀၀ ထုတ္လုပ္ၿပီး ေနာက္ပိုင္း အလုံးေရ သန္း ၅၀၀ ထုတ္လုပ္မည္ျဖစ္ရာ စုစုေပါင္း အလုံးေရ သန္း ၆၀၀ အထိ ရွိလာမည္ျဖစ္ေၾကာင္း ထရမ့္က ဆိုသည္။

မိုဒန္နာကုမၸဏီက အေမရိကန္ အမ်ိဳးသားက်န္းမာေရးအဖြဲ႕ (NIH) ႏွင့္ ပူးေပါင္းေဆာင္ရြက္ကာ ကိုဗစ္-၁၉ ကာကြယ္ေဆးတစ္မ်ိဳး အဆင့္ ၃ လက္ေတြ႕စမ္းသပ္မႈမ်ား လုပ္ေဆာင္ေနၿပီး ကာကြယ္ေဆးထုတ္လုပ္မႈကို စမ္းသပ္မႈမ်ား ျပဳလုပ္ေနစဉ္ ေဆာင္ရြက္မည္ျဖစ္သည္။

mRNA-1273 ေခၚ ဗိုင္းရပ္စ္ကာကြယ္ေဆးကို မိုဒန္နာႏွင့္ NIH လက္ေအာက္ရွိ ေဒါက္တာ အန္ေထာ္နီ ေဖာ္စီ ဦးေဆာင္ေသာ ကူးစက္ေရာဂါမ်ားအင္စတီက်ဳ႕ (NIAID) က ပူးတြဲထုတ္လုပ္လ်က္ရွိသည္။

ယခုႏွစ္မကုန္မီ ကာကြယ္ေဆး၏ထိေရာက္မႈကို သုေတသီမ်ား သိရွိႏိုင္ဖြယ္မရွိေၾကာင္း ေဒါက္တာ ေဖာ္ စီက ေျပာၾကားခဲ့ေသာ္လည္း ႏိုဝင္ဘာလ ၃ ရက္ သမၼတေရြးေကာက္ပြဲမတိုင္မီ ကာကြယ္ေဆးတစ္မ်ိဳးရရွိရန္ ေမွ်ာ္လင့္ပါေၾကာင္း ထရမ့္က ဆိုသည္။

ယခု သေဘာတူညီခ်က္ေၾကာင့္ အေမရိကန္အစိုးရ၏ မိုဒန္နာကုမၸဏီထံမွ ဗိုင္းရပ္စ္ကာကြယ္ေဆး ဝယ္ ယူမႈတန္ဖိုးမွာ ေဒၚလာ ၂ ဒသမ ၄၈ ဘီလီယံအထိ ရွိလာၿပီျဖစ္သည္။

လြန္ခဲ့ေသာ ၁၀ ႏွစ္ခန္႔က တည္ေထာင္ခဲ့သည့္ မိုဒန္နာကုမၸဏီသည္ ယခင္က မည္သည့္ ကာကြယ္ေဆး မွ် မထုတ္လုပ္ခဲ့ဖူးေသာ္လည္း ကိုဗစ္-၁၉ ကာကြယ္ေဆး၏ ကနဦးရလဒ္မ်ားက အလားအလာေကာင္းမ်ား ရွိခဲ့ သည္ဟုဆိုသည္။

အေမရိကန္အစိုးရက ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး တီထြင္၊ ထုတ္လုပ္ရန္ စုစုေပါင္း ေဒၚလာ ၁၀ ဒသ မ ၉ ဘီလီယံထက္မနည္း ခြဲေဝသတ္မွတ္ခဲ့သည္။

အေမရိကန္အစိုးရက Johnson & Johnson, Novavax, Pfizer ႏွင့္ Sanofu ကုမၸဏီမ်ားမွ ဗိုင္းရပ္စ္ကာ ကြယ္ေဆး အလုံးေရ သန္း ၁၀၀ ႏွင့္ AstraZeneca ကုမၸဏီမွ အလုံးေရ သန္း ၃၀၀ မွာယူခဲ့ၿပီးျဖစ္သည္။

ကိုးကား ။ ။ ေအအက္ပီ

Ref; Trump announces sixth vaccine contract, for 100 mn doses

#PeopleMedia

(unicode)
ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ကြေးရှိ ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူမည့်အစီအစဉ် သမ္မတ ဒေါ်နယ် ထရမ့် ကြေညာ
……………………………………………………

၂၀၂၀၊ ဩဂုတ် ၁၂

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ဝယ်ယူမည့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ကြေး ရှိ သဘောတူညီချက်တစ်ရပ်ကို အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ မိုဒန်နာနှင့် လက်မှတ်ရေးထိုးခဲ့ပြီး မေလ နောက်ပိုင်း ဆဌမမြောက် သဘောတူညီမှုရရှိခဲ့ခြင်းဟု သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ်လ ၁၁ ရက်တွင် ကြေ ညာခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ထုတ်လုပ်ပြီး လွှဲအပ်ဖို့ မိုဒန်နာကုမ္ပဏီနဲ့ သဘော တူညီချက်တစ်ရပ်ရရှိကြောင်း ကျွန်တော် ကြေညာပါတယ်။ ဖက်ဒရယ်အစိုးရက ဒီဗိုင်းရပ်စ်ကာကွယ်ဆေး တွေကို ပိုင်ဆိုင်မှာဖြစ်ပါတယ်” ဟု အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဒေါ်နယ်ထရမ့်က ပြောကြားသည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး အတည်ပြုပြီးပြီးချင်း အလုံးရေ သန်း ၁၀၀ ထုတ်လုပ်ပြီး နောက်ပိုင်း အလုံးရေ သန်း ၅၀၀ ထုတ်လုပ်မည်ဖြစ်ရာ စုစုပေါင်း အလုံးရေ သန်း ၆၀၀ အထိ ရှိလာမည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။

မိုဒန်နာကုမ္ပဏီက အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့ (NIH) နှင့် ပူးပေါင်းဆောင်ရွက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး အဆင့် ၃ လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေပြီး ကာကွယ်ဆေးထုတ်လုပ်မှုကို စမ်းသပ်မှုများ ပြုလုပ်နေစဉ် ဆောင်ရွက်မည်ဖြစ်သည်။

mRNA-1273 ခေါ် ဗိုင်းရပ်စ်ကာကွယ်ဆေးကို မိုဒန်နာနှင့် NIH လက်အောက်ရှိ ဒေါက်တာ အန်ထော်နီ ဖော်စီ ဦးဆောင်သော ကူးစက်ရောဂါများအင်စတီကျု့ (NIAID) က ပူးတွဲထုတ်လုပ်လျက်ရှိသည်။

ယခုနှစ်မကုန်မီ ကာကွယ်ဆေး၏ထိရောက်မှုကို သုတေသီများ သိရှိနိုင်ဖွယ်မရှိကြောင်း ဒေါက်တာ ဖော် စီက ပြောကြားခဲ့သော်လည်း နိုဝင်ဘာလ ၃ ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ ကာကွယ်ဆေးတစ်မျိုးရရှိရန် မျှော်လင့်ပါကြောင်း ထရမ့်က ဆိုသည်။

ယခု သဘောတူညီချက်ကြောင့် အမေရိကန်အစိုးရ၏ မိုဒန်နာကုမ္ပဏီထံမှ ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ် ယူမှုတန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၄၈ ဘီလီယံအထိ ရှိလာပြီဖြစ်သည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်က တည်ထောင်ခဲ့သည့် မိုဒန်နာကုမ္ပဏီသည် ယခင်က မည်သည့် ကာကွယ်ဆေး မျှ မထုတ်လုပ်ခဲ့ဖူးသော်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး၏ ကနဦးရလဒ်များက အလားအလာကောင်းများ ရှိခဲ့ သည်ဟုဆိုသည်။

အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တီထွင်၊ ထုတ်လုပ်ရန် စုစုပေါင်း ဒေါ်လာ ၁၀ ဒသ မ ၉ ဘီလီယံထက်မနည်း ခွဲဝေသတ်မှတ်ခဲ့သည်။

အမေရိကန်အစိုးရက Johnson & Johnson, Novavax, Pfizer နှင့် Sanofu ကုမ္ပဏီများမှ ဗိုင်းရပ်စ်ကာ ကွယ်ဆေး အလုံးရေ သန်း ၁၀၀ နှင့် AstraZeneca ကုမ္ပဏီမှ အလုံးရေ သန်း ၃၀၀ မှာယူခဲ့ပြီးဖြစ်သည်။

ကိုးကား ။ ။ အေအက်ပီ

Ref; Trump announces sixth vaccine contract, for 100 mn doses

#PeopleMedia


Share this post