• Follow Us on
Latest News

Home NLD ပါတီသည္ ကယားျပည္နယ္ရွိ မဲဆႏၵနယ္ေျမမ်ားကုိ ၂၀၁၅ နည္းတူ အျပတ္အသတ္အႏုိင္ရရွိရန္ မျဖစ္ႏုိင္ေၾကာင္း ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ အတြင္းေရးမွဴးေျပာဆုိ

NLD ပါတီသည္ ကယားျပည္နယ္ရွိ မဲဆႏၵနယ္ေျမမ်ားကုိ ၂၀၁၅ နည္းတူ အျပတ္အသတ္အႏုိင္ရရွိရန္ မျဖစ္ႏုိင္ေၾကာင္း ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ အတြင္းေရးမွဴးေျပာဆုိ

Share this post

၂၀၁၅ ေရြးေကာက္ပြဲ၌ NLD ပါတီသည္ ကယားျပည္နယ္၌ ေသာင္ၿပိဳကမ္းၿပိဳ အႏုိင္ရရွိခဲ့သည္။
 
ထုိ႔ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲ၌ ကယားျပည္နယ္ရွိ မဲဆႏၵနယ္ေျမမ်ားကုိ NLD ပါတီ ေအာင္ႏုိင္မႈျဖစ္ႏုိင္ေခ်မ်ားႏွင့္ ပတ္သက္၍ People Media က ကယားျပည္နယ္အေျခစုိက္ အင္အားႀကီးပါတီျဖစ္သည့္ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ၏ အေထြေထြအတြင္းေရးမွဴး ဦးခူးသဲရယ္ကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။
 
ဦးခူးသဲရယ္(ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ၊ အေထြေထြအတြင္းေရးမွဴး)
 
“၂၀၁၅ ခုႏွစ္ ပံုစံအတိုင္းမ်ဳိးေတာ့ သူတို႔အျပတ္အသတ္ႏိုင္ဖို႔မရွိဘူး။ ေလာေလာဆယ္ေတာ့ အဲဒီလို ကၽြန္ေတာ္ သံုးသပ္မိ တာေပါ့ေလ။ တခ်ဳိ႕ေနရာေတြမွာ ႏိုင္ႏိုင္တယ္ဆိုေပမယ့္လည္း လက္ရွိက ၅၀ အထက္ႏိုင္ဖို႔ဆိုတာ မလြယ္တဲ့ အျဖစ္မ်ဳိး ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ပါတီရဲ႕ရလဒ္ကေတာ့ ၇၀ နဲ႔အထက္ႏိုင္မလားေပါ့။ အဲဒီလိုေတာ့ ခန္႔မွန္းရတာေပါ့။ အားလံုး ၁၀၀ ရာခိုင္ႏႈန္းဆိုတာေတာ့ မလြယ္ေလာက္ဘူး။ သို႔ေပမယ့္ ကၽြန္ေတာ္တို႔ကေတာ့ ၇၅ ရာခိုင္ႏႈန္းအထက္ေတာ့ ရႏိုင္တဲ့အေနအထားမ်ဳိးရွိမလားေပါ့။ လက္ရွိကၽြန္ေတာ္တို႔ ခိုင္လံုမဲအရ၊ လူထုရဲ႕ေထာက္ခံမႈအရေပါ့ေနာ္၊ အဲဒီလိုေတာ့ ခန္႔မွန္းရပါတယ္။ ဒီထက္ပိုလည္း ပိုႏိုင္သလို၊ ဒီထက္နည္းရင္လည္း နည္းသြားႏိုင္ပါတယ္။ ဒါေတာ့ ဒီလိုျဖစ္ေနရ မယ္ဆိုတာမ်ဳိးေတာ့ ကၽြန္ေတာ္တို႔အာမေတာ့မခံႏိုင္ဘူးေပါ့ေနာ္။ ဒါကၽြန္ေတာ္တို႔ ခန္႔မွန္းခ်က္ေပါ့။ ေရြးေကာက္ပြဲအေန အထားအရ လက္ရွိ UEC ေဆာင္ရြက္သြားတဲ့ အေနအထားအရဆိုရင္ တခ်ဳိ႕ေနရာေတြမွာက နည္းနည္းလြဲေခ်ာ္မႈေတြရွိတယ္၊ မသမာမႈေတြရွိလာႏိုင္တယ္လို႔ ကၽြန္ေတာ္တို႔ယူဆတယ္။ တကယ္လို႔မွ်မွ်တတနဲ႔ တကယ္သမာသမတ္က်တဲ့ ေရြးေကာက္ပြဲျဖစ္ မယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔တိုင္းရင္းသားေတြကေတာ့ ႏိုင္ဖို႔မ်ားတာေပါ့။ ဒါေပမဲ့ လက္ရွိကအာဏာရပါတီအေနနဲ႔က UEC ကို ဘယ္ေလာက္ထိ လႊမ္းမိုးထားလည္းဆိုတာကေတာ့ ကၽြန္ေတာ္တုိ႔မသိႏိုင္ဘူး။ တခ်ဳိ႕ေနရာေတြမွာကေတာ့ UEC မွာပါ၀င္တဲ့ အဖြဲ႕၀င္တခ်ဳိ႕ဆိုရင္ သူတို႔ပါတီရဲ႕အမာခံေတြျဖစ္ခဲ့ဖူးတယ္။ အဲဒီလိုပုဂၢိဳလ္ေတြရွိလာတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔လည္း နည္းနည္းသံသယျဖစ္တာေပါ့။ အဲဒါေၾကာင့္ မွ်မွ်တတျဖစ္မယ့္ သမာသမတ္က်တဲ့ေရြးေကာက္ပြဲျဖစ္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ တိုင္းရင္းသားပါတီေတြလည္း ႏိုင္ႏိုင္တဲ့အေနအထားမ်ဳိးလည္းရွိတယ္လို႔ ယူဆရတာေပါ့။ သမာသမတ္က်တဲ့ေရြးေကာက္ပြဲ ျဖစ္ဖို႔အတြက္ UEC မွာ အဓိကတာ၀န္ရွိတယ္။ ဒါကို တာ၀န္မယူႏိုင္ဘူး၊ တခ်ဳိ႕ေနရာေတြမွာ ဖိအားေပးမႈေတြရွိတယ္ဆိုရင္လည္း သူ႔ကိုဖိအားေပးတဲ့ပုဂၢိဳလ္ေတြ၊ ဖိအားေပးတဲ့အစုအဖြဲ႕ေတြကဘာလဲဆိုတာ ပြင့္ပြင့္လင္းလင္းေျပာဖို႔လိုတာေပါ့ေနာ္။ သူ႔တို႔ကို လႊမ္းမိုးတဲ့အဖြဲ႕အစည္းေတြ အနီးစပ္ဆံုးေျပာရရင္ လက္ရွိအစိုးရက သူတို႔ကိုလႊမ္းမိုးထားသလားဆိုတာကေတာ့ ႏိုင္ငံေရးပါတီ ေတြအားလံုးေရာ ျပည္သူလူထုကိုေရာခ်ျပဖို႔လိုတာေပါ့။ တကယ္လို႔ အဲဒီလိုမခ်ျပဘူးဆိုရင္ေတာ့ UEC မွာ တာ၀န္အႀကီး ဆံုးျဖစ္သြားလိမ့္မယ္။ ျဖစ္လာတဲ့ျပႆနာမွန္သမွ် သူတို႔ေခါင္းခံရလိမ့္မယ္“ ဦးခူးသဲရယ္(ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ၊ အေထြေထြအတြင္းေရးမွဴး)
 
#PeopleMedia #ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ #2020election #Political
 
(unicode)
NLD ပါတီသည် ကယားပြည်နယ်ရှိ မဲဆန္ဒနယ်မြေများကို ၂၀၁၅ နည်းတူ အပြတ်အသတ်အနိုင်ရရှိရန် မဖြစ်နိုင်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးပြောဆို
…………………………………………………………
 
၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီသည် ကယားပြည်နယ်၌ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။
 
ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ၌ ကယားပြည်နယ်ရှိ မဲဆန္ဒနယ်မြေများကို NLD ပါတီ အောင်နိုင်မှုဖြစ်နိုင်ချေများနှင့် ပတ်သက်၍ People Media က ကယားပြည်နယ်အခြေစိုက် အင်အားကြီးပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးခူးသဲရယ်ကို ဆက်သွယ်မေးမြန်းခဲ့သည်။
 
ဦးခူးသဲရယ်(ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အထွေထွေအတွင်းရေးမှူး)
 
“၂၀၁၅ ခုနှစ် ပုံစံအတိုင်းမျိုးတော့ သူတို့အပြတ်အသတ်နိုင်ဖို့မရှိဘူး။ လောလောဆယ်တော့ အဲဒီလို ကျွန်တော် သုံးသပ်မိ တာပေါ့လေ။ တချို့နေရာတွေမှာ နိုင်နိုင်တယ်ဆိုပေမယ့်လည်း လက်ရှိက ၅၀ အထက်နိုင်ဖို့ဆိုတာ မလွယ်တဲ့ အဖြစ်မျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ရလဒ်ကတော့ ၇၀ နဲ့အထက်နိုင်မလားပေါ့။ အဲဒီလိုတော့ ခန့်မှန်းရတာပေါ့။ အားလုံး ၁၀၀ ရာခိုင်နှုန်းဆိုတာတော့ မလွယ်လောက်ဘူး။ သို့ပေမယ့် ကျွန်တော်တို့ကတော့ ၇၅ ရာခိုင်နှုန်းအထက်တော့ ရနိုင်တဲ့အနေအထားမျိုးရှိမလားပေါ့။ လက်ရှိကျွန်တော်တို့ ခိုင်လုံမဲအရ၊ လူထုရဲ့ထောက်ခံမှုအရပေါ့နော်၊ အဲဒီလိုတော့ ခန့်မှန်းရပါတယ်။ ဒီထက်ပိုလည်း ပိုနိုင်သလို၊ ဒီထက်နည်းရင်လည်း နည်းသွားနိုင်ပါတယ်။ ဒါတော့ ဒီလိုဖြစ်နေရ မယ်ဆိုတာမျိုးတော့ ကျွန်တော်တို့အာမတော့မခံနိုင်ဘူးပေါ့နော်။ ဒါကျွန်တော်တို့ ခန့်မှန်းချက်ပေါ့။ ရွေးကောက်ပွဲအနေ အထားအရ လက်ရှိ UEC ဆောင်ရွက်သွားတဲ့ အနေအထားအရဆိုရင် တချို့နေရာတွေမှာက နည်းနည်းလွဲချော်မှုတွေရှိတယ်၊ မသမာမှုတွေရှိလာနိုင်တယ်လို့ ကျွန်တော်တို့ယူဆတယ်။ တကယ်လို့မျှမျှတတနဲ့ တကယ်သမာသမတ်ကျတဲ့ ရွေးကောက်ပွဲဖြစ် မယ်ဆိုရင်တော့ ကျွန်တော်တို့တိုင်းရင်းသားတွေကတော့ နိုင်ဖို့များတာပေါ့။ ဒါပေမဲ့ လက်ရှိကအာဏာရပါတီအနေနဲ့က UEC ကို ဘယ်လောက်ထိ လွှမ်းမိုးထားလည်းဆိုတာကတော့ ကျွန်တော်တို့မသိနိုင်ဘူး။ တချို့နေရာတွေမှာကတော့ UEC မှာပါဝင်တဲ့ အဖွဲ့ဝင်တချို့ဆိုရင် သူတို့ပါတီရဲ့အမာခံတွေဖြစ်ခဲ့ဖူးတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေရှိလာတဲ့အခါကျတော့ ကျွန်တော်တို့လည်း နည်းနည်းသံသယဖြစ်တာပေါ့။ အဲဒါကြောင့် မျှမျှတတဖြစ်မယ့် သမာသမတ်ကျတဲ့ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေလည်း နိုင်နိုင်တဲ့အနေအထားမျိုးလည်းရှိတယ်လို့ ယူဆရတာပေါ့။ သမာသမတ်ကျတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် UEC မှာ အဓိကတာဝန်ရှိတယ်။ ဒါကို တာဝန်မယူနိုင်ဘူး၊ တချို့နေရာတွေမှာ ဖိအားပေးမှုတွေရှိတယ်ဆိုရင်လည်း သူ့ကိုဖိအားပေးတဲ့ပုဂ္ဂိုလ်တွေ၊ ဖိအားပေးတဲ့အစုအဖွဲ့တွေကဘာလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောဖို့လိုတာပေါ့နော်။ သူ့တို့ကို လွှမ်းမိုးတဲ့အဖွဲ့အစည်းတွေ အနီးစပ်ဆုံးပြောရရင် လက်ရှိအစိုးရက သူတို့ကိုလွှမ်းမိုးထားသလားဆိုတာကတော့ နိုင်ငံရေးပါတီ တွေအားလုံးရော ပြည်သူလူထုကိုရောချပြဖို့လိုတာပေါ့။ တကယ်လို့ အဲဒီလိုမချပြဘူးဆိုရင်တော့ UEC မှာ တာဝန်အကြီး ဆုံးဖြစ်သွားလိမ့်မယ်။ ဖြစ်လာတဲ့ပြဿနာမှန်သမျှ သူတို့ခေါင်းခံရလိမ့်မယ်“ ဦးခူးသဲရယ်(ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အထွေထွေအတွင်းရေးမှူး)
 
#PeopleMedia #ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ #2020election #Political

Share this post