• Follow Us on

Home ငဖဲၿမိဳ႕ အနိုင္ရ NLD ကိုယ္စားလွယ္တစ္ဦး၏ေမာ္ေတာ္ယာဥ္ ႏွင့္ဆိုင္ကယ္ႏွင့္ ခ်ိတ္ရာ ဆိုင္ကယ္ယာဥ္ေမာင္းေသဆုံး

ငဖဲၿမိဳ႕ အနိုင္ရ NLD ကိုယ္စားလွယ္တစ္ဦး၏ေမာ္ေတာ္ယာဥ္ ႏွင့္ဆိုင္ကယ္ႏွင့္ ခ်ိတ္ရာ ဆိုင္ကယ္ယာဥ္ေမာင္းေသဆုံး

Share this post

မင္းလွ၊နိုဝင္ဘာ-၁၆ (people media)

မေကြးတိုင္းေဒသႀကီး၊ငဖဲၿမိဳ႕နယ္ေခ်ာင္းျဖဴေက်းရြာ
ရြာလယ္လမ္းေကြ႕၌ ငဖဲၿမိဳ႕နယ္ အနိုင္ရ NLD ကိုယ္
စားလွယ္၏ကားႏွင့္ဆိုင္ကယ္ ခ်ိတ္မိရာ ဆိုင္ကယ္ယာဥ္ေမာင္းတစ္ဦး
ေသဆုံးမႈျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာနိုဝင္ဘာလ၁၀ရက္ေန႔လည္ပိုင္းကကိုယ္စားလွယ္ဦးစန္းၾကဴေမာင္းႏွင္လာသည့္ေမာ္ေတာ္ယာဥ္ႏွင့္အရပ္သားဦးတင္ေမာင္ဝင္းေမာင္းႏွင္လာေသာဆိုင္ကယ္သည္ ငဖဲၿမိဳ႕ေခ်ာင္းျဖဴေက်းရြာ ရြာလယ္လမ္းဆုံတြင္ ခ်ိတ္တိုက္မိခဲ့ျခင္းျဖစ္သည္။အဆိုပါ ဒဏ္ရာေၾကာင့္ ဆိုင္ကယ္ေမာင္းသူသည္ နိုဝင္ဘာ (၁၅)ရက္ေန႔၌ ေသဆုံးခဲ့သည္။

အခင္းျဖစ္ခ်ိန္၌ ဦးတင္ေမာင္ဝင္းတြင္ ဝဲဘက္ပါးပြန္းျခစ္ဒဏ္ရာကလြဲ၍ ျပင္ပျပင္းထန္ဒဏ္ရာမရသျဖင့္ေဆးကုသမႈမခံယူဘဲေနခဲ့ေၾကာင္း၊နိုဝင္ဘာလ ၁၅ရက္နံနက္ ၁၀ နာရီအခ်ိန္ေဆး႐ုံသို႔သြားရာလမ္းခရီး၌ပင္ေသဆုံးခဲ့ေၾကာင္း
အာဏာပိုင္အခ်ိဳ႕က ေျပာသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီးဦးစန္းၾကဴႏွင့္ဦးတင္ေမာင္ဝင္းကိုအေရးယူေပးရန္ ဒုရဲအုပ္ ေက်ာ္သက္မွ တရားလို/အမႈစစ္မွတိုင္တန္းလာျခင္းေၾကာင့္ငဖဲၿမိဳ႕မရဲစခန္းကယာဥ္(ပ)၄/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က ျဖင့္
အမႈေရးဖြင့္ထားသည္။

#PeopleMedia #ငဖဲၿမိဳ႕

(unicode)
ငဖဲမြို့ အနိုင်ရ NLD ကိုယ်စားလှယ်တစ်ဦး၏မော်တော်ယာဥ် နှင့်ဆိုင်ကယ်နှင့် ချိတ်ရာ ဆိုင်ကယ်ယာဥ်မောင်းသေဆုံး ……………………………..
မင်းလှ၊နိုဝင်ဘာ-၁၆ (people media) မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်ချောင်းဖြူကျေးရွာ ရွာလယ်လမ်းကွေ့၌ ငဖဲမြို့နယ် အနိုင်ရ NLD ကိုယ် စားလှယ်၏ကားနှင့်ဆိုင်ကယ် ချိတ်မိရာ ဆိုင်ကယ်ယာဉ်မောင်းတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဥ်မှာနိုဝင်ဘာလ၁၀ရက်နေ့လည်ပိုင်းကကိုယ်စားလှယ်ဦးစန်းကြူမောင်းနှင်လာသည့်မော်တော်ယာဥ်နှင့်အရပ်သားဦးတင်မောင်ဝင်းမောင်းနှင်လာသောဆိုင်ကယ်သည် ငဖဲမြို့ချောင်းဖြူကျေးရွာ ရွာလယ်လမ်းဆုံတွင် ချိတ်တိုက်မိခဲ့ခြင်းဖြစ်သည်။အဆိုပါ ဒဏ်ရာကြောင့် ဆိုင်ကယ်မောင်းသူသည် နိုဝင်ဘာ (၁၅)ရက်နေ့၌ သေဆုံးခဲ့သည်။ အခင်းဖြစ်ချိန်၌ ဦးတင်မောင်ဝင်းတွင် ဝဲဘက်ပါးပွန်းခြစ်ဒဏ်ရာကလွဲ၍ ပြင်ပပြင်းထန်ဒဏ်ရာမရသဖြင့်ဆေးကုသမှုမခံယူဘဲနေခဲ့ကြောင်း၊နိုဝင်ဘာလ ၁၅ရက်နံနက် ၁၀ နာရီအချိန်ဆေးရုံသို့သွားရာလမ်းခရီး၌ပင်သေဆုံးခဲ့ကြောင်း အာဏာပိုင်အချို့က ပြောသည်။ ဖြစ်စဥ်နှင့်ပတ်သက်ပြီးဦးစန်းကြူနှင့်ဦးတင်မောင်ဝင်းကိုအရေးယူပေးရန် ဒုရဲအုပ် ကျော်သက်မှ တရားလို/အမှုစစ်မှတိုင်တန်းလာခြင်းကြောင့်ငဖဲမြို့မရဲစခန်းကယာဥ်(ပ)၄/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုရေးဖွင့်ထားသည်။
#PeopleMedia #ငဖဲမြို့


Share this post