• Follow Us on
Latest News

Home အာဖဂန္နစၥတန္တြင္စစ္ရာဇ၀တ္မႈက်ဴးလြန္သည့္ ၾသစေၾတးလ်စစ္သားမ်ားကို တပ္ဖြဲ႕၀င္အျဖစ္မွ ထုတ္ ပယ္မည္

အာဖဂန္နစၥတန္တြင္စစ္ရာဇ၀တ္မႈက်ဴးလြန္သည့္ ၾသစေၾတးလ်စစ္သားမ်ားကို တပ္ဖြဲ႕၀င္အျဖစ္မွ ထုတ္ ပယ္မည္

Share this post

ကန္ဘာရာ၊ ႏို၀င္ဘာ ၂၇
ၿပီးခဲ့သည့္တပတ္တြင္ အာဖဂန္နစၥတန္ႏိုင္ငံမွအရပ္သားႏွင့္ အက်ဥ္းသား ၃၉ ေယာက္ကိုသတ္ျဖတ္ခဲ့ေၾကာင္း အစီရင္ခံစာထြက္ေပၚလာၿပီးေနာက္ပိုင္း အထူးတပ္ဖြဲ႔၀င္ ၁၃ ေယာက္ကို တပ္ဖြဲ႔၀င္အျဖစ္မွထုတ္ပယ္ရန္ ၾသစေၾတးလ်ကာကြယ္ေရးတပ္ဖြဲ႔မ်ားထံ အသိေပးစာမ်ားထုတ္ျပန္ခဲ့သည္။
ထိုသူမ်ားသည္ သတ္ျဖတ္မႈမ်ားတြင္ပါ၀င္ခဲ့ေၾကာင္း သို႔ မ်က္ျမင္ေတြ႕ခဲ့ေၾကာင္း၊ သက္ေသထြက္ဆိုရာတြင္ မ႐ိုးေျဖာင့္ခဲ့ေၾကာင္း သံသယ႐ွိေနသည္။
သူတို႔သည္ လူသတ္မႈမ်ားအတြက္ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္သည္ အမွတ္ ၁၉ အထူးေလတပ္တပ္ဖြဲ႔၀င္မ်ားႏွင့္ သီးျခားျဖစ္သည္။
ၾသစေၾတးလ်၀န္ႀကီးခ်ဳပ္ႏွင့္ ထိပ္တန္းတပ္မွဴးႀကီးတို႔က သူတို႔၏လုပ္ရပ္မ်ားအတြက္ ေတာင္းပန္ထားသည္။
ထိုလူသတ္မႈမ်ားသည္ ခြင့္မလႊတ္ႏိုင္သည့္လုပ္ရပ္မ်ားေၾကာင္း အာဖဂန္နစၥတန္ကေျပာေသာ္လည္း ၿပီးခဲ့သည့္ တပတ္ကအစီရင္ခံစာသည္ တရားမွ်တေရးအတြက္ ေျခလွမ္းတရပ္ဟုႀကိဳဆိုခဲ့သည္။
ေနာက္ထပ္စစ္သား ၂ ေယာက္ကိုလည္း တပ္ဖြဲ႔၀င္အျဖစ္မွထုတ္ပယ္ခဲ့ၿပီး သူတို႔သည္ အာဖဂန္အမ်ိဳးသား တေယာက္ လယ္ကြင္းထဲတြင္သတ္ခံရသည့္ျဖစ္ရပ္၏မ်က္ျမင္သက္ေသမ်ားျဖစ္ေၾကာင္း ၾသစေၾတးလ်မီဒီ ယာမ်ားကေဖာ္ျပသည္။
သတ္ျဖတ္ခဲ့သည့္ျဖစ္ရပ္မ်ားသည္ ၂၀၀၉ ခုႏွစ္ႏွင့္ ၂၀၁၃ ခုႏွစ္တို႔ၾကားတြင္ျဖစ္ခဲ့သည္။
Ref : Australian ‘war crimes’: Troops to be fired over Afghan killings
#PeopleMedia
(unicode)
အာဖဂန်နစ္စတန်တွင်စစ်ရာဇဝတ်မှုကျူးလွန်သည့် သြစတြေးလျစစ်သားများကို တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ် ပယ်မည်
………………………………………………………………………
ကန်ဘာရာ၊ နိုဝင်ဘာ ၂၇
ပြီးခဲ့သည့်တပတ်တွင် အာဖဂန်နစ္စတန်နိုင်ငံမှအရပ်သားနှင့် အကျဉ်းသား ၃၉ ယောက်ကိုသတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာထွက်ပေါ်လာပြီးနောက်ပိုင်း အထူးတပ်ဖွဲ့ဝင် ၁၃ ယောက်ကို တပ်ဖွဲ့ဝင်အဖြစ်မှထုတ်ပယ်ရန် သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့များထံ အသိပေးစာများထုတ်ပြန်ခဲ့သည်။
ထိုသူများသည် သတ်ဖြတ်မှုများတွင်ပါဝင်ခဲ့ကြောင်း သို့ မျက်မြင်တွေ့ခဲ့ကြောင်း၊ သက်သေထွက်ဆိုရာတွင် မရိုးဖြောင့်ခဲ့ကြောင်း သံသယရှိနေသည်။
သူတို့သည် လူသတ်မှုများအတွက်ပြစ်ဒဏ်ချမှတ်ခံရနိုင်သည် အမှတ် ၁၉ အထူးလေတပ်တပ်ဖွဲ့ဝင်များနှင့် သီးခြားဖြစ်သည်။
သြစတြေးလျဝန်ကြီးချုပ်နှင့် ထိပ်တန်းတပ်မှူးကြီးတို့က သူတို့၏လုပ်ရပ်များအတွက် တောင်းပန်ထားသည်။
ထိုလူသတ်မှုများသည် ခွင့်မလွှတ်နိုင်သည့်လုပ်ရပ်များကြောင်း အာဖဂန်နစ္စတန်ကပြောသော်လည်း ပြီးခဲ့သည့် တပတ်ကအစီရင်ခံစာသည် တရားမျှတရေးအတွက် ခြေလှမ်းတရပ်ဟုကြိုဆိုခဲ့သည်။
နောက်ထပ်စစ်သား ၂ ယောက်ကိုလည်း တပ်ဖွဲ့ဝင်အဖြစ်မှထုတ်ပယ်ခဲ့ပြီး သူတို့သည် အာဖဂန်အမျိုးသား တယောက် လယ်ကွင်းထဲတွင်သတ်ခံရသည့်ဖြစ်ရပ်၏မျက်မြင်သက်သေများဖြစ်ကြောင်း သြစတြေးလျမီဒီ ယာများကဖော်ပြသည်။
သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်များသည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့ကြားတွင်ဖြစ်ခဲ့သည်။
Ref : Australian ‘war crimes’: Troops to be fired over Afghan killings

Share this post