• Follow Us on

Home အိႏၵိယနိုင္ငံအေနာက္ပိုင္းရွိ ေဆး႐ုံတစ္ခု၌ မီးေလာင္မႈျဖစ္ပြားရာ ကိုဗစ္လူနာငါးဦး ေသဆုံး

အိႏၵိယနိုင္ငံအေနာက္ပိုင္းရွိ ေဆး႐ုံတစ္ခု၌ မီးေလာင္မႈျဖစ္ပြားရာ ကိုဗစ္လူနာငါးဦး ေသဆုံး

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၂၇
အိႏၵိယနိုင္ငံ၊ ဂူဂ်ာရတ္ျပည္နယ္ ရာဂ်္ေကာ့ၿမိဳ႕ရွိ ကိုဗစ္-၁၉ ေရာဂါ ကုသေရးေဆး႐ုံတစ္ခု၏ အထူးကုသ ေဆာင္တစ္ခု၌ ယေန႔နံနက္အေစာပိုင္းက မီးေလာင္မႈတစ္ခု ျဖစ္ပြားခဲ့ရာ ကိုရိုနာဗိုင္းရပ္စ္လူနာ ငါးဦးထက္မနည္း ေသဆုံးခဲ့သည္။
ေဆး႐ုံ၌ ကုသမႈခံယူေနသည့္ အျခား ကိုရိုနာဗိုင္းရပ္စ္လူနာ ၃၀ ဦးကို ကယ္တင္နိုင္ခဲ့သည္။ လူနာ ၃၃ ဦး ေဆး႐ုံတင္ထားရာ ရာဂ်္ေကာ့ၿမိဳ႕၊ မာဒီအရပ္ရွိ အူေဒးရွီဗာနန္ေဆး႐ုံ၏ အထူးကုသေဆာင္၌ ယေန႔နံနက္ ၁ နာရီ ဝန္းက်င္၌ မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
လူနာခုႏွစ္ဦးကို အထူးကုသေဆာင္၌ ကုသေပးခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူ ေဂ်ဘီသီဗာက ေျပာသည္။ “မီးေလာင္တဲ့အေၾကာင္း ဖုန္းဆက္ဆက္ခ်င္း ကၽြန္ေတာ္တို႔ ေဆး႐ုံကို ခ်က္ခ်င္းသြားေရာက္ၿပီး လူနာ ၃၀ ကို ကယ္တင္ခဲ့ပါတယ္” ဟု ေဂ်ဘီက ေျပာသည္။
မီးေလာင္မႈကို ထိန္းခ်ဳပ္နိုင္ၿပီျဖစ္ၿပီး မီးေလာင္ရေသာအေၾကာင္းရင္းကို မေဖာ္ထုတ္နိုင္ေသးေၾကာင္း၊ ကယ္တင္ခဲ့ေသာ လူနာမ်ားကို အျခားကိုဗစ္-၁၉ ေဆး႐ုံမ်ားသို႔ ေရႊ႕ေျပာင္းေပးခဲ့ေၾကာင္း ၄င္းက ဆိုသည္။
မီးေလာင္မႈႏွင့္ပတ္သက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဗီေဂ်း႐ူပါနီထံ သတင္းပို႔ခဲ့ရာ စုံစမ္းစစ္ေဆးမႈတစ္ရပ္ လုပ္ေဆာင္ရန္ ညႊန္ၾကားခဲ့ေၾကာင္း ခရိုင္အုပ္ခ်ဳပ္ေရးမႉး အဒစ္ယာအဂါဝယ္က ေျပာသည္။
ၾသဂုတ္လအတြင္းကလည္း ဂူဂ်ာရတ္ျပည္နယ္၏ၿမိဳ႕ေတာ္ အာမက္ဒါဘတ္ၿမိဳ႕ရွိ ေဆး႐ုံတစ္ခု၌ မီး ေလာင္မႈတစ္ခု ျဖစ္ပြားခဲ့ရာ ကိုဗစ္လူနာရွစ္ဦး ေသဆုံးခဲ့သည္။
ကိုးကား – ဟိႏၵဴစတန္တိုင္းမ္
Ref; Five COVID-19 patients killed as fire breaks out at Rajkot hospital
#PeopleMedia
(unicode)
အိန္ဒိယနိုင်ငံအနောက်ပိုင်းရှိ ဆေးရုံတစ်ခု၌ မီးလောင်မှုဖြစ်ပွားရာ ကိုဗစ်လူနာငါးဦး သေဆုံး
…………………………………………………………….
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၇
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ရာဂျ်ကော့မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးဆေးရုံတစ်ခု၏ အထူးကုသ ဆောင်တစ်ခု၌ ယနေ့နံနက်အစောပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်လူနာ ငါးဦးထက်မနည်း သေဆုံးခဲ့သည်။
ဆေးရုံ၌ ကုသမှုခံယူနေသည့် အခြား ကိုရိုနာဗိုင်းရပ်စ်လူနာ ၃၀ ဦးကို ကယ်တင်နိုင်ခဲ့သည်။ လူနာ ၃၃ ဦး ဆေးရုံတင်ထားရာ ရာဂျ်ကော့မြို့၊ မာဒီအရပ်ရှိ အူဒေးရှီဗာနန်ဆေးရုံ၏ အထူးကုသဆောင်၌ ယနေ့နံနက် ၁ နာရီ ဝန်းကျင်၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လူနာခုနှစ်ဦးကို အထူးကုသဆောင်၌ ကုသပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ ဂျေဘီသီဗာက ပြောသည်။ “မီးလောင်တဲ့အကြောင်း ဖုန်းဆက်ဆက်ချင်း ကျွန်တော်တို့ ဆေးရုံကို ချက်ချင်းသွားရောက်ပြီး လူနာ ၃၀ ကို ကယ်တင်ခဲ့ပါတယ်” ဟု ဂျေဘီက ပြောသည်။
မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မီးလောင်ရသောအကြောင်းရင်းကို မဖော်ထုတ်နိုင်သေးကြောင်း၊ ကယ်တင်ခဲ့သော လူနာများကို အခြားကိုဗစ်-၁၉ ဆေးရုံများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ၄င်းက ဆိုသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဗီဂျေးရူပါနီထံ သတင်းပို့ခဲ့ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး အဒစ်ယာအဂါဝယ်က ပြောသည်။
သြဂုတ်လအတွင်းကလည်း ဂူဂျာရတ်ပြည်နယ်၏မြို့တော် အာမက်ဒါဘတ်မြို့ရှိ ဆေးရုံတစ်ခု၌ မီး လောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကိုဗစ်လူနာရှစ်ဦး သေဆုံးခဲ့သည်။
ကိုးကား – ဟိန္ဒူစတန်တိုင်းမ်
Ref; Five COVID-19 patients killed as fire breaks out at Rajkot hospital
#PeopleMedia


Share this post