• Follow Us on
Latest News

Home ကိုဗစ်ရောဂါ ကူးစက်ခံထားရသည့် ရွှေကြာလူမှုကူညီရေးအသင်းဦးဆောင်သူ မရွှေကြာ မကြာမီပြန်လာမယ်လို့ ကြွေးကြော်

ကိုဗစ်ရောဂါ ကူးစက်ခံထားရသည့် ရွှေကြာလူမှုကူညီရေးအသင်းဦးဆောင်သူ မရွှေကြာ မကြာမီပြန်လာမယ်လို့ ကြွေးကြော်

Share this post

ရန်ကုန်၊ သြဂုတ် ၃ (People Media)

 

ပရဟိတနဲ့ အစွမ်းကုန်ကူညီပေးနေတဲ့ ရွှေကြာ(လူမှုကူညီရေးအသင်း) ဦးဆောင်သူ မရွှေကြာသည် ကိုဗစ် ရောဂါကူးစက်ခံရပြီး မကြာမီ လှလှပပနဲ့ ပြန်လာတော့မယ်ဖြစ်ကြောင်း ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကြွေးကြော်ထားပါတယ်။

 

“မကြာခင်ပြန်လာတော့မယ်နော်၊ ပြန်လာပြီးရင် ကျေးဇူးတင်သင့်သူများကို ပထမပိုင်းအနေနဲ့ ကျေးဇူးတင်ပါ မယ်၊ ကိုဗစ်ကို ဘယ်လို ပင်ပန်းကြီးစွာ စစ်ခင်းခဲ့လည်းဆိုတဲ့အပိုင်း၊ ကိုဗစ်ဆိုတာကြီးက ဘယ်လောက် ကြောက်စရာကောင်းလဲ၊ Fb ပေါ်က တချို့ပိုစ့်တွေ ကြည့်မိရင် စိတ်ဓါတ်ဘယ်လိုကျရလဲ၊ တစ်ယောက်နဲ့ တစ်ယောက်ရောဂါဖြစ်ပုံ မတူညီကြခြင်းတွေအကြောင်း၊ ပြည်တွင်းပြည်ပ မြန်မာတစ်နိုင်ငံလုံးက ကျွန်မအပေါ် ထားတဲ့ မေတ္တာတရားတွေကို ကျွန်မတစ်သက်လုံးရင်ထဲမှတ်သွားပါမယ်ရှင်၊ ကျွန်မ အကြာကြီး နားရအုန်းမယ်၊ ပြန်လုပ်နိုင်ချိန် ကျေးဇူးဆပ်ခွင့်ကြုံချင်ပါတယ်၊ ကျမ လှလှပပပြန်လာမယ်နော်၊ ကျွန်မကိုမျှော်နေသူတွေ စိတ်ပူနေသူတွေရဲ့ မေတ္တာကြောင့် ကျွန်မပြန်လာခါနီးပါပြီ၊ လက်မထောင်ပြီး ပြန်လာမယ်၊ သေခြင်းတရားက ဘယ်လောက်လှလှမြင်အောင်ကြည့်ကြပါ၊ ဒီနေ့ကျွန်မကိုဗစ်ဖြစ်တာ ၂၆ ရက်ရှိနေပါပြီ” လို့ မရွှေကြာက ပြော ဆိုထားပါတယ်။

 

မရွှေကြာမှာ COVID-19 ရောဂါကူးစက်ခံထားရတဲ့အတွက် ဆေးကုသမှုကို အကယ်ဒမီဆေးရုံမှာ ဆေးကုသခံ ယူနေလျက်ရှိပြီး၊ လက်ရှိမှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ပေမယ့် အောက်စီဂျင်ကတော့ လို အပ်နေသေးတယ်လို့ သိရပါတယ်။

 

#PeopleMedia #COVID19 #မရွှေကြာ

 

(unicode)


……………………………………………………………

 


 


 


 


 



Share this post