• Follow Us on
Latest News

Home အမေရိကန်က ရုရှားသံတမန် ၂၄ ဦး စက်တင်ဘာ ၃ ရက်မတိုင်မီ နိုင်ငံမှ ထွက်ခွာရန် အမိန့်ပေး

အမေရိကန်က ရုရှားသံတမန် ၂၄ ဦး စက်တင်ဘာ ၃ ရက်မတိုင်မီ နိုင်ငံမှ ထွက်ခွာရန် အမိန့်ပေး

Share this post

ဝါရှင်တန်၊ ဩဂုတ် ၃ (People Media)

 

ဗီဇာသက်တမ်းကုန်ဆုံးနေသဖြင့် ရုရှားသံတမန် ၂၄ ဦးကို စက်တင်ဘာ ၃ ရက်မတိုင်မီ နိုင်ငံမှ ထွက်ခွာသွားရန် အမေရိကန်က အမိန့်ပေးခဲ့ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောသည်။

 

“၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်မတိုင်မီ ဒီနိုင်ငံက ထွက်သွားဖို့ သံတမန် ၂၄ ဦးရဲ့ အမည်စာရင်းကို ကျွန် တော်တို့ လက်ခံရရှိထားပါတယ်” ဟု ရုရှားသံအမတ်ကြီး Anatoly Antonov ၏ ပြောကြားချက်ကို ဝါရှင်တန် မြို့အခြေစိုက် The National Interest သတင်းဌာနတွင် တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။

 

ယင်းသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ရုရှားသံအမတ်က “အမေရိကန်က ဗီဇာလျှောက်ထားမှု လုပ်ထုံး လုပ်နည်းတွေကို ရုတ်တရက်တင်းကျပ်လိုက်တာမို့ အစားထိုးဖို့မရှိဘဲနဲ့ အဲဒီလူတွေအားလုံးနီးပါး ထွက်သွား ရမှာပါ” ဟု ပာကြားခဲ့သည်။

 

“ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရုရှားအရာရှိတွေအတွက် ဗီဇာသက်တမ်းကို ၃ နှစ်ဆိုပြီး တစ်ဖက်သတ်ကန့်သတ်ပြဋ္ဌာန်းလိုက်တယ်။ ကျွန် တော်တို့ သိရသလောက်တော့ အဲဒီကန့်သတ်ချက်မျိုးကို တခြားနိုင်ငံတွေမှာ ပြဋ္ဌာန်းထားတာမရှိပါဘူး” ဟု Antonov က ပြောသည်။

 

“အခြေအနေတွေကို အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြထားတာ တိကျမှုမရှိပါဘူး။ မှန်လည်းမမှန်ပါဘူး” ဟု ရုရှားသံ အမတ် Antonov ၏ မှတ်ချက်စကားနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ned Price က တနင်္လာနေ့တွင် တုံ့ပြန်ပြောကြားခဲ့သည်။

 

“ရုရှားတွေအတွက် ဗီဇာသက်တမ်း သုံးနှစ်ကန့်သတ်ထားတာ အသစ်အဆန်း မဟုတ်ပါဘူး။ ဗီဇာသက်တမ်း ကုန်သွားပြီဆိုရင် အဲဒီသက်တမ်းကုန်သွားတဲ့သူတွေဟာ ဒီနိုင်ငံကထွက်သွားရမယ် (ဒါမှမဟုတ်) ဗီဇာသက် တမ်းတိုးဖို့ လျှောက်ထားရပါလိမ့်မယ်။ ဒါက ကလေးကစားသလို လွယ်လွယ်လေးပါ” ဟု သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ၎င်းကသတင်းထောက်များအားပြောသည်။

 

ရုရှားနိုင်ငံ၏မေတ္တာရပ်ခံချက်ကြောင့် မော်စကိုမြို့ရှိ အမေရိကန်သံရုံးတွင် လုပ်ကိုင်နေကြသော ရုရှားဒေသခံ ဝန်ထမ်း ၁၈၂ ဦးနှင့် အမေရိကန်သံရုံးတွင် စာချုပ်ချုပ်ဆိုအလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းဒါဇင်ပေါင်းများ စွာကို အလုပ်ရပ်နားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာ တွင် ရုရှားသံအမတ်နှင့် သတင်းဌာနတို့ အင်တာဗျူးထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်သည် ယင်းကိစ္စရပ်ကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားသံတမန်များကို ဗီဇာသက်တမ်းတိုးမပေး ခြင်းဖြစ်ကြောင်း ပြောကြားချက်အပေါ် Price က “ရုရှားရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး မှန်ကန်သင့်လျော်တဲ့ တုံ့ပြန်မှု ပြုလုပ်ဖို့ ကျွန်တော်တို့မှာ သီးသန့်ပါဝါရှိပါတယ်” ဟု တနင်္လာနေ့က ပြောဆိုရင်း ငြင်းပယ်လိုက်သည်။

 

အမေရိကန်နိုင်ငံက ဆောင်ရွက်ခဲ့သည့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခြင်းနှင့် ရုရှားသံတမန်များအား နှင်ထုတ်ခြင်း တို့ကို ရုရှားနိုင်ငံကလက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ အမေရိကန်သံရုံးတွင်အုပ်ချုပ်ရေးနှင့် နည်းပညာ ပိုင်းဆိုင်ရာရာထူးများအတွက် ရုရှားနိုင်ငံသားများ (သို့မဟုတ်) တတိယနိုင်ငံသားများ ငှားရမ်းခန့်အပ်ခြင်းကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလတွင် လုံးဝ ပိတ်ပင်တားမြစ်ခဲ့ကြောင်းသိရသည်။

 

(Xinhua)

 

#PeopleMedia #International

 

(unicode)


…………………………………………………….

 


 


 


 


 


 


 


 


 


 


 

(Xinhua)

 

#PeopleMedia #International


Share this post