• Follow Us on
Latest News

Home တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ်မြို့တော်အား သိမ်းပိုက်

တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ်မြို့တော်အား သိမ်းပိုက်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၉ (People Media)

 

တာလီဘန်အဖွဲ့က သြဂုတ်လ ၆ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း နင်ရော့ဇ်ပြည်နယ်၏ မြို့တော်အား သိမ်းပိုက်ခဲ့ကြောင်း အာဖဂန်အစိုးရက ပြောကြားသည်။

 

အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းမှုကို ယခုလမကုန်မီ ပြီးစီးအောင်ဆောင်ရွက်မည်ဟု သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က ကြေညာပြီးနောက်ပိုင်း ဇာရန်မြို့တော်က တာလီဘန်အဖွဲ့ သိမ်းပိုက်ခံရသည့် ပထမဆုံးသော ပြည်နယ်မြို့တော် ဖြစ်လာခဲ့သည်။

 

ပြီးခဲ့သည့်လအတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲများအတွင်း အရပ်သား ၁၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဒီဘိုရာလိုင်ယွန်က အွန် လိုင်းအစည်းအဝေးတစ်ခုအတွင်း လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံက လူသေဆုံးမှုပိုများသော၊ ပျက်စီးဆုံးရှုံးမှုများပြားသော စစ်ပွဲအဆင့်သို့ ရောက်ရှိ လာခဲ့ကြောင်း ၎င်းက ပြောကြားသည်။

 

အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်မှုအဖြစ် အရပ်သားများကို သတ်ဖြတ်မှုကြောင့် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က တာလီဘန်အဖွဲ့အား အပြင်းအထန် ရှုတ်ချခဲ့သည်။

 

Ref; Taliban seizes provincial capital in Afghanistan

 

#PeopleMedia #EPN #international #အာဖဂန်နစ္စတန်

 

(unicode)


……………………………………………………..

 


 


 


 


 


 


 

Ref; Taliban seizes provincial capital in Afghanistan

 



Share this post