• Follow Us on

Home ကန်ကြီးထောင့်မြို့ စစ်တပ်ဦးဆောင်ပြုလုပ်သည့် ဆရာတော်ကြီး၏ဈာပနအခမ်းအနားလုပ်ဆောင်မည့် နေရာအနီး ဗုံးပေါက်ကွဲမှုဖြစ်

ကန်ကြီးထောင့်မြို့ စစ်တပ်ဦးဆောင်ပြုလုပ်သည့် ဆရာတော်ကြီး၏ဈာပနအခမ်းအနားလုပ်ဆောင်မည့် နေရာအနီး ဗုံးပေါက်ကွဲမှုဖြစ်

Share this post

ကန်ကြီးထောင့်၊ သြဂုတ် ၉ (People Media)

 

ကန်ကြီးထောင့်မြို့ စစ်တပ်ကဦးဆောင်ပြုလုပ်သည့် ၁၀၈ တောင်ဆရာတော်ကြီး၏ ဈာပနအခမ်းအနား လုပ် ဆောင်မည့်နေရာအနီးတွင် သြဂုတ် ၈ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

 

ကန်ကြီးထောင့်မြို့ ၁၀၈ တောင်ဆရာတော်ကြီး၏ ဈာပနအခမ်းအနားကို စစ်တပ်က ဦးဆောင်ကျင်းပရန် ပြင်ဆင်နေချိန် သြဂုတ် ၈ ရက်ယနေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 

“ဗုံးနှစ်လုံးပေါက်တာပါ။ ဗုံးပေါက်တဲ့နေရာကို စစ်တော့မပေါက်သေးတဲ့ တစ်လုံးထပ်တွေ့တယ်။ ဗုံး ပေါက်တဲ့နေရာရဲ့ အနောက်မှာ မြို့အဝင် စစ်ဆေးရေးဂိတ်ရှိတယ်။ ပိတ်ပြီးတော့ စစ်ဆေးနေတယ်။ လုံခြုံရေးတွေလည်းတိုးချထားတယ်” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့သော်လည်း လုံခြုံရေးအရ အမည်မဖော် ချင်သူ ဒေသခံတစ်ဦးကပြောသည်။

 

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားသည့်နေရာကို လုံခြုံရေးအင်အား ထပ်မံဖြည့်ချထားပြီး မြို့အတွင်း အဝင်အထွက်နေရာများကိုလည်း ကားများဖြင့် လှည့်လည်စစ်ဆေးနေကြောင်းသိရသည်။

 

သတင်း – သူရ(EPN)

 

#PeopleMedia #EPN #ဧရာဝတီတိုင်းဒေသကြီး #ကန်ကြီးထောင့်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post