• Follow Us on
Latest News

Home သာကေတမြို့တွင် အမျိုးသားတစ်ဦး အိမ်သာထဲ၌ ဝမ်းဗိုက်ဒဏ်ရာများဖြင့် လဲနေ

သာကေတမြို့တွင် အမျိုးသားတစ်ဦး အိမ်သာထဲ၌ ဝမ်းဗိုက်ဒဏ်ရာများဖြင့် လဲနေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့၊ ရှုခင်းသာအိမ်ရာလမ်း၊ ငုဝါလမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦး သည် ၎င်းအခန်းအတွင်းရှိ အိမ်သာထဲ၌ ဝမ်းဗိုက်တွင် သွေးထွက်ဒဏ်ရာများဖြင့် လဲနေကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့နေခင်းအချိန်၌ သာကေတမြို့၊ ရှုခင်းသာအိမ်ရာလမ်း၊ ငုဝါလမ်းတွင် နေထိုင်သည့် အမျိုးသား တစ်ဦး ဝမ်းဗိုက်သွေးထွက် ဒဏ်ရာများဖြင့် အိမ်သာထဲ၌ လဲနေ၍ အုပ်ချုပ်ရေးမှူးမှ သာကေတမြို့နယ် လူမှု ကူညီရေးအသင်းအား ဖုန်းဆတ်အကြောင်းကြားသောကြောင့် ထိုအခင်းဖြစ်သည့်နေရာသို့ သွားရောက်ကူညီခဲ့ ကြောင်း သိရပါတယ်။

 

“သူအိမ်မှာလည်း မိသားစုတွေရှိတယ်။ အိမ်သာထဲမှာလည်း မှန်ကွဲစတွေ တွေ့တယ်။ ဗိုက်မှာလည်း သွေးတွေအများကြီး။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ မသိဘူး” လို့ သာကေတမြို့နယ်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဆိုပါ အမျိုးသားမှာ မည်သည့်အတွက်ကြောင့် မိမိခန္တာကိုယ်အား မှန်ကွဲစနှင့်လုပ်ရသည်ကို မသိရှိရသေး ကြောင်းနှင့် ဒဏ်ရာရရှိသည့် အမျိုးသားကို စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia # သာကေတမြို့

 

(unicode)


………………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post