• Follow Us on
Latest News

Home ရုရှားလေကြောင်းစစ်ဆင်ရေးကို ကူညီဖို့ အီရန်လက်ရွေးစင်တပ်ဖွဲ့ ယူကရိန်းနိုင်ငံစစ်မြေပြင်ကို တိတ်တဆိတ် ဝင်ရောက်လာ

ရုရှားလေကြောင်းစစ်ဆင်ရေးကို ကူညီဖို့ အီရန်လက်ရွေးစင်တပ်ဖွဲ့ ယူကရိန်းနိုင်ငံစစ်မြေပြင်ကို တိတ်တဆိတ် ဝင်ရောက်လာ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၅

 

ရုရှားလေကြောင်းစစ်ဆင်ရေးကို ကူညီဖို့အတွက် အီရန်အထူးလက်ရွေးစင်တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနိုင်ငံထဲ မှာရှိတဲ့ စစ်ဆင်ရေးနယ်မြေကို လျှို့ဝှက်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

 

အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အထူးလက်ရွေးစင်တပ်ဖွဲ့ဝင် ၅၀ ဟာ ရုရှားတပ်ဖွဲ့ဝင်တွေကို ကာမီ ကာဇေဒရုန်းတွေအသုံးပြုတတ်အောင် ကူညီသင်ကြားပေးဖို့အတွက် အခုလို စစ်မြေပြင်အထိရောက်လာတာလို့ ဆိုပါတယ်။

 

အီရန်နိုင်ငံထုတ် Shahed-136 ဒရုန်းတွေ ရာနဲ့ချီပြီး အသုံးပြုခဲ့ရာမှာ ယူကရိန်းနိုင်ငံ မြို့ကြီးတွေကို တိုက်ခိုက် နိုင်ခဲ့တဲ့အတွက် ယူကရိန်းနိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေက အလွန်ကျေ နပ်နေကြတယ်လို့ ဆိုပါတယ်။

 

ယူကရိန်းတပ်တွေက Shahed-136 ဒရုန်းတစ်စင်းကို ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ မကြာသေးခင်က ပစ်ချနိုင်ခဲ့ တယ်လို့ဆိုပါတယ်။ ပူတင်ရဲ့ထိပ်တန်းတပ်မှူးတွေကတော့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အထူး လက်ရွေးစင်တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်ကိုရောက်နေတယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

 

အဲဒီအီရန်အထူးတပ်ဖွဲ့ဝင်တွေဟာ ခရိုင်းမီးယားကျွန်းဆွယ် ဒီဂျန်ကွိုင်နယ်မြေနဲ့ တောင်ပိုင်းက ခါဆွန်ဒေသတွေ မှာရောက်ရှိနေတယ်လို့ ဆိုပါတယ်။ “အီရန်လေ့ကျင့်ရေးအဖွဲ့တစ်ဖွဲ့ကို အဲဒီဒေသမှာတွေ့ခဲ့ရပါတယ်။ သူတို့တွေ အဲဒီနေရာမှာ အခြေပြုနေကြတာပါ။” လို့ ယူကရိန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“ရုရှားတွေခေါ်ထားတဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အထူးလက်ရွေးစင်တပ်ဖွဲ့ဝင်က အချိန်မရွေး အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်လာမှာကို ကျွန်တော်တို့ အလွန်စိုးရိမ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

Ref: Elite Iranian troops ‘secretly enter frontline in Ukraine to help Russia’s horror blitz’

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 

Ref: Elite Iranian troops ‘secretly enter frontline in Ukraine to help Russia’s horror blitz’

 

#PeopleMedia


Share this post