• Follow Us on

Home အဂတိျဖင့္ NLD ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ ပဲခူးေထာင္၌ ဖမ္းဆီးထိန္းသိမ္းျခင္းခံရ

အဂတိျဖင့္ NLD ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ ပဲခူးေထာင္၌ ဖမ္းဆီးထိန္းသိမ္းျခင္းခံရ

Share this post

ပဲခူးတိုင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းသည္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ခံရၿပီးေနာက္ လက္ရွိအခ်ိန္၌ ပဲခူးေထာင္၌ ထိန္းသိမ္းျခင္းခံထားရပါတယ္။

ဦးေက်ာ္မ်ိဳးမင္းသည္ ၂၀၁၇ ခုႏွစ္၌ အင္းေလလံကိစၥႏွင့္ပတ္သက္ၿပီး ေငြေၾကးအရႈပ္ေတာ္ပုံအခ်ိဳ႕ေၾကာင့္ သက္ ဆိုင္သူမ်ားမွ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားခဲ့ပါတယ္။

အဆိုပါတိုင္ၾကားမႈမ်ားကို အဂတိေကာ္မရွင္က စစ္ေဆးၿပီးေနာက္ ဦးေက်ာ္မ်ိဳးမင္းကို အဂတိလိုက္စားမႈတိုက္ ဖ်က္ေရးဥပေဒပုဒ္မ (၅၉) အရ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ ဦးေက်ာ္မ်ိဳးမင္းသည္ ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕ အက်ဉ္းေထာင္၌ ဖမ္းဆီးခံထားရၿပီးေနာက္ ၂၀၂၀ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၈ ရက္၌ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ အမွတ္(၂) တရား႐ုံး၌ ႐ုံးထုတ္စစ္ေဆးခဲ့ပါ တယ္။

“အခုခ်ိန္ထိေတာ့ ကြၽန္ေတာ္တို႔ဆီကိုေတာ့ အေၾကာင္းၾကားတာမ်ိဳးမရွိေသးဘူး။ သူတို႔ဘက္က အကူ အညီေတာင္းတဲ့ စာလာတင္တာမ်ိဳးတို႔၊ ဒါမွမဟုတ္သူကိုယ္တိုင္ အကူအညီလာေတာင္းတာမ်ိဳးဆို ပါတီကပဲ လာလာ၊ ဗဟိုကပဲလာလာ ကြၽန္ေတာ္တို႔ဆီကို အကူအညီေတာင္းခံလာတဲ့ဘယ္ဟာမဆို ေဆာင္ရြက္ေပးမွာပါ။ အခုက ကြၽန္ေတာ္တို႔ဆီကို ေရာက္လာတာမရွိေသးဘူး”ဟု ဦးၫြန္႔ေရႊ ပဲခူးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္အမွတ္(၁)မွ ေျပာသည္။

#PeopleMedia #မိုးညိဳၿမိဳ႕ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္

[Unicode]
အဂတိဖြင့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပဲခူးထောင်၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံရ
…………………………………………………………………………….
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီးနောက် လက်ရှိအချိန်၌ ပဲခူးထောင်၌ ထိန်းသိမ်းခြင်းခံထားရပါတယ်။

ဦးကျော်မျိုးမင်းသည် ၂၀၁၇ ခုနှစ်၌ အင်းလေလံကိစ္စနှင့်ပတ်သက်ပြီး ငွေကြေးအရှုပ်တော်ပုံအချို့ကြောင့် သက် ဆိုင်သူများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။

အဆိုပါတိုင်ကြားမှုများကို အဂတိကော်မရှင်က စစ်ဆေးပြီးနောက် ဦးကျော်မျိုးမင်းကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ (၅၉) အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ ဦးကျော်မျိုးမင်းသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အကျဉ်းထောင်၌ ဖမ်းဆီးခံထားရပြီးနောက် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော် အမှတ်(၂) တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပါ တယ်။

“အခုချိန်ထိတော့ ကျွန်တော်တို့ဆီကိုတော့ အကြောင်းကြားတာမျိုးမရှိသေးဘူး။ သူတို့ဘက်က အကူ အညီတောင်းတဲ့ စာလာတင်တာမျိုးတို့၊ ဒါမှမဟုတ်သူကိုယ်တိုင် အကူအညီလာတောင်းတာမျိုးဆို ပါတီကပဲ လာလာ၊ ဗဟိုကပဲလာလာ ကျွန်တော်တို့ဆီကို အကူအညီတောင်းခံလာတဲ့ဘယ်ဟာမဆို ဆောင်ရွက်ပေးမှာပါ။ အခုက ကျွန်တော်တို့ဆီကို ရောက်လာတာမရှိသေးဘူး”ဟု ဦးညွန့်ရွှေ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြောသည်။

#PeopleMedia #မိုးညိုမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


Share this post