• Follow Us on

Home ရခိုင္ျပည္နယ္ခရီးစဥ္၌ လူကယ္ျပန္ဝန္ႀကီးလိုက္ပါလာသည့္ ရဟတ္ယာဥ္ ေသနတ္ပစ္ခံရ

ရခိုင္ျပည္နယ္ခရီးစဥ္၌ လူကယ္ျပန္ဝန္ႀကီးလိုက္ပါလာသည့္ ရဟတ္ယာဥ္ ေသနတ္ပစ္ခံရ

Share this post

စစ္ေတြ၊ေဖေဖာ္ဝါရီ-၁၉

လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၏ ရခိုင္ျပည္နယ္ခရီးစဥ္၌ ၎လိုက္ပါလာသည့္ ရဟတ္ယာဥ္သည္ ေသနတ္ျဖင့္ ပစ္ခတ္ျခင္းခံခဲ့ရေၾကာင္း တပ္မေတာ္က ေျပာဆိုပါတယ္။

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးညီပု၊ေဒါက္တာဝင္းျမတ္ေအးအပါအဝင္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ဝင္အခ်ိဳ႕သည္ ေမာင္ေတာၿမိဳ႕ရွိ စစ္ေရွာင္ဒုကၡသည္စခန္းသို႔ သြားေရာက္ခဲ့ၿပီး အျပန္ခရီးစဥ္၌ ၎တို႔ လိုက္ပါလာသည့္ ရဟတ္ယာဥ္သည္ ေသနတ္ျဖင့္ ပစ္ခတ္ခံလိုက္ရတာျဖစ္ပါတယ္။

“ရဟတ္ယာဥ္ ေသနတ္ပစ္ခံရတာဟုက္ပါတယ္။ထိခိုက္မႈမရွိဘူး။ရဟတ္ယာဥ္လည္း ထိခိုက္မႈမရွိပါဘူး”ဟု ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ တာဝန္ရွိသူကလည္း ေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသသည္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ၏ လႈပ္ရွားမႈနယ္ေျမျဖစ္ၿပီး တပ္မေတာ္မွ ရခိုင္လက္နက္ကိုင္အဖြဲ႕ကို စစ္ဆင္ေရးအရ ရွင္းလင္းလွ်က္ရွိပါတယ္။

#PeopleMedia #AA

[Unicode]
ရခိုင်ပြည်နယ်ခရီးစဉ်၌ လူကယ်ပြန်ဝန်ကြီးလိုက်ပါလာသည့် ရဟတ်ယာဉ် သေနတ်ပစ်ခံရ
…………………………………………………………………………………………
စစ်တွေ၊ဖေဖော်ဝါရီ-၁၉

လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ ရခိုင်ပြည်နယ်ခရီးစဉ်၌ ၎င်းလိုက်ပါလာသည့် ရဟတ်ယာဉ်သည် သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရကြောင်း တပ်မတော်က ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ဒေါက်တာဝင်းမြတ်အေးအပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့သည် မောင်တောမြို့ရှိ စစ်ရှောင်ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး အပြန်ခရီးစဉ်၌ ၎င်းတို့ လိုက်ပါလာသည့် ရဟတ်ယာဉ်သည် သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။

“ရဟတ်ယာဉ် သေနတ်ပစ်ခံရတာဟုက်ပါတယ်။ထိခိုက်မှုမရှိဘူး။ရဟတ်ယာဉ်လည်း ထိခိုက်မှုမရှိပါဘူး”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူကလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသသည် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ လှုပ်ရှားမှုနယ်မြေဖြစ်ပြီး တပ်မတော်မှ ရခိုင်လက်နက်ကိုင်အဖွဲ့ကို စစ်ဆင်ရေးအရ ရှင်းလင်းလျှက်ရှိပါတယ်။

#PeopleMedia #AA


Share this post