• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တစ်ချို့၏ အကာအကွယ်ဖြင့်နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ ကျူးလွန်ရာ၌ လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ ပူးပေါင်းကာကွယ် တားဆီးပေးရန် ဒုချုပ်ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် သဝဏ်လွှာပါ အချက် ၄၃ ချက်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဥပဒေပြုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၇

 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် သဝဏ်လွှာပါ အချက် ၄၃ ချက်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဥပဒေပြုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြောသည်။

 

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်/ ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃)ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်များအား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် ဒုတိယထပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

 

ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတော်အခြေပြမိန့်ခွန်းနှင့် သဝဏ်လွှာပါ အချက် ၄၃ ချက်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် သဘောတူချုပ်ဆိုထားသည့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပေးပို့ထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏သဝဏ်လွှာကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃)တွင်ပါသည့် အချက်အလက်များနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသဘောတူညီထားသည့် အချက် ၄၃ ချက်တွင်ပါသည့် အချက်အလက်များကို လေ့လာသုံးသပ်ပြီး နိုင်ငံတော် ပကတိအခြေအနေနှင့် ကိုက်ညီသည့် ပြဋ္ဌာန်းချက်အဖြစ် ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောသည်။

 

ယခု တတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် သဝဏ်လွှာပါ အချက် ၄၃ ချက်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဥပဒေပြုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထူးခြားချက်အနေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အကြံပြုချက်များကို အခြေခံပြီး အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သော်လည်း မိမိတို့ တတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင် NCA အရ Union Accord အထိကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသဘောတူထားသည့် Resources အခြေခံအရင်းအမြစ်များ ရှိထားပြီးဖြစ်သည့် Union Accord အစိတ် အပိုင်း (၁)၊ (၂)၊ (၃) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အချက် ၄၃ ချက်တို့ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို တတိယအကြိမ် ပြင်ဆင်ရန် ထူးခြားသည့်အချက်ပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောသည်။

 

ပြည်ထောင်စုလွှတ်တော်နာယကက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ကြရာတွင် ပြင်ဆင်/ ဖြည့်စွက် ဆွေးနွေးရမည့်အချက်များသည် ခိုင်ခိုင်မာမာရှိပြီးဖြစ်သည့် အချက်များအပေါ် ဆွေးနွေးပြီး ရလဒ်အတိုင်း ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် ယခုလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါအတိုင်း ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေမူကြမ်းတစ်ခု လိုအပ်ပါကြောင်း၊ ထို့အတွက် အခြေခံအချက် ၄၃ ချက် ရှိပြီးဖြစ်သည့်အတွက် အခြေခံကောင်းများကို မူတည်ပြီး ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်ပြီး အုပ်ချုပ်ရေးစနစ်၊ နိုင်ငံသားအခွင့်အရေးနှင့် အာဏာခွဲဝေမှုတို့ကို ပြဋ္ဌာန်းထားသည့်အတွက် နိုင်ငံ၏ အသက်သွေးကြောအဖြစ် ရှုမြင်ကြပါကြောင်း၊ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးနှင့် ဥပဒေရေးရာနယ်ပယ်များတွင် ရှုထောင့်အမျိုးမျိုးနှင့် ဆွေးနွေးငြင်းခုံလေ့ရှိကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပူးပေါင်းကော်မတီအနေဖြင့် နိုင်ငံတော် အကျိုးဖြစ်ထွန်းပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမှု မရှိအောင် အလေးအနက်ထား သုံးသပ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။

 

#PeopleMedia


Share this post