ကျိုင်းတုံမြို့နယ် ဝမ်ဆာကျေးရွာကို လူထုအခြေပြု ခရီးသွားလုပ်ငန်း အထောက်အကူပြုကျေးရွာအဖြစ် တိုးချဲ့မည်
PUBLISHED - November 26, 2026
နေပြည်တော်၊ နို၀င်ဘာ ၂၆
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၌ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆာကျေးရွာကို လူထုအခြေပြု ခရီးသွားလုပ်ငန်း အထောက်အကူပြု ကျေးရွာအဖြစ် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်၌ လူထုအခြေပြုခရီးသွားလုပ်ငန်းအထောက်အကူပြု ကျေးရွာ ၁၈ ရွာကို အကောင်အထည်ဖော်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် ထင်ရှားသော ခရီးစဉ်ဒေသခြောက်ခုအပြင် လူထုအခြေပြုခရီးသွားလုပ်ငန်းများ (Community Based Tourism – CBT) ဖော်ဆောင်ထားသည့် ကျောက်တလုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ ကလော မြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ ထီနဲ့ (ပအိုဝ်း) ကျေးရွာ၊ အင်းနီ (ပအိုဝ်း) ကျေးရွာ၊ လွယ်ခေါ် (ပအိုဝ်း) ကျေးရွာ၊ ဆီးကျအင်း (ဓနု) ကျေးရွာ၊ ပင်စိမ်းပင် (ဓနု) ကျေးရွာ၊ လွယ်ပန်းစုံကျေးရွာ၊ လွယ်နွဲ့ကျေးရွာ၊ စံကား (အင်း/ရှမ်း) ကျေးရွာ၊ ကျောက်တော (ဓနု) ကျေးရွာ၊ ဟိုကျင်း (အာခါ) ကျေးရွာ၊ ဟွေယုန်း (အာခါ) ကျေးရွာ၊ ထီဝါးမူး (လီဆူ) ကျေးရွာ၊ ရေယောင်းမ (ဓနု) ကျေးရွာ၊ ကျောက်တလုံး (ပလောင်) ကျေးရွာ၊ ပန်းဆိုင်း (ဝ) ကျေးရွာ၊ ပန်ကူ (လားဟူ) ကျေးရွာ၊ ဟိုယန်း (လွယ်) ကျေးရွာနှင့် ကျေက္ကချား (ပအိုဝ်း) ကျေးရွာတို့တွင် ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia