• Follow Us on
Latest News

Home ေ႐ႊကူၿမိဳ႕နယ္အတြင္း က်ပ္သိန္းတစ္ေသာင္းေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

ေ႐ႊကူၿမိဳ႕နယ္အတြင္း က်ပ္သိန္းတစ္ေသာင္းေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

Share this post

ဗန္းေမာ္၊ ဇြန္ ၈

ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္၊ ေ႐ႊကူၿမိဳ႕နယ္အတြင္း ယမန္ေန႕ ဇြန္ ၇ ရက္ ညပိုင္း က်ပ္သိန္း တစ္ေသာင္းေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္ အတူ အမ်ိဳးသား ၃ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ေ႐ႊကူၿမိဳ႕မရဲစခန္းက သိရသည္။

မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသည့္ သတင္းအရ ေ႐ႊကူ ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေသာင္းထြဋ္ေအာင္ ႏွင့္ အဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဇြန္ ၇ ရက္ ည ၇ နာရီခန႔္က ေ႐ႊကူၿမိဳ႕နယ္ ဗန္းေမာ္-မႏၲေလး ဗ်ဴဟာလမ္းမႀကီး ကခ်င္ျပည္နယ္မွ ႀကိဳဆိုပါ၏ ဆိုင္းဘုတ္အနီး ေစာင့္ဆိုင္းေနစဥ္ အမ်ိဳးသား သုံး ဦးစီးနင္းလာသည့္ ODYSSEY အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ေပၚမွ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးမွာ ဆာလာအိတ္မ်ားျဖင့္ ထည့္ထားေသာ WY စာတန္းပါ စိတ္ႂကြးသြပ္ ေဆးျပား ၈၅၅၀၀ျပား၊ ၈၅၅၀ ဂရမ္ ႏွင့္ 88/1စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၅၇၀၀၀ျပား ၅၇၀၀ဂရမ္၊ စုစုေပါင္းပန္းေရာင္စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၄၂,၅၀၀ ျပား (၁၄၂၅၀ ) ဂရမ္၊ (တန္ ဘိုးေငြ က်ပ္သိန္း ၂၈၅,၀)၊ Love is flower စာတန္းပါ ေရာင္စုံဆပ္ျပာခြက္ (၈၁၄)ခြက္ အတြင္းမွ စုစုေပါင္း ဘိန္းျဖဴမႈန႔္အေလးခ်ိန္(၈၁၄၀)ဂရမ္ (တန္ဘိုးေငြက်ပ္ သိန္း၈၁၄,၀)၊ စုစုေပါင္း ေငြက်ပ္ သိန္းေပါင္း ၁၀၉၉၀ ေက်ာ္ တန္ဖိုးရွိေၾကာင္း သိရသည္။

လက္ရွိတြင္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း မဘိမ္းၿမိဳ႕နယ္၊ ငါးအိုးေက်း႐ြာတြင္ ေနထိုင္ၾကသည့္ စိုးေအာင္၊ (၄၂) ႏွစ္၊ (ဘ) ဦးေမာင္၊ ျမင့္သူထြန္း (ခ) ျမင့္သူ၊ (၃၈)ႏွစ္၊ (ဘ) ဦးေအာင္ႏွင့္ ေမာင္ေဇာ္(၃၇)ႏွစ္၊ (ဘ)ဦးေဇာ္မင္းထြန္း တို႔ကို ေ႐ႊကူၿမိဳ႕မရဲစခန္းက မယ (ပ) ၃၇/၂၀၂၀ မူးစိတ္ပုဒ္မ ၁၉(က)/၂၁ အရ အမႈဖြင့္လွစ္ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

ဗန္းေမာ္သုခမိန္

#PeopleMedia

[Unicode]
ရွှေကူမြို့နယ်အတွင်း ကျပ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
………………………………………………………………………….

ဗန်းမော်၊ ဇွန် ၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ယမန်နေ့ ဇွန် ၇ ရက် ညပိုင်း ကျပ်သိန်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် အတူ အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရွှေကူမြို့မရဲစခန်းက သိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် သတင်းအရ ရွှေကူ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သောင်းထွဋ်အောင် နှင့် အဖွဲ့သည် သက်သေများနှင့်အတူ ဇွန် ၇ ရက် ည ၇ နာရီခန့်က ရွှေကူမြို့နယ် ဗန်းမော်-မန္တလေး ဗျူဟာလမ်းမကြီး ကချင်ပြည်နယ်မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး စောင့်ဆိုင်းနေစဉ် အမျိုးသား သုံး ဦးစီးနင်းလာသည့် ODYSSEY အဖြူရောင် မော်တော်ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှာ ဆာလာအိတ်များဖြင့် ထည့်ထားသော WY စာတန်းပါ စိတ်ကြွးသွပ် ဆေးပြား ၈၅၅၀၀ပြား၊ ၈၅၅၀ ဂရမ် နှင့် 88/1စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀၀ပြား ၅၇၀၀ဂရမ်၊ စုစုပေါင်းပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂,၅၀၀ ပြား (၁၄၂၅၀ ) ဂရမ်၊ (တန် ဘိုးငွေ ကျပ်သိန်း ၂၈၅,၀)၊ Love is flower စာတန်းပါ ရောင်စုံဆပ်ပြာခွက် (၈၁၄)ခွက် အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန်(၈၁၄၀)ဂရမ် (တန်ဘိုးေငွကျပ် သိန်း၈၁၄,၀)၊ စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁၀၉၉၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာတွင် နေထိုင်ကြသည့် စိုးအောင်၊ (၄၂) နှစ်၊ (ဘ) ဦးမောင်၊ မြင့်သူထွန်း (ခ) မြင့်သူ၊ (၃၈)နှစ်၊ (ဘ) ဦးအောင်နှင့် မောင်ဇော်(၃၇)နှစ်၊ (ဘ)ဦးဇော်မင်းထွန်း တို့ကို ရွှေကူမြို့မရဲစခန်းက မယ (ပ) ၃၇/၂၀၂၀ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်

#PeopleMedia


Share this post