• Follow Us on

Home သင်္ကြန်ကာလ၌ စားနပ်ရိက္ခာ ၅ မျိုး ထောက်ပံ့ပေးခဲ့ကြစဉ်က ကျန်ရှိခဲ့ သူများကို စာရင်းကောက်ယူ၍ တစ်အိမ် ထောင်လျှင် နိုင်ငံတော်မှ ကျပ် (၁၅၀၀၀) ထောက်ပံ့


Share this post

မင်းလှ၊ ဇွန် – ၂၇







သက်နောင်(မင်းလှ)

#PeopleMedia #မင်းလှ

(unicode)
သင်္ကြန်ကာလ၌ စားနပ်ရိက္ခာ ၅ မျိုး ထောက်ပံ့ပေးခဲ့ကြစဉ်က ကျန်ရှိခဲ့ သူများကို စာရင်းကောက်ယူ၍ တစ်အိမ် ထောင်လျှင် နိုင်ငံတော်မှ ကျပ် (၁၅၀၀၀) ထောက်ပံ့
……………………………………………………

မင်းလှ၊ ဇွန် – ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့၌ သင်္ကြန်ကာလအတွင်း စားနပ်ရိက္ခာ ၅ မျိုး ထောက်ပံ့ပေးခဲ့ကြစဉ်က ကျန်ရှိ ခဲ့သူများကို စာရင်းကောက်ယူ၍ တစ်အိမ်ထောင်လျှင် နိုင်ငံတော်မှ ကျပ် (၁၅၀၀၀) ထောက်ပံ့ခဲ့သည်။

မင်းလှမြို့၌ ရိက္ခာ ၅ မျိုးထောက်ပံစဉ်က ပါဝင်ခြင်းမရှိခဲ့သည် ပြည်သူများကို ထပ်မံစာရင်းကောက်ယူပြီး နိုင်ငံ တော်မှ ကျပ်ငွေ (၁၅၀၀၀) ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

“ယခင် ရိက္ခာငါးမျိုးထောက်ပံ့စဉ်က ကျန်ရှိခဲ့သူတွေကို ကျပ်ငွေတစ်သောင်းခွဲထောက်ပံ့ခြင်းဖြစ်ပါတယ်” ဟု မင်းလှမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီးကပြောသည်။

မင်းလှမြို့၌ တိုက်နယ် (၆) ခုမှ အိမ်ထောင်စု (၁၇၀၃) ကို ကျပ်ငွေ (၁၅၀၀၀) ထောက်ပံ့ပေးနိုင်ခဲ့ခြင်း ဖြစ် သည်။

ပထမအကြိမ် ရိက္ခာ ၅ မျိုးထောက်ပံ့ရာတွင် မင်းလှမြို့နယ်ရှိ အိမ်ထောင်စု (၇၃၇၂)ကို ထောက်ပံ့ ပေးနိုင်ခဲ့ သည်။

မင်းလှမြို့နယ်၌ ဝင်ငွေနည်းအိမ်ထောင်စုပေါင်း ၉၀၇၅ စုရှိကြောင်း အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်သည့်စာရင်း များ၌ ဖော်ပြထားသည်။

သက်နောင်(မင်းလှ)

#PeopleMedia #မင်းလှ


Share this post