• Follow Us on
Latest News

Home COVID-19 ကာကြယ္ေဆးအခ်က္အလက္မ်ားကို ႐ု႐ွားက ခိုးယူရန္ႀကိဳး စားေနဟု ၿဗိတိန္၊ အေမရိကန္ႏွင့္ ကေနဒါတို႔ေျပာ

COVID-19 ကာကြယ္ေဆးအခ်က္အလက္မ်ားကို ႐ု႐ွားက ခိုးယူရန္ႀကိဳး စားေနဟု ၿဗိတိန္၊ အေမရိကန္ႏွင့္ ကေနဒါတို႔ေျပာ

Share this post

လန္ဒန္၊ ဇူလိုင္ ၁၇

႐ု႐ွားအစိုးရေက်ာေထာက္ေနာက္ခံ႐ွိသည့္ဟက္ကာမ်ားက COVID-19 ကာကြယ္ေဆးႏွင့္ ကုသမႈသုေတသန အခ်က္အလက္မ်ားကို ကမာၻတ၀န္း႐ွိ ပညာ႐ွင္မ်ားႏွင့္ ေဆးဝါးအဖြဲ႔အစည္းမ်ားထံမွခိုးယူရန္ႀကိဳးစားေနေၾကာင္း ၿဗိတိန္အမ်ိဳးသားဆိုက္ဘာလံုၿခံဳေရးဗဟိုဌာန NCSC က ၾကာသပေတးေန႔တြင္ေျပာသည္။

‘Cozy Bear’ ဟုလည္းသိၾကသည့္ APT29 အဖြဲ႕က ထိုခိုးယူမႈမ်ားလုပ္ခဲ့ေၾကာင္း ၿဗိတိန္၊ အေမရိကန္ႏွင့္ ကေန ဒါႏိုင္ငံတို႔ ပူးေပါင္းထုတ္ျပန္ၿပီး ထိုအဖြဲ႕သည့္ ႐ု႐ွာေထာက္လွမ္းေရးအဖြဲ႔မ်ား၏တစိတ္တပိုင္းအေနႏွင့္ လုပ္ငန္း ေဆာင္႐ြက္ေနၾကသည္ဟုလည္း ေျပာသည္။

“ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါတိုက္ဖ်က္ဖို႔ေသေရး႐ွင္ေရးလုပ္ငန္းေတြအေပၚ ဒီရက္စက္ယုတ္မာတဲ့ တိုက္ ခိုက္မႈေတြကို ကၽြန္ေတာ္တို႔႐ွဳတ္ခ်ပါတယ္” ဟု NCSC စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး ေပါခ်ီခ်က္စတာက ေျပာ သည္။

APT29 အဖြဲ႕သည့္ ၿပီးခဲ့သည့္တစ္ႏွစ္လံုး အေမရိကန္၊ ဂ်ပန္၊ တ႐ုတ္ႏွင့္ အာဖရိကတို႔မွ ၀ယ္လက္မ်ားကို တိုက္ခိုက္ေနသည္ဟု ဆိုက္ဘာလံုၿခံဳေရးသုေတသီမ်ားကေျပာသည္။

လံုေလာက္သည့္အေထာက္အထားမ်ားမ႐ွိေသာ ၿဗိတိန္၏စြပ္စြဲခ်က္ကို ႐ု႐ွားဘက္က ျငင္းဆိုေၾကာင္း ႐ု႐ွား အစိုးရေျပာခြင့္ရသူ ဒီမစ္ထရီ ပက္စ္ေကာ့ဗ္ကေျပာသည္ဟု RIA သတင္းေအဂ်င္စီကေဖာ္ျပသည္။

လွ်ိဳ႕၀ွက္စာ႐ြက္စာတမ္းမ်ားကို အြန္လိုင္းသို႔ေပါက္ၾကားေစျခင္းအားျဖင့္ ၂၀၁၉ ၿဗိတိန္ေ႐ြးေကာက္ပြဲကို ႐ု႐ွား ဘက္ေတာ္သားမ်ားက ၀င္ေရာက္စြက္ဖက္ရန္ႀကိဳးစားခဲ့သည္ဟု သီးျခားထုတ္ျပန္ခ်က္တစ္ခုတြင္ ၿဗိတိန္က ေျပာသည္။
စြပ္စြဲခ်က္မ်ားသည္ ေ၀ေ၀ဝါးဝါးျဖစ္ေနၿပီး ေ႐ွ႕ေနာက္မညီဟု ႐ု႐ွားႏိုင္ငံျခားေရး၀န္ႀကီးဌာနက တံု႔ျပန္သည္။

ၿဗိတိန္ႏိုင္ငံေရးတြင္ ႐ု႐ွား၀င္ေရာက္စြက္ဖက္ခဲ့ေၾကာင္း ကာလ႐ွည္ၾကာေ႐ႊ႕ဆိုင္းခဲ့သည့္အစီရင္ခံစာကို လာ မည့္တစ္ပတ္တြင္ ၿဗိတိန္က ထုတ္ျပန္ရန္႐ွိေနသည္။

႐ု႐ွားအစိုးရႏွင့္ ဆက္စပ္ေနသည့္ Cozy Bear အဖြဲ႕သည္ ၂၀၁၆ အေမရိကန္ေ႐ြးေကာက္ပြဲမတိုင္မီကလည္း ဒီမိုကရက္တစ္ပါတီကို ထိုးေဖာက္၀င္ေရာက္(ဟက္)ခဲ့သည္ဟု သံသယ၀င္ခံေနရသည့္အဖြဲ႔ျဖစ္သည္။

Ref : Russia trying to steal COVID-19 vaccine data, say UK, US and Canada

#PeopleMedia

(unicode)
COVID-19 ကာကွယ်ဆေးအချက်အလက်များကို ရုရှားက ခိုးယူရန်ကြိုး စားနေဟု ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့ပြော
……………………………………………………

လန်ဒန်၊ ဇူလိုင် ၁၇

ရုရှားအစိုးရကျောထောက်နောက်ခံရှိသည့်ဟက်ကာများက COVID-19 ကာကွယ်ဆေးနှင့် ကုသမှုသုတေသန အချက်အလက်များကို ကမ္ဘာတဝန်းရှိ ပညာရှင်များနှင့် ဆေးဝါးအဖွဲ့အစည်းများထံမှခိုးယူရန်ကြိုးစားနေကြောင်း ဗြိတိန်အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန NCSC က ကြာသပတေးနေ့တွင်ပြောသည်။

‘Cozy Bear’ ဟုလည်းသိကြသည့် APT29 အဖွဲ့က ထိုခိုးယူမှုများလုပ်ခဲ့ကြောင်း ဗြိတိန်၊ အမေရိကန်နှင့် ကနေ ဒါနိုင်ငံတို့ ပူးပေါင်းထုတ်ပြန်ပြီး ထိုအဖွဲ့သည့် ရုရှာထောက်လှမ်းရေးအဖွဲ့များ၏တစိတ်တပိုင်းအနေနှင့် လုပ်ငန်း ဆောင်ရွက်နေကြသည်ဟုလည်း ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ဖို့သေရေးရှင်ရေးလုပ်ငန်းတွေအပေါ် ဒီရက်စက်ယုတ်မာတဲ့ တိုက် ခိုက်မှုတွေကို ကျွန်တော်တို့ရှုတ်ချပါတယ်” ဟု NCSC စစ်ဆင်ရေးညွှန်ကြားရေးမှူး ပေါချီချက်စတာက ပြော သည်။

APT29 အဖွဲ့သည့် ပြီးခဲ့သည့်တစ်နှစ်လုံး အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် အာဖရိကတို့မှ ဝယ်လက်များကို တိုက်ခိုက်နေသည်ဟု ဆိုက်ဘာလုံခြုံရေးသုတေသီများကပြောသည်။

လုံလောက်သည့်အထောက်အထားများမရှိသော ဗြိတိန်၏စွပ်စွဲချက်ကို ရုရှားဘက်က ငြင်းဆိုကြောင်း ရုရှား အစိုးရပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကပြောသည်ဟု RIA သတင်းအေဂျင်စီကဖော်ပြသည်။

လျှို့ဝှက်စာရွက်စာတမ်းများကို အွန်လိုင်းသို့ပေါက်ကြားစေခြင်းအားဖြင့် ၂၀၁၉ ဗြိတိန်ရွေးကောက်ပွဲကို ရုရှား ဘက်တော်သားများက ဝင်ရောက်စွက်ဖက်ရန်ကြိုးစားခဲ့သည်ဟု သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ဗြိတိန်က ပြောသည်။
စွပ်စွဲချက်များသည် ဝေဝေဝါးဝါးဖြစ်နေပြီး ရှေ့နောက်မညီဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်သည်။

ဗြိတိန်နိုင်ငံရေးတွင် ရုရှားဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ကာလရှည်ကြာရွှေ့ဆိုင်းခဲ့သည့်အစီရင်ခံစာကို လာ မည့်တစ်ပတ်တွင် ဗြိတိန်က ထုတ်ပြန်ရန်ရှိနေသည်။

ရုရှားအစိုးရနှင့် ဆက်စပ်နေသည့် Cozy Bear အဖွဲ့သည် ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမတိုင်မီကလည်း ဒီမိုကရက်တစ်ပါတီကို ထိုးဖောက်ဝင်ရောက်(ဟက်)ခဲ့သည်ဟု သံသယဝင်ခံနေရသည့်အဖွဲ့ဖြစ်သည်။

Ref : Russia trying to steal COVID-19 vaccine data, say UK, US and Canada

#PeopleMedia


Share this post