• Follow Us on
Latest News

Home FMI City အိမ္ယာ၌ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားကုိ အၾကမ္းဖက္ တုိက္ခုိက္သည့္ တ႐ုတ္ႏုိင္ငံသား(၅)ဦးကုိ ဖမ္းဆီးအေရးယူ

FMI City အိမ္ယာ၌ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားကုိ အၾကမ္းဖက္ တုိက္ခုိက္သည့္ တ႐ုတ္ႏုိင္ငံသား(၅)ဦးကုိ ဖမ္းဆီးအေရးယူ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၄

ရန္ကုန္တုိင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္ရွိ FMI City အိမ္ယာ၌ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားကုိ အၾကမ္းဖက္ တုိက္ခုိက္သည့္ တ႐ုတ္ႏုိင္ငံသား(၅)ဦးကုိ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးအေရးယူလုိက္သည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ(၇)ရက္ေန႔ ည(၇)နာရီခန္႔အခ်ိန္၌ FMI အိမ္ယာ၌ ေနထုိင္သည့္ တ႐ုတ္ႏုိင္ငံသားသည္ ၎၏ယာဥ္ကုိ အျခားအိမ္ေရွ႕၌ ပိတ္ရပ္ခဲ့သည္။

အဆုိပါျဖစ္စဥ္ေပၚ ယာဥ္ေနရာေရြ႕ေပးရန္ အိမ္ပုိင္ရွင္မ်ားက ေတာင္းဆုိခဲ့သည္။

သုိ႔ေသာ္ တ႐ုတ္ႏုိင္ငံသားမ်ားသည္ ၎တုိ႔၏ယာဥ္ကုိ ဖယ္ရွားေပးျခင္းမရွိဘဲ ဆူပူေအာ္ဟစ္မႈ ျဖစ္ေပၚခဲ့သည္။

ထုိ႔ေနာက္ အိမ္ပုိင္ရွင္မ်ားမွ ျဖစ္စဥ္အေပၚ သက္ဆုိင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ားထံ ဆက္သြယ္ၿပီး အေၾကာင္းၾကာ အကူအညီေတာင္းခံခဲ့သည္။ ရပ္ကြက္အုပ္ေရးအဖြဲ႕မ်ား ေရာက္ရွိလာၿပီးေနာက္ အုပ္ခ်ဳပ္ေရး အဖြဲ႕မ်ားက ယာဥ္ေရြ႕ေပးရန္ ေျပာဆုိရာ တ႐ုတ္ႏုိင္ငံသားမ်ားက တုတ္၊ ဓါးမ်ားျဖင့္ ခုိက္ရန္ျပဳလုပ္ရာ ရာအိမ္ မွဴးအပါအဝင္ စုစုေပါင္းအမ်ဳိးသားသုံးဦး ထိခုိက္ဒဏ္ရာရရွိခဲ့ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက အတည္ ျပဳေျပာဆုိသည္။

လက္ရွိအခ်ိန္၌ တ႐ုတ္ႏုိင္ငံသားမ်ားကုိ သက္ဆုိင္ရာရဲစခန္း၌ ဖမ္းဆီးထားၿပီး ဥပေဒအရ အေရးယူရန္ ေဆာင္ရြက္ထားေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ကဆုိသည္။

အလားတူ ႏုိင္ငံေတာ္အေနျဖင့္ တုိင္းေဒသႀကီး/ျပည္နယ္မ်ားတြင္ တရားမဝင္ေရာက္ရွိေနထုိင္ေသာ ႏုိင္ငံျခား သားမ်ားကုိ စီမံခ်က္အေနျဖင့္ ထိထိေရာက္ေရာက္ စစ္ေဆးသင့္ၿပီး ထုိသုိ႔ မေဆာင္ရြက္လွ်က္ ေရရွည္၌ ႏုိင္ငံသားမ်ားႏွင့္ ႏုိင္ငံျခားသားမ်ား လူမႈေရးပဋိပကၡျဖစ္လာႏုိင္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္က သုံး သပ္ေျပာဆုိသည္။

Photo – Credit

#PeopleMedia

(Unicode)
FMI City အိမ်ယာ၌ အုပ်ချုပ်ရေးအဖွဲ့များကို အကြမ်းဖက် တိုက်ခိုက် သည့် တရုတ်နိုင်ငံသား(၅)ဦးကို ဖမ်းဆီးအရေးယူ
………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ FMI City အိမ်ယာ၌ အုပ်ချုပ်ရေးအဖွဲ့များကို အကြမ်းဖက် တိုက်ခိုက်သည့် တရုတ်နိုင်ငံသား(၅)ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူလိုက်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(ရ)ရက်နေ့ ည(ရ)နာရီခန့်အချိန်၌ FMI အိမ်ယာ၌ နေထိုင်သည့် တရုတ်နိုင်ငံသားသည် ၎င်း၏ယာဉ်ကို အခြားအိမ်ရှေ့၌ ပိတ်ရပ်ခဲ့သည်။

အဆိုပါဖြစ်စဉ်ပေါ် ယာဉ်နေရာရွေ့ပေးရန် အိမ်ပိုင်ရှင်များက တောင်းဆိုခဲ့သည်။

သို့သော် တရုတ်နိုင်ငံသားများသည် ၎င်းတို့၏ယာဉ်ကို ဖယ်ရှားပေးခြင်းမရှိဘဲ ဆူပူအော်ဟစ်မှု ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် အိမ်ပိုင်ရှင်များမှ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထံ ဆက်သွယ်ပြီး အကြောင်းကြာ အကူအညီတောင်းခံခဲ့သည်။ ရပ်ကွက်အုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီးနောက် အုပ်ချုပ်ရေး အဖွဲ့များက ယာဉ်ရွေ့ပေးရန် ပြောဆိုရာ တရုတ်နိုင်ငံသားများက တုတ်၊ ဓါးများဖြင့် ခိုက်ရန်ပြုလုပ်ရာ ရာအိမ် မှူးအပါအဝင် စုစုပေါင်းအမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက အတည် ပြုပြောဆိုသည်။

လက်ရှိအချိန်၌ တရုတ်နိုင်ငံသားများကို သက်ဆိုင်ရာရဲစခန်း၌ ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူရန် ဆောင်ရွက်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်ကဆိုသည်။

အလားတူ နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင်ရောက်ရှိနေထိုင်သော နိုင်ငံခြား သားများကို စီမံချက်အနေဖြင့် ထိထိရောက်ရောက် စစ်ဆေးသင့်ပြီး ထိုသို့ မဆောင်ရွက်လျှက် ရေရှည်၌ နိုင်ငံသားများနှင့် နိုင်ငံခြားသားများ လူမှုရေးပဋိပက္ခဖြစ်လာနိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်က သုံး သပ်ပြောဆိုသည်။

Photo – Credit

#PeopleMedia


Share this post