• Follow Us on

Home ရာသီသွေးပေါ်၍ အိမ်အပြင်၌နေခိုင်းသော အမျိုးသမီးသေဆုံး၍ တာဝန်ရှိသူကို ပထမဦးဆုံးအကြိမ်ဖမ်းဆီး


Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈






Ref;AFP

#PeopleMedia

[Unicode]
ရာသီသွေးပေါ်၍ အိမ်အပြင်၌နေခိုင်းသော အမျိုးသမီးသေဆုံး၍ တာဝန်ရှိသူကို ပထမဦးဆုံးအကြိမ်ဖမ်းဆီး
………………………………………………………………………….

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈

နီပေါနိုင်ငံမှာ ရာသီသွေးပေါ်တဲ့ အမျိုးသမီးကို အိမ်ပြင်တဲမှာ ထားရာက သေဆုံးခဲ့တဲ့အတွက် ခဲအိုတော်စပ်တဲ့ အမျိုးသားကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ထုံးတမ်းအစဉ်အလာအရ အခုလိုထားရှိတဲ့ ဖြစ်ရပ်မှာ တာဝန်ရှိသူကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှုဟာ ပထမဦးဆုံးအကြိမ်လို့ယူဆရပါတယ်။

နီပေါနိုင်ငံမှာ အသိုင်းအဝိုင်းအများစုဟာ ရာသီသွေးပေါ်တဲ့ အမျိုးသမီးကို မသန့်ရှင်းမှုအဖြစ် ရှုမြင်ကြပြီး တချို့ ကျေးလက်ဒေသတွေမှာ နေအိမ်နဲ့ဝေးလံတဲ့ တဲတွေမှာ နေထိုင်ခိုင်းကြပါတယ်။

ရာစုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့ အခုဓလေ့ကြောင့် နှစ်စဉ်အမျိုးသမီးတွေဟာ မီးခိုးမွှန်ခြင်း၊တိရိစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရလျက်ရှိနေပါတယ်။

တနင်္ဂနွေနေ့က သေဆုံးလျက်တွေ့ရှိရတဲ့ အသက် ၂၁ နှစ်အရွယ်အမျိုးသမီးဟာ အနွေးဓာတ်ရရှိဖို့ အိမ်ပြင်တဲထဲမှာ မီးဖိုရာက မီးခိုးမွှန်ပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။

Ref;AFP
Nepal makes first arrest over ‘menstruation huts’ after woman dies

#PeopleMedia


Share this post