• Follow Us on

Home Iphone အပါအ၀င္ တန္ဖုိးျမင့္ဖုန္းအလုံးေရ ၂၆၉၀ လုံးကုိ မႏၲေလး၌ ဖမ္းဆီးရမိ

Iphone အပါအ၀င္ တန္ဖုိးျမင့္ဖုန္းအလုံးေရ ၂၆၉၀ လုံးကုိ မႏၲေလး၌ ဖမ္းဆီးရမိ

Share this post

မႏၲေလး၊ ဇန္န၀ါရီ – ၄

မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္ ၁၆ မိုင္ စစ္ေဆးေရးစခန္းတြင္ ဇန္နဝါရီ ၃ ရက္ နံနက္ ၇ နာရီက အေကာက္ခြန္မဲ့ပစၥည္းမ်ား သယ္ေဆာင္လာသည့္ ယာဥ္ႏွစ္စီးမွ Iphone အပါအ၀င္ တန္ဖုိးျမင့္ဖုန္းအလုံးေရ ၂၆၉၀ လုံးကုိ မႏၲေလး၌ ဖမ္းဆီးရမိခဲ့သည္။

မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ုံး၊ ရဲအကူတပ္ဖြဲ႕ခြဲ၊ တိုင္းမႈခင္းအကူဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားသည္ အေကာက္ ခြန္မဲ့ပစၥည္းမ်ား သယ္ေဆာင္ျဖတ္သန္းသြားလာေနေၾကာင္း သတင္းအရ (၁၆)မိုင္ စစ္ေဆးေရးစခန္းမွ အေကာက္ခြန္မွဴး(၂)ဦးတို႔ႏွင့္အတူ ျပည္ေထာင္စုလမ္းမႀကီး မႏၲေလး-ျပင္ဦးလြင္လမ္းပိုင္း မိုင္တိုင္အမွတ္ (၁၉/၅)တြင္ ယာဥ္ေမာင္း ၿငိမ္းသန္း ေမာင္းႏွင္လာသည့္ MDY-4N/×××× TOYOTA Hiace အျဖဴေရာင္ယာဥ္ ႏွင့္ ယာဥ္ေမာင္းညီညီ (ခ)ေဇာ္ေဇာ္ေဌး ေမာင္းႏွင္လာသည့္ MDY-3P/×××× TOYOTA RegiusHiace အျဖဴေရာင္ယာဥ္တို႔အား မသကၤာသျဖင့္ ၁၆ မိုင္စစ္ေဆးေရးစခန္းသို႔ ေခၚေဆာင္စစ္ေဆးရာမွ တရားမဝင္ အေကာက္ခြန္မဲ့ ပစၥည္းမ်ားျဖစ္သည့္ (Red Mi, Mi Note, Mi Max, Xiaomi, Oppo, True One, Hello, Nokia, Samsung, Iphone) Memory Stick ႏွင့္ SD Card မ်ားအား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ယာဥ္ေမာင္း ၿငိမ္းသန္း ေမာင္းႏွင္လာသည့္ MDY-4N/×××× TOYOTA Hiace အျဖဴေရာင္ယာဉ္ေပၚမွ အေကာက္ခြန္မဲ့ ဖုန္းအေဟာင္း/ အသစ္မ်ိဳးစုံ စုစုေပါင္း ၁၇၉၂ လုံး၊ Memory Stick (၆၀)ခုႏွင့္ SD Card (၁၄၀၀)ခုတို႔ သိမ္းဆည္းရမိခဲ့ၿပီး ယာဥ္ေမာင္းညီညီ(ခ)ေဇာ္ေဇာ္ေဌး ေမာင္းႏွင္လာသည့္ MDY-3P/×××× TOYOTA RegiusHiace အျဖဴေရာင္ယာဉ္ေပၚမွ ဖုန္းအသစ္မ်ိဳးစုံ စုစုေပါင္း (၂၆၉၀) လုံးတို႔ဖမ္းဆီးရမိေၾကာင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ုံးက သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #Crime

(Unicode)
Iphone အပါအဝင် တန်ဖိုးမြင့်ဖုန်းအလုံးရေ ၂၆၉၀ လုံးကို မန္တလေး၌ ဖမ်းဆီးရမိ
……………………………………………………………

မန္တလေး၊ ဇန်နဝါရီ – ၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးစခန်းတွင် ဇန်နဝါရီ ၃ ရက် နံနက် ၇ နာရီက အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်နှစ်စီးမှ Iphone အပါအဝင် တန်ဖိုးမြင့်ဖုန်းအလုံးရေ ၂၆၉၀ လုံးကို မန္တလေး၌ ဖမ်းဆီးရမိခဲ့သည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ တိုင်းမှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် အကောက် ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ဖြတ်သန်းသွားလာနေကြောင်း သတင်းအရ (၁၆)မိုင် စစ်ဆေးရေးစခန်းမှ အကောက်ခွန်မှူး(၂)ဦးတို့နှင့်အတူ ပြည်ထောင်စုလမ်းမကြီး မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း မိုင်တိုင်အမှတ် (၁၉/၅)တွင် ယာဉ်မောင်း ငြိမ်းသန်း မောင်းနှင်လာသည့် MDY-4N/×××× TOYOTA Hiace အဖြူရောင်ယာဉ် နှင့် ယာဉ်မောင်းညီညီ (ခ)ဇော်ဇော်ဌေး မောင်းနှင်လာသည့် MDY-3P/×××× TOYOTA RegiusHiace အဖြူရောင်ယာဉ်တို့အား မသင်္ကာသဖြင့် ၁၆ မိုင်စစ်ဆေးရေးစခန်းသို့ ခေါ်ဆောင်စစ်ဆေးရာမှ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် (Red Mi, Mi Note, Mi Max, Xiaomi, Oppo, True One, Hello, Nokia, Samsung, Iphone) Memory Stick နှင့် SD Card များအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်း ငြိမ်းသန်း မောင်းနှင်လာသည့် MDY-4N/×××× TOYOTA Hiace အဖြူရောင်ယာဉ်ပေါ်မှ အကောက်ခွန်မဲ့ ဖုန်းအဟောင်း/ အသစ်မျိုးစုံ စုစုပေါင်း ၁၇၉၂ လုံး၊ Memory Stick (၆၀)ခုနှင့် SD Card (၁၄၀၀)ခုတို့ သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်းညီညီ(ခ)ဇော်ဇော်ဌေး မောင်းနှင်လာသည့် MDY-3P/×××× TOYOTA RegiusHiace အဖြူရောင်ယာဉ်ပေါ်မှ ဖုန်းအသစ်မျိုးစုံ စုစုပေါင်း (၂၆၉၀) လုံးတို့ဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #Crime


Share this post