• Follow Us on
Latest News

Home NDC က ဖွင့်လှစ်မယ့် ကာကွယ်ရေးသင်တန်းအသစ်ကို ပေထောင်တန် တက်ရောက်မည်

NDC က ဖွင့်လှစ်မယ့် ကာကွယ်ရေးသင်တန်းအသစ်ကို ပေထောင်တန် တက်ရောက်မည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀

 

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College-NDC) က သင်ကြားပို့ချမယ့် ကာကွယ်ရေး သင်တန်းအသစ်တစ်ခုကို တက်ရောက်လေ့လာမယ့် ပထမဦးဆုံး လူငယ်အမှုဆောင်အရာရှိတွေထဲမှာ ဝန်ကြီး ချုပ်ဟောင်းသက်ဆင်သမီးဖြစ်သူ ပေထောင်တန်ရှင်နာထပ်ထရာပါဝင်မှာဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်း ရင်းမြစ်တစ်ဦးက ပြောကြားလိုက်ပါတယ်။

 

Mini-NDC course လို့ သိထားကြတဲ့ အနာဂတ်ကာလ အမှုဆောင်အရာရှိတွေအတွက် အမျိုးသားကာကွယ် ရေးသင်ခန်းစာကို အင်တာနက်သြဇာလွှမ်းမိုးနိုင်သူတွေ၊ သရုပ်ဆောင်တွေအပါဝင် တပ်မတော်အလယ်အ လတ်အဆင့်အရာရှိတွေ၊ နယ်ဘက်အရာထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ပြီး သင်ရိုး ညွှန်းတမ်းရေးဆွဲထားတာဖြစ်ပါတယ်။

 

ဒီသင်တန်းဟာ စစ်ဘက်ဆိုင်ရာ soft power မှာ အဓိကအရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

လက်ရှိနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ တက်ရောက်သင်ကြားနေတဲ့ အမှုဆောင်အရာရှိတွေဟာ အ သက် ၅၂-၅၅ ဝန်းကျင်ဖြစ်ပေမဲ့ အခုသင်ခန်းစာအသစ် သင်ယူမယ့်အမှုဆောင်အရာရှိတွေကတော့ အသက် ၃၅-၄၂ ဝန်းကျင်ဖြစ်ပြီး သင်တန်းကို လာမယ့်နှစ်မှာစတင်မှာဖြစ်ပါတယ်။

 

အလုပ်အကိုင်တွေ ရှာဖွေနေသူတွေနဲ့ ပိုမိုတိုးတက်အောင် မြင်အောင်ကြိုးပမ်းနေတဲ့သူတွေက ဒီသင်တန်းမှာ ပါဝင်တဲ့ အခွင့်အလမ်းတွေကို စိတ်အားထက်သန်စွာ ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

 

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာတက်ရောက်သင်ကြားနေသူတွေဟာ အသက် ၅၀ ဝန်းကျင်တွေဖြစ်ပြီး မကြာခင်အငြိမ်းစားယူတော့မယ့်အရွယ်တွေဖြစ်တာကြောင့် အခုသင်ကြားမယ့် သင်တန်းဟာ တက်ရောက်သူ တွေကြားမှာ အသက် ၅၀ ဝန်းကျင်အရွယ်တွေထက် အချင်းချင်း ပိုမိုဆက်သွယ်မှုတွေရအောင် အားပေးမြှင့် တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

 

အခုသင်ကြားမယ့် mini-NDC programme ဟာ မျိုးဆက်သစ်လူငယ်တွေကြားထဲမှာ ဆန်းစစ်ဝေဖန်ခွဲခြမ်း စိတ်ဖြာနိုင်မှုစွမ်းရည်နဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးရင်း အမျိုးသားလုံခြုံရေးအကြောင်းကို ပိုမို သိရှိနားလည်လာနိုင်အောင် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

 

အသက် ၃၇ နှစ်အရွယ် မစ္စပေထောင်တန်ဟာ mini-NDC course တက်ရောက်ဖို့ ၎င်းရဲ့အရင်းနှီးဆုံးမိတ်ဆွေ တွေနဲ့အတူ စာရင်းပေးသွင်းခဲ့ကြောင်း၊ အခုလိုသင်တန်းတက်ရောက်တဲ့အတွက် နိုင်ငံရဲ့ကာကွယ်ရေးတာဝန် တွေကို ၎င်းအနေနဲ့ ပိုမိုနားလည်သဘောပေါက်လာမယ်လို့ ထိုင်းတပ်မတော်က မျှော်လင့်ကြောင်း အဆိုပါ သ တင်းရင်းမြစ်က ပြောပါတယ်။

 

ဒါပေမဲ့ ထိုင်းတပ်မတော်ဟာ အကျိုးစီးပွားတူအချင်းချင်းရိုင်းပင်းကူညီတဲ့ယဉ်ကျေးမှုတစ်ရပ် မြှင့်တင်ဖို့အတွက် NDC course တွေကို အသုံးပြုနေတယ်လို့ အဝေဖန်ခံနေရတာ ကြာပြီဖြစ်ပါတယ်။

 

NDC သင်တန်းတက်ရောက်နေသူတွေကိုလည်း ကိုယ်ကျိုးစီးပွားကွန်ရက်ထဲမှာ ရောယှက်မနေဖို့ ထိုင်းဝန်ကြီး ချုပ်ဆရက်ထာက သတိပေးခဲ့ပါတယ်။

 

ဖီယူထိုင်းပါတီရဲ့ခေါင်းဆောင်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာရဲ့သမီးဖြစ်သူ ပေထောင် တန်ဟာ အစိုးရသက်တမ်းလေးနှစ်မပြည့်ခင် ဝန်ကြီးချုပ်ဆရက်ထာ နိုင်ငံရေးဆူပူမှုတွေကြောင့် တစ်စုံတစ်ခု ဖြစ်ခဲ့ရင် ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားခံရသူဖြစ်ပါတယ်။

 

တော်ဝင်ထိုင်းတပ်မတော်ရဲ့ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆောင်းဝတ်နန်းဖတ်ခ်ဒီကတော့ မစ္စပေထောင် တန်အခုလို မဟာဗျူဟာမြောက်ရည်ရွယ်ချက်နဲ့ NDC သင်တန်းတက်ရောက်ခွင့်လျှောက်ထားတာကို အားပေး ကြိုဆိုလိုက်ပြီး နောက်ထပ် မျိုးဆက်သစ်လူငယ်တွေကိုပါ ဆွဲဆောင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Ref: Paetongtarn signs up for military networking

 

#PeopleMedia


Share this post