• Follow Us on
Latest News

Home နွားထိုးကြီးမြို့တွင် အမျိုးသားတစ်ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး လက်ပြန်ကြိုးတုတ်၍ ဓားဖြင့် ထိုး သတ်

နွားထိုးကြီးမြို့တွင် အမျိုးသားတစ်ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး လက်ပြန်ကြိုးတုတ်၍ ဓားဖြင့် ထိုး သတ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ တက်စည်ကျေးရွာအနီး ပြင်စည်-တက်စည် ဆည် ဘောင်လမ်းဘေးတွင် အမျိုးသားတစ်ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး လက်ပြန်ကြိုးတုတ်၍ ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ထန်းတောကျေးရွာတွင် နေသည့် ဦးအေးမြင့်ကြိုင်၏ နေ အိမ်သို့ PDF များရောက်ရှိလာပြီး ထိုအမျိုးသားကို မြင်းခြံ-ရေဝန်းသွားကားလမ်း၊ တံတားမိုင်တိုင်အမှတ် ၂/၃၁ တောင်ဘက် ပေ ၂၀၀ ခန့်အကွာ၊ ပြင်စည်-တက်စည်ဆည်ဘောင်လမ်းဘေးသို့ ဖမ်းဆီးခေါ်ဆောင်ပြီး လက် ပြန်ကြိုးတုတ်၍ ဓားဖြင့်ဝိုင်းဝန်းထိုးသတ်ခဲ့ကြောင်း ထိုဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။

 

ထိုဓားဖြင့်ထိုးသတ်ခံရသည့် အသက် (၄၁) နှစ်အရွယ် ဦးအေးမြင့်ကြိုင်မှာ လက်ပြန်ကြိုးတုတ်၍ လည်ပ င်း ပြတ်ရှဒဏ်ရာ၊ ဘယ်ဘက်ရင်အုံထိုးသွင်းဒဏ်ရာတို့ရရှိ၍ သေဆုံးနေကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူလပိုင်းကလည်း နွားထိုးကြီးမြို့တွင် အသက် (၆၀) ဝန်းကျင်ရှိသည့် အမျိုးသားအပါအဝင် ပြည်သူ (၄) ဦးကို PDF များမှ အစုလိုက်သတ်ဖြတ်လိုက်သည့် ဖြစ်စဉ်များရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post