• Follow Us on
Latest News

Home Online Game လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ (၇၁) ဦးအား ဖမ်းဆီရမိ၊ ဖမ်းဆီးရမိသူများအား ထိရောက် စွာ အရေးယူမည်

Online Game လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ (၇၁) ဦးအား ဖမ်းဆီရမိ၊ ဖမ်းဆီးရမိသူများအား ထိရောက် စွာ အရေးယူမည်

Share this post

နေပြည်တော်၊ မတ် ၁

 

Online အခြေပြုလောင်းကစားလုပ်ငန်းများ၊ ကံစမ်းမဲဖောက်လုပ်ငန်းများနှင့် တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်နေသူ ၇၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသူများအား ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

 

Online အခြေပြုလောင်းကစားလုပ်ငန်းများ၊ ကံစမ်းမဲဖောက်လုပ်ငန်းများနှင့် တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်နေသူ ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးဆိုင်ရာ အထောက်အကူပြု မှတ်တမ်းများနှင့် နည်းပညာဆိုင်ရာအချက်အလက်များအား အခြေပြု၍ စောင့်ကြည့်ကာ စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ TTbet Online Game လောင်းကစား လုပ်ငန်း၊ Golden Gift(Online ကံစမ်းမဲ ဖောက်လောင်းကစားလုပ်ငန်း)နှင့် Sky Pay Mobile Financial Services Co.,Ltd. အမည်ခံကာ Money Bag Application၊ Cash Now Application၊ Cola Kyat နှင့် U Loan Application များအသုံးပြု၍ တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်များတွင် Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ တရားခံ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ကာ လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6S-8888 Mercedes Benz အနက်ရောင်ယာဉ် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက် ရောင် ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး အမှုမှ တရားခံများ ပြစ်မှုကျူးလွန်ရာတွင် ဖွင့်လှစ် အသုံးပြုခဲ့ သည့် ဘဏ်အကောင့် များနှင့် KBZ Pay ၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် ၄၈၀၅ သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့အား ယာယီတားဆီးထိန်းသိမ်းထားရှိကာ အဆိုပါအကောင့်များအတွင်းရှိ ငွေများအား  စိစစ်လျက်ရှိပြီး တရားခံများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 

#PeopleMedia


Share this post