• Follow Us on

Home ျပည္သူအားလုံးကို ကိုဗစ္ကာကြယ္ေဆး အခမဲ့ ထိုးႏွံေပးမည္ဟု အင္ဒိုနီးရွားသမၼတ ဝီဒိုဒို ေျပာ

ျပည္သူအားလုံးကို ကိုဗစ္ကာကြယ္ေဆး အခမဲ့ ထိုးႏွံေပးမည္ဟု အင္ဒိုနီးရွားသမၼတ ဝီဒိုဒို ေျပာ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၆ (People Media)
 
ကာကြယ္ေဆးမ်ားက ေဘးအႏၲရာယ္ကင္းေၾကာင္း ျပည္သူလူထု သိရွိေစရန္ ဗိုင္းရပ္စ္ကာကြယ္ေဆး အ ရင္ဆုံး ထိုးႏွံခံရန္ အသင့္ရွိေၾကာင္း အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုက ေျပာၾကားလိုက္သည္။
 
“ကၽြန္ေတာ္ ပထမဆုံး ကိုဗစ္ကာကြယ္ေဆး ထိုးႏွံခံပါမယ္။ ဗိုင္းရပ္စ္ကာကြယ္ေဆးေတြက ေဘး အႏၲရာယ္ကင္းတယ္ဆိုတာ ျပည္သူလူထု ယုံၾကည္ေစဖို႔ျဖစ္ပါတယ္” ဟု ဝီဒိုဒိုက သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာသည္။
 
အင္ဒိုနီးရွားျပည္သူမ်ားက ကာကြယ္ေဆးထိုးႏွံမႈ မစတင္မီ ႏွာေခါင္းစည္းတပ္ဆင္ၾကရန္၊ ခပ္ခြာခြာေန စည္းမ်ဥ္းမ်ား လိုက္နာၾကရန္ႏွင့္ လက္ေဆးၾကရန္ ၄င္းက ေမတၱာရပ္ခံခဲ့သည္။
 
အင္ဒိုနီးရွားအစိုးရက ျပည္သူမ်ားကို ကိုဗစ္ကာကြယ္ေဆး အခမဲ့ ထိုးႏွံေပးမည္ဟု သူက ဆိုသည္။ “ျပည္ သူေတြအတြက္ ကိုဗစ္ကာကြယ္ေဆးက အခမဲ့ျဖစ္ပါတယ္။ အခေၾကးေငြ ေပးစရာမလိုပါဘူး” ဟု ၄င္းက ေျပာ သည္။
 
၂၀၂၁ ခုႏွစ္ ဘတ္ဂ်က္အတြင္း ကာကြယ္ေဆးထိုးႏွံေရး အစီအစဥ္ကို ဦးစားေပးလုပ္ေဆာင္ရန္ ဝန္ႀကီး ဌာနမ်ား၊ အဖြဲ႕အစည္းမ်ား၊ ေဒသႏၲရအစိုးရမ်ားသို႔ ညႊန္ၾကားခဲ့ေၾကာင္း ဂ်ိဳကိုဝီဒိုဒိုက ေျပာသည္။
 
အင္ဒိုနီးရွားျပည္သူမ်ားအားလုံးကို ဗိုင္းရပ္စ္ကာကြယ္ေဆး အခမဲ့ ထိုးႏွံေပးမည္ျဖစ္ၿပီး ျပည္သူမ်ားက ကာကြယ္ေဆးရရွိေရးႏွင့္ပတ္သက္၍ စိတ္ပူစရာမလိုေၾကာင္း ၄င္းက ဆိုသည္။
 
ကိုးကား – ဆင္ဟြာ
 
Ref; Indonesian president says to get vaccinated first to show COVID-19 vaccine safety
 
(unicode)
ပြည်သူအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဟု အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို ပြော
……………………………………………………
 
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆ (People Media)
 
ကာကွယ်ဆေးများက ဘေးအန္တရာယ်ကင်းကြောင်း ပြည်သူလူထု သိရှိစေရန် ဗိုင်းရပ်စ်ကာကွယ်ဆေး အ ရင်ဆုံး ထိုးနှံခံရန် အသင့်ရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်သည်။
 
“ကျွန်တော် ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံပါမယ်။ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေက ဘေး အန္တရာယ်ကင်းတယ်ဆိုတာ ပြည်သူလူထု ယုံကြည်စေဖို့ဖြစ်ပါတယ်” ဟု ဝီဒိုဒိုက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောသည်။
 
အင်ဒိုနီးရှားပြည်သူများက ကာကွယ်ဆေးထိုးနှံမှု မစတင်မီ နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ခပ်ခွာခွာနေ စည်းမျဉ်းများ လိုက်နာကြရန်နှင့် လက်ဆေးကြရန် ၄င်းက မေတ္တာရပ်ခံခဲ့သည်။
 
အင်ဒိုနီးရှားအစိုးရက ပြည်သူများကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဟု သူက ဆိုသည်။ “ပြည် သူတွေအတွက် ကိုဗစ်ကာကွယ်ဆေးက အခမဲ့ဖြစ်ပါတယ်။ အခကြေးငွေ ပေးစရာမလိုပါဘူး” ဟု ၄င်းက ပြော သည်။
 
၂၀၂၁ ခုနှစ် ဘတ်ဂျက်အတွင်း ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို ဦးစားပေးလုပ်ဆောင်ရန် ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများ၊ ဒေသန္တရအစိုးရများသို့ ညွှန်ကြားခဲ့ကြောင်း ဂျိုကိုဝီဒိုဒိုက ပြောသည်။
 
အင်ဒိုနီးရှားပြည်သူများအားလုံးကို ဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဖြစ်ပြီး ပြည်သူများက ကာကွယ်ဆေးရရှိရေးနှင့်ပတ်သက်၍ စိတ်ပူစရာမလိုကြောင်း ၄င်းက ဆိုသည်။
 
ကိုးကား – ဆင်ဟွာ
 
Ref; Indonesian president says to get vaccinated first to show COVID-19 vaccine safety

Share this post