• Follow Us on

Home ကန္ေဒၚလာ သန္း ၂၀၀ တန္ Global Hawk ဒ႐ုန္း ၁ စီး ေတာင္ကိုရီးယားစတင္လက္ခံရရွိ

ကန္ေဒၚလာ သန္း ၂၀၀ တန္ Global Hawk ဒ႐ုန္း ၁ စီး ေတာင္ကိုရီးယားစတင္လက္ခံရရွိ

Share this post

ေတာင္ကိုရီးယားႏုိင္ငံက အေမရိကန္က၀ယ္ယူထားတဲ့ R-Q4 Global Hawk ၄ စီးမွာ ၁ စီးဟာ ေတာင္ကိုရီး ယားေလတပ္အေျခစိုက္စခန္းတစ္ခုကို ဒီဇင္ဘာ ၂၃ ရက္ေန႔ မနက္မွာ ေရာက္ရွိလာၿပီျဖစ္ပါတယ္။

က်န္တဲ့ေနာက္ ၃ စီးဟာ လာမယ့္ႏွစ္အေစာပိုင္းကာလမွာ ေရာက္ရွိမယ္လို႔ သိရပါတယ္။ အေမရိကန္ေဒၚလာ သန္း ၂၀၀ တန္ဖိုးရွိတဲ့ Global Hawk ဒ႐ုန္းဟာ အေမရိကန္ရဲ႕စြမ္းေဆာင္ရည္ျမင့္ မဟာဗ်ဴဟာေျမာက္ပိုင္ဆိုင္ မႈတစ္ခုျဖစ္ၿပီး ေျမာက္ကိုရီးယားရဲ႕ စစ္ေရးလႈပ္ရွားမႈေတြကို ေတာင္ကိုရီးယားေစာင့္ၾကည့္ႏုိင္စြမ္းကိုလည္း ျမွင့္ တင္ေပးႏုိင္ဖို႔ ရွိပါတယ္။

Global Hawk ဒ႐ုန္းေတြဟာ တစ္ႀကိမ္ကို နာရီ ၄၀နဲ႔ အထက္ ပ်ံသန္းႏုိင္ၿပီး အျမင့္ေပ ၂၀ ကီလိုမီတာအထိ ပ်ံသန္းႏိုင္စြမ္းရွိပါတယ္။

ရာသီဥတုဒဏ္ခံႏုိင္တဲ့ Global Hawk ေတြဟာ ေရဒါနည္းပညာကို အသံုးျပဳၿပီး ေျမျပင္ကအရာေတြရဲ႕ ေရြ႕ လ်ားမႈသတင္္းအခ်က္အလက္ေတြကို စုေဆာင္းႏိုင္စြမ္းရွိပါတယ္။

Ref; arirang.com

#PeopleMedia

(Unicode)
ကန်ဒေါ်လာ သန်း ၂၀၀ တန် Global Hawk ဒရုန်း ၁ စီး တောင်ကိုရီး ယားစတင်လက်ခံရရှိ
…………………………………………………………

တောင်ကိုရီးယားနိုင်ငံက အမေရိကန်ကဝယ်ယူထားတဲ့ R-Q4 Global Hawk ၄ စီးမှာ ၁ စီးဟာ တောင်ကိုရီး ယားလေတပ်အခြေစိုက်စခန်းတစ်ခုကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်မှာ ရောက်ရှိလာပြီဖြစ်ပါတယ်။

ကျန်တဲ့နောက် ၃ စီးဟာ လာမယ့်နှစ်အစောပိုင်းကာလမှာ ရောက်ရှိမယ်လို့ သိရပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိတဲ့ Global Hawk ဒရုန်းဟာ အမေရိကန်ရဲ့စွမ်းဆောင်ရည်မြင့် မဟာဗျူဟာမြောက်ပိုင်ဆိုင် မှုတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တောင်ကိုရီးယားစောင့်ကြည့်နိုင်စွမ်းကိုလည်း မြှင့် တင်ပေးနိုင်ဖို့ ရှိပါတယ်။

Global Hawk ဒရုန်းတွေဟာ တစ်ကြိမ်ကို နာရီ ၄၀နဲ့ အထက် ပျံသန်းနိုင်ပြီး အမြင့်ပေ ၂၀ ကီလိုမီတာအထိ ပျံသန်းနိုင်စွမ်းရှိပါတယ်။

ရာသီဥတုဒဏ်ခံနိုင်တဲ့ Global Hawk တွေဟာ ရေဒါနည်းပညာကို အသုံးပြုပြီး မြေပြင်ကအရာတွေရဲ့ ရွေ့ လျားမှုသတင်းအချက်အလက်တွေကို စုဆောင်းနိုင်စွမ်းရှိပါတယ်။

Ref; arirang.com

#PeopleMedia


Share this post