• Follow Us on

Home ကန္ေရတပ္စခန္းပစ္ခတ္မႈတြင္ တရားခံမွာ ေဆာ္ဒီသင္တန္းသားျဖစ္၍ မေကာင္းဆိုး၀ါးႏုိင္ငံဟု ေျပာဆိုခဲ့

ကန္ေရတပ္စခန္းပစ္ခတ္မႈတြင္ တရားခံမွာ ေဆာ္ဒီသင္တန္းသားျဖစ္၍ မေကာင္းဆိုး၀ါးႏုိင္ငံဟု ေျပာဆိုခဲ့

Share this post

အေမရိကန္ေရတပ္အေျခစိုက္စခန္းတစ္ခုမွာ အခုသတင္းပတ္အတြင္းျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈမွာ တရားခံဟာ ေဆာ္ဒီေလတပ္က သင္တန္းသားတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

လူ ၄ ဦးေသဆံုးခဲ့ၿပီးေနာက္ ရဲေတြက ပစ္သတ္ခဲ့ရတဲ့ တရားခံဟာ အေမရိကန္ႏိုင္ငံကို မေကာင္းဆိုး၀ါးႏိုင္ငံ လို႔ ေအာ္ဟစ္ၿပီး ပစ္ခတ္ခဲ့တာလို႔ သိရပါတယ္။

ဖေလာ္ရီဒါျပည္နယ္ ေရတပ္ပိုင္ေလတပ္စခန္းမွာ ေလေၾကာင္းသင္တန္းတက္ေရာက္ေနတဲ့ ႏိုင္ငံျခားသား သင္တန္းသား ႏွစ္ရာ၀န္းက်င္ရွိေနပါတယ္။

ပစ္ခတ္မႈမွာ လူ ၈ ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ေဆာ္ဒီႏုိင္ငံသားေတြဟာ ၉/၁၁ တိုက္ခိုက္မႈမွာလည္း ပါ၀င္ခဲ့ၾကၿပီး ၄င္းတို႔ထဲက တခ်ိဳ႕ဟာ ဖေလာ္ရီဒါမွာ ေလေၾကာင္းသင္တန္းတက္ေရာက္ခဲ့ဖူးသူေတြျဖစ္တာ ေၾကာင့္ အခုျဖစ္ရပ္အတြက္ ေနာက္ဆက္တြဲေမးခြန္းထုတ္စရာေတြျဖစ္ေစခဲ့ပါတယ္။

အခုျဖစ္ရပ္အေပၚ စံုစမ္းစစ္ေဆးမႈေတြကို ေစာင့္ၾကည့္သြားမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာ ၾကားထားပါတယ္။

ေသဆံုးခဲ့တဲ့ တရားခံဟာ တိုက္ခိုက္မႈမျပဳလုပ္ခင္ရက္ပိုင္းအတြင္း လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ အေမရိ ကန္ဆန္႔က်င္ေရးအသံုးအႏႈန္းမ်ား ေရးသားပို႔စ္တင္ခဲ့တယ္လို႔လည္းသိရပါတယ္။

Ref; oneindia.com

#PeopleMedia #International

(Unicode)
ကန်ရေတပ်စခန်းပစ်ခတ်မှုတွင် တရားခံမှာ ဆော်ဒီသင်တန်းသားဖြစ်၍ မကောင်းဆိုးဝါးနိုင်ငံဟု ပြောဆိုခဲ့
…………………………………………………………………

အမေရိကန်ရေတပ်အခြေစိုက်စခန်းတစ်ခုမှာ အခုသတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ တရားခံဟာ ဆော်ဒီလေတပ်က သင်တန်းသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

လူ ၄ ဦးသေဆုံးခဲ့ပြီးနောက် ရဲတွေက ပစ်သတ်ခဲ့ရတဲ့ တရားခံဟာ အမေရိကန်နိုင်ငံကို မကောင်းဆိုးဝါးနိုင်ငံ လို့ အော်ဟစ်ပြီး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဖလော်ရီဒါပြည်နယ် ရေတပ်ပိုင်လေတပ်စခန်းမှာ လေကြောင်းသင်တန်းတက်ရောက်နေတဲ့ နိုင်ငံခြားသား သင်တန်းသား နှစ်ရာဝန်းကျင်ရှိနေပါတယ်။

ပစ်ခတ်မှုမှာ လူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆော်ဒီနိုင်ငံသားတွေဟာ ၉/၁၁ တိုက်ခိုက်မှုမှာလည်း ပါဝင်ခဲ့ကြပြီး ၄င်းတို့ထဲက တချို့ဟာ ဖလော်ရီဒါမှာ လေကြောင်းသင်တန်းတက်ရောက်ခဲ့ဖူးသူတွေဖြစ်တာ ကြောင့် အခုဖြစ်ရပ်အတွက် နောက်ဆက်တွဲမေးခွန်းထုတ်စရာတွေဖြစ်စေခဲ့ပါတယ်။

အခုဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုတွေကို စောင့်ကြည့်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြော ကြားထားပါတယ်။

သေဆုံးခဲ့တဲ့ တရားခံဟာ တိုက်ခိုက်မှုမပြုလုပ်ခင်ရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ အမေရိ ကန်ဆန့်ကျင်ရေးအသုံးအနှုန်းများ ရေးသားပို့စ်တင်ခဲ့တယ်လို့လည်းသိရပါတယ်။

Ref; oneindia.com

#PeopleMedia #International


Share this post