• Follow Us on

Home ကရဝိတ်ခန်းမတင်ဒါကို ဇေကမ္ဘာမှ ဝင်ရောက်ယှဉ်ပြိုင်မည်


Share this post

ရန်ကုန်၊ ဇွန် – ၂၅







Photo – Toe Naing Man

(unicode)
ကရဝိတ်ခန်းမတင်ဒါကို ဇေကမ္ဘာမှ ဝင်ရောက်ယှဉ်ပြိုင်မည်
……………………………………………

ရန်ကုန်၊ ဇွန် – ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်ကြီးဝန်းအတွင်းရှိ ကရဝိတ်ခန်းမနှင့် ဆက်စပ်လျက်ရှိသည့် မြေ နေရာကို တင်ဒါနှင့်ပတ်သက်၍ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီဒုဥက္ကဌဦးဇေသီဟက ပြောပါတယ်။

“တင်ဒါကို ဝင်ပြိုင်ရမည့် တာဝန်ရှိပါတယ်။ တင်ဒါကို ဝင်ပြိုင်ဖို့ ဆောင်ရွက်ထားပါတယ်” လို့ ဦးဇေသီဟက ဆိုပါတယ်။

အလားတူ ၎င်းတို့အနေဖြင့် အဆိုပါလုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး သတ်မှတ်စာချုပ်၌ စာချုပ်သတ်တမ်းမပြည်ခြင်းကြောင့် သက် ဆိုင်ရာ အစိုးရအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ဦးဇေသီဟက ဆိုပါတယ်။

အဆိုပါ ကရဝိတ်နှင့် ဆက်စပ်မြေနေရာ (၃.၄၅) ဧကကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဇွန်(၈)နေ့၌ စတင်၍ လုပ်ငန်းရှင်များကို တင်ဒါရောင်းချခဲ့ခြင်းဖြစ်ပြီး နောက်ဆုံတင်ဒါပိတ်ရက်ကို ဇူလိုင်(၈)ရက်နေ့ သတ်မှတ်ထားပါတယ်။

ထို့အတူ တင်ဒါဖွင့်မည့်အချိန်ကိုလည်း ဇွန်(၈)ရက် နေ့လည် (၁)နာရီ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

#PeopleMedia #ကရဝိတ် #ဇေကမ္ဘာ

Photo – Toe Naing Man


Share this post