• Follow Us on
Latest News

Home ကျောက်ကြီးမြို့တွင် တောင်ပေါ်သို့ ထင်းသွားခုတ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

ကျောက်ကြီးမြို့တွင် တောင်ပေါ်သို့ ထင်းသွားခုတ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ (ဒေသအခေါ်) ဘင်ဗြဲတောင်အရောက်တွင် ထင်းသွားခုတ်သည့် အမျိုး သားတစ်ဦး PDF များထောင်ထားသည့် မိုင်းကိုနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၈ ရက် နံနက် ၉ နာရီကျော်တွင် ပဲခူးရပ်ကွက်တွင်နေသည့် အမျိုးသားနှစ်ဦးမှာ ထိုရပ်ကွက်အနီး ရှိ (ဒေသအခေါ်) ဘင်ဗြဲတောင်ပေါ်သို့ ထင်းသွားခုတ်စဉ် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မိုင်းနင်းမိသည့် အမျိုးသားမှာ အသက်(၃၀) အရွယ် ကိုအောင်သူထက်ဖြစ်ကြောင်း ၎င်းနှင့်အတူ ထင်းသွား ခုတ်ရာတွင် လိုက်ပါသွားသည့် အမျိုးသားမှာ အသက် (၁၉) နှစ်အရွယ် မောင်ခန့်သူရိန်ဖြစ်ကြောင်း သိရသည်။

 

ကျောက်ကြီးမြို့တွင် PDF များပစ်ခတ်မှုကြောင့် ပြီးခဲ့သည့်လပိုင်းကလည်း အမျိုးသား (၂) ဦး ကျည်ထိမှန်၍ သေဆုံးပြီး အမျိုးသား (၂) ဦးလည်း ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post