• Follow Us on
Latest News

Home အစ္စရေးရှိ အမေရိကန်လက်နက်တိုက်ထဲက လက်နက်ခဲယမ်းတွေ အစ္စရေးတွေထုတ်ယူသုံးစွဲနိုင်ရေးအတွက် ကန့်သတ်ချက်တွေလျှော့ချဖို့အတွက် သမ္မတဘိုင်ဒန်ကြိုးပမ်းနေ

အစ္စရေးရှိ အမေရိကန်လက်နက်တိုက်ထဲက လက်နက်ခဲယမ်းတွေ အစ္စရေးတွေထုတ်ယူသုံးစွဲနိုင်ရေးအတွက် ကန့်သတ်ချက်တွေလျှော့ချဖို့အတွက် သမ္မတဘိုင်ဒန်ကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀

 

အစ္စရေးနိုင်ငံမှာစုပုံထားတဲ့ အမေရိကန်လက်နက်တိုက်ထဲက လက်နက်ခဲယမ်းတွေကို အစ္စရေးတွေ ထုတ်ယူ သုံးစွဲရာမှာ ကန့်သတ်ချက်တွေအားလုံးနီးပါးကို လျှော့ချပစ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က စဉ်းစားနေတယ် လို့ The Defense Post မှာ ရေးသားထားပါတယ်။

 

ဒေသတွင်းစစ်ပွဲတွေဖြစ်လာခဲ့ရင် သုံးစွဲနိုင်ဖို့အတွက် ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းကစပြီး အစ္စရေးနိုင်ငံမှာ အရန်လက်နက်ခဲယမ်းများ (War Reserve Stockpile Allies-Israel -WRSA-I) ဆိုတဲ့နာမည်နဲ့ အမေရိကန်က လက်နက်ခဲယမ်းတွေ စုပုံထားပါတယ်။

 

စုပုံထားတဲ့ အမေရိကန်လက်နက်တိုက်ထဲက လက်နက်ခဲယမ်းတွေကို အစ္စရေးတွေအသုံးပြုရာမှာ ကန့်သတ် ချက်တွေကိုလျှော့ချဖို့ အမေရိကန်အစိုးရက စဉ်းစားနေတာဖြစ်ပါတယ်။

 

အဲဒီလက်နက်ခဲယမ်းတွေကို ထုတ်ယူသုံးစွဲဖို့ အစ္စရေးအစိုးရကို ခွင့်ပြုထားပေမဲ့ “သက်တမ်းလွန်ခဲယမ်းတွေနဲ့ စာရင်းအရ ပိုလျှံခဲယမ်းတွေကို ထုတ်ယူသုံးစွဲခွင့်ပြုတာမျိုးလို” အခြေအနေပေါ်မူတည်ပြီး ကန့်ထားတာတွေရှိ ပါတယ်။

 

ကွန်ဂရက်လွှတ်တော်က စောင့်ကြည့်ထိန်းညှိတာတွေ ခေတ္တရပ်တန့်ထားစဉ်မှာ အစ္စရေးနိုင်ငံကို ပိုမိုခေတ်မီတဲ့ လက်နက်တွေဝယ်ယူဖို့ ခွင့်ပြုပေးပြီး အမေရိကန်လက်နက်တိုက်ထဲက လက်နက်ခဲယမ်းတွေထုတ်ယူသုံးစွဲရာ မှာလည်း ကန့်သတ်ချက်တွေလျှော့ချပေးဖို့ ဘိုင်ဒန်အစိုးရက အထက်လွှတ်တော်ကို မကြာသေးခင်ကပဲ တင်ပြ ခဲ့ပါတယ်။

 

အဆိုပြုထားတဲ့ အပြောင်းအလဲအစီအစဉ်တွေဟာ WRSA-I လက်နက်တိုက်ထဲကို လက်နက်ခဲယမ်းပြန်လည် ဖြည့်တင်းရေးအတွက် အမေရိကန်အစိုးရသုံးစွဲနိုင်တဲ့ ရန်ပုံငွေပမာဏထဲက နှစ်စဉ်သုံးစွဲတဲ့ ဒေါ်လာ သန်း ၂၀၀ ကိုလည်း ဖယ်ရှားပစ်မှာဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို စစ်ရေးအကူအညီအဖြစ် နှစ်စဉ် ဒေါ်လာ ၃.၈ ဘီလျံ ထောက်ပံ့နေတဲ့ နိုင်ငံဖြစ်ပြီး အစ္စရေးနိုင်ငံရဲ့အဓိက မဟာမိတ်နိုင်ငံဖြစ်ပါတယ်။

 

ဘိုင်ဒန်ရဲ့ကြိုးပမ်းမှုဟာ အရှေ့အလယ်ပိုင်းဒေသက အဓိကမဟာမိတ်နိုင်ငံ အစ္စရေးကို လက်နက်ခဲယမ်းတွေ လွှဲပြောင်းပေးရာမှာ အလွယ်တကူဆောင်ရွက်နိုင်မှာဖြစ်ပေမဲ့ ကန့်သတ်ချက်အားလုံးနီးပါး လျှော့ချပစ်လိုက်တာ ဟာ အမေရိကန်အကျိုးစီးပွားအတွက် အန္တရာယ်ရှိတယ်လို့ ဆန်းစစ်လေ့လာသူတချို့က ပြောပါတယ်။

 

အဆိုပြုထားတဲ့အစီအစဉ်ဟာ အမေရိကန်နိုင်ငံရဲ့ စစ်ရေးအသင့်ဖြစ်မှုကို အားနည်းစေတယ်လို့ အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း ဂျို့ပေါလ်က ပြောပါတယ်။

 

“အစ္စရေးနိုင်ငံကို လက်နက်ခဲယမ်းတွေ ပိုမိုထောက်ပံ့နိုင်ဖို့အတွက် အဲဒီလို ကန့်သတ်ချက်တွေကို လျှော့ချပစ် လိုက်တာဟာ အမေရိကန်နိုင်ငံရဲ့ စစ်ရေးအသင့်ဖြစ်မှုကို ပိုမိုထိခိုက်စေနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဘိုင်ဒန်ရဲ့အဆိုပြုချက်ကို ခွင့်ပြုလိုက်မယ်ဆိုရင် ကွန်ဂရက်လွှတ်တော်ရဲ့ခွင့်ပြုချက်မလိုဘဲ အစ္စရေးနိုင်ငံရှိ WRSA-I လက်နက်တိုက်ထဲက လက်နက်ခဲယမ်းတွေကို အစ္စရေးတွေထုတ်ယူသုံးစွဲဖို့ လွတ်လပ်တဲ့ လမ်း ကြောင်းတစ်ခု ဖန်တီးနိုင်မှာဖြစ်ပါတယ်။

 

Ref: Biden Mulls Easing Israeli Access to US Weapons Stockpile

 

#PeopleMedia


Share this post