• Follow Us on

Home “ကျွန်တော်ကတော့ ဦးရွှေမန်းနဲ့ စီးချင်းထိုးခွင့်ရတဲ့အတွက် ၀မ်းသာတယ်” ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း

“ကျွန်တော်ကတော့ ဦးရွှေမန်းနဲ့ စီးချင်းထိုးခွင့်ရတဲ့အတွက် ၀မ်းသာတယ်” ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း

Share this post

“ကျွန်တော်ကတော့ ဦးရွှေမန်းနဲ့ စီးချင်းထိုးခွင့်ရတဲ့အတွက် ၀မ်းသာတယ်” ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း

“ပတ္တာရဲစခန်းက စခန်းမှူးရယ်၊ အမှုစစ်ရယ်၊ ရဲအရာရှိ ၄ ဦးရယ် အဲ့ဒီလို စွဲထားတယ်
ဆိုတာ လာပြီးတော့ အကြောင်းကြားတယ်” ဘူးလတ်လှဆွေ

လူထုမီဒီယာနှင့် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းခဲ့သော ဦးရဲထွဋ်(ပြန်ကြားရေး ဝန်ကြီးဟောင်း)၊ ဦးလှဆွေ(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် ဦးဘိုဘိုကျော်ငြိမ်း(မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)တို့ကို သူရဦးရွှေမန်း နှင့် ပတ်သက်သူတစ်ဦးက နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း၌ အမှုဖွင့်ထားပြီးဖြစ်သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ် ပေးရေး ဥပဒေ ပုဒ်မ ၁၀ သည် ”မည်သူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော် လည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများ ဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း” ပြဋ္ဌာန်းထားသည်။

အဆိုပါပုဒ်မဖြင့် တရားစွဲခံထားရမှုအပေါ် လူထုမီဒီယာမှ ဦးရဲထွဋ်၊ ဦးလှဆွေတို့ကို လူထုမီဒီယာမှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။ အလားတူ လူထုမီဒီယာမှ ဦးရဲထွဋ်၊ ဦးလှဆွေ၊ဦးဘိုဘိုကျော်ငြိမ်းတို့ အင်တာဗျူးဖိုင်ကို ပြန်လည်ဖော်ပြပေးသွားမည်ဖြစ် ပါသည်။

လူထုမီဒီယာ သတင်းဌာန ယခင် Page သည် ယာယီ အပိတ်ခံထားရ၍ လက်ရှိ People Media – လူထုမီဒီယာ Page မှ သတင်းများကို ဆက်လက်ဖော်ပြသွား မည်ဖြစ်သည်။


Share this post
https://www.facebook.com/1120229281493723/videos/457695954796480/