• Follow Us on
Latest News

Home ချမ်းမြသာစည်မြို့တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်ရာ အိမ် (၃) လုံးနှင့်အတူ ယာဉ်တစ်စီး မီးလောင်ဆုံးရူံး

ချမ်းမြသာစည်မြို့တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်ရာ အိမ် (၃) လုံးနှင့်အတူ ယာဉ်တစ်စီး မီးလောင်ဆုံးရူံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အကွက်အမှတ်(၈၅၃)၊ ရန်ကုန် -မန္တလေးသံလမ်းနှင့် စီပါလမ်းမကြားရှိ နေအိမ်တစ်လုံးမှ ဖယောင်းမီးပူဇော်ရာမှတစ်ဆင့် မီးလောင်ရာ နေအိမ် (၃) လုံးနှင့်အတူ မော်တော်ယာဉ်တစ်စီး မီးလောင်ဆုံးရူံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၉ ရက် ည ၆ နာရီကျော်တွင် အမျိုးသာတစ်ဦးမှ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာ ထို ဖယောင်းတိုင်မှပြုတ်ကျ၍ ဘုရားစင်အောက်တွင် ရှိနေသည့် ဆိုဖာပေါ်သို့ ပြုတ်ကျ၍ မီးကူးစပ်လောင်ရာ ထိုနေအိမ်နှင့်အတူ အနီးတွင်ရှိသည့် နေအိမ်တို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်သည့် နေရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦး ဆောင်ပြီး မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေ (၃၀) ဦးနှင့် အရန် (၇၀) ဦးတို့က သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

 

ယင်းမီးလောင်မှုကြောင့် (၂၀×၃၅) ပေပတ်လည် သွပ် မိုး၊ ထရံကာ နေအိမ် (၁)လုံး၊ (၂၀×၂၅) ပေပတ်လည် သွပ် မိုး၊ ထရံကာ နေအိမ်(၁) လုံး၊ (၂၅×၃၀) ပေပတ်လည် နံကပ် (၂)ထပ် နေအိမ်အပေါ် ထပ် နေအိမ်(၁)လုံး၊ စုစုပေါင်းနေ အိမ်(၃)လုံး၊ 8L/—-Light Truck ကားတစ်စီးနှင့်အတွင်း ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ ထိုမီးပေါ့ဆသူကို သက်ဆိုင်ရာမှ အမူဖွင့်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post