ဘုရားကြီးမြို့၊ မယင်းကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး
PUBLISHED - November 17, 2026
နေပြည်တော်၊ နို၀င်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ မယင်းကျေးရွာတွင် ယနေ့ နံနက် ၅နာရီ ၁၈မိနစ်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားခေါင်းခန်းအတွင်း အမျိုးသားတစ်ဦး ညပ်နေကြောင်း သတင်းအရ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ အမျိုးသား သေဆုံးအား မင်းပရဟိတယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia