• Follow Us on

Home ဂ်ပန္ခရီးသည္တင္သေဘၤာေပၚမွာ ေနာက္ထပ္ဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၁ ေယာက္ေတြ႕႐ွိ

ဂ်ပန္ခရီးသည္တင္သေဘၤာေပၚမွာ ေနာက္ထပ္ဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၁ ေယာက္ေတြ႕႐ွိ

Share this post

ယိုကိုဟားမား၊ ေဖေဖာ္ဝါရီ ၇

ဂ်ပန္ႏိုင္ငံကမ္း႐ိုးတန္းမွာ ရပ္နားထားတဲ့ခရီးသည္တင္သေဘၤာေပၚမွာ ေနာက္ထပ္ ကို႐ိုနာဗိ္ုင္းရပ္စ္ကူးစက္ခံရ သူ ၄၁ ေယာက္ထပ္ေတြ႕ခဲ့ပါတယ္။

စုစုေပါင္းကူးစက္ခံရသူ ၆၁ ေယာက္႐ွိလာၿပီး Diamond Princessသေဘၤာေပၚမွာ လူ ၃၇၀၀ ေလာက္ပါလာ တာပါ။

အဲဒီသေဘၤာေပၚကလူေတြကို အနည္းဆံုး ၂ ပတ္ ကူးစက္ခံရမႈ႐ွိမ႐ွိေစာင့္ၾကည့္သြားမွာပါ။

ေဟာင္ေကာင္မွာ ေက်ာက္ခ်ထားတဲ့ World Dream သေဘၤာေပၚမွာလည္း လူ ၃၆၀၀ ႐ွိေနၿပီး ခရီးသည္ ၈ ေယာက္မွာ ကူးစက္ခံရမႈ႐ွိခဲ့ၿပီးေနာက္ ခရီးသည္ေတြကို ကူးစက္ခံရမႈ႐ွိမ႐ွိေစာင့္ၾကည့္ေနတာပါ။

Diamond Princess သေဘၤာေပၚက ကူးစက္မႈေတြပါရင္ ဂ်ပန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၈၆ ေယာက္႐ွိလာၿပီး ဗိုင္းရပ္စ္စေတြ႕ခဲ့တဲ့တ႐ုတ္ႏိုင္ငံေနာက္မွာ ဒုတိယအမ်ားဆံုးျဖစ္ေနပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကူးစက္ခံရသူ ၃၀၀၀၀ ေက်ာ္႐ွိေနၿပီး ေသဆံုးသူ ၆၃၆ ေယာက္႐ွိေနၿပီျဖစ္ပါတယ္။

Source – BBC

Photo – People’s Daily China

#PeopleMedia #JapanCruise #CoronaVirus #2019nCoV

(Unicode)
ဂျပန်ခရီးသည်တင်သင်္ဘောပေါ်မှာ နောက်ထပ်ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ယောက်တွေ့ရှိ
…………………………………………………………

ယိုကိုဟားမား၊ ဖေဖော်ဝါရီ ၇

ဂျပန်နိုင်ငံကမ်းရိုးတန်းမှာ ရပ်နားထားတဲ့ခရီးသည်တင်သင်္ဘောပေါ်မှာ နောက်ထပ် ကိုရိုနာဗိ်ုင်းရပ်စ်ကူးစက်ခံရ သူ ၄၁ ယောက်ထပ်တွေ့ခဲ့ပါတယ်။

စုစုပေါင်းကူးစက်ခံရသူ ၆၁ ယောက်ရှိလာပြီး Diamond Princessသင်္ဘောပေါ်မှာ လူ ၃၇၀၀ လောက်ပါလာ တာပါ။

အဲဒီသင်္ဘောပေါ်ကလူတွေကို အနည်းဆုံး ၂ ပတ် ကူးစက်ခံရမှုရှိမရှိစောင့်ကြည့်သွားမှာပါ။

ဟောင်ကောင်မှာ ကျောက်ချထားတဲ့ World Dream သင်္ဘောပေါ်မှာလည်း လူ ၃၆၀၀ ရှိနေပြီး ခရီးသည် ၈ ယောက်မှာ ကူးစက်ခံရမှုရှိခဲ့ပြီးနောက် ခရီးသည်တွေကို ကူးစက်ခံရမှုရှိမရှိစောင့်ကြည့်နေတာပါ။

Diamond Princess သင်္ဘောပေါ်က ကူးစက်မှုတွေပါရင် ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၆ ယောက်ရှိလာပြီး ဗိုင်းရပ်စ်စတွေ့ခဲ့တဲ့တရုတ်နိုင်ငံနောက်မှာ ဒုတိယအများဆုံးဖြစ်နေပါတယ်။

တရုတ်နိုင်ငံမှာ ကူးစက်ခံရသူ ၃၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၃၆ ယောက်ရှိနေပြီဖြစ်ပါတယ်။

Source – BBC

Photo – People’s Daily China

#PeopleMedia #JapanCruise #CoronaVirus #2019nCoV


Share this post