• Follow Us on

Home ယီမင္ကအယ္ေကးဒါးေခါင္းေဆာင္ အေမရိကန္တိုက္ခိုက္မႈေၾကာင့္ေသဆံုး

ယီမင္ကအယ္ေကးဒါးေခါင္းေဆာင္ အေမရိကန္တိုက္ခိုက္မႈေၾကာင့္ေသဆံုး

Share this post

ဝါ႐ွင္တန္ဒီစီ၊ ေဖေဖာ္ဝါရီ – ၇

အာေရးဘီးယားကၽြန္းဆြယ္ရဲ႕အယ္ေကးဒါးအၾကမ္းဖက္အဖြဲ႕(AQAP)ေခါင္းေဆာင္ကို အေမရိကန္သတ္လိုက္ ၿပီလို႔ အေမရိကန္သမၼတေဒၚနယ္ ထရမ့္ကေျပာပါတယ္။ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း အစၥလာမ္မစ္အစြန္းေရာက္ အဖြဲ႕ကိုဦးေဆာင္ေနတဲ့ ကာဆင္အယ္ရာမီကို ယီမင္က အေမရိကန္စစ္ဆင္ေရးတစ္ခုမွာ သတ္လိုက္တာလို႔ အိမ္ျဖဴေတာ္ကေျပာတာပါ။

ဒါေပမဲ့ ဘယ္အခ်ိန္မွာသတ္ခဲ့တာဆိုတာေတာ့ မေျပာခဲ့ပါဘူး။ အယ္ရာမီဟာ ၂၀၀၀ ျပည့္ႏွစ္ေတြထဲက အေနာက္ကမာၻရဲ႕အက်ိဳးစီးပြားေတြကို ဆက္တိုက္တိုက္ခိုက္မႈေတြနဲ႔ဆက္စပ္ေနတာပါ။ သူ႔မတိုင္ခင္ ေခါင္း ေဆာင္ကို အေမရိကန္ေမာင္းသူမဲ့ဒ႐ုန္းေလယာဥ္တစ္စင္းက သတ္ခဲ့ၿပီးတဲ့ေနာက္ သူက ေခါင္းေဆာင္ျဖစ္ လာတာပါ။

ဇန္နဝါရီလကုန္ပိုင္းမွာ အယ္ရာမီကို အေမရိကန္ဒ႐ုန္းတစ္စင္းကသတ္လိုက္ႏိုင္တယ္ဆိုတဲ့ ေကာလဟာလ ေတြထြက္ခဲ့လို႔ တံု႔ျပန္တဲ့အေနနဲ႔ အယ္ရာမီရဲ႕အသံပါတဲ့သတင္းစကားကို AQAP က ေဖေဖာ္ဝါရီ ၂ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။ အိမ္ျဖဴေတာ္ရဲ႕အခုထုတ္ျပန္မႈေၾကာင့္ ေသဆံုးတယ္ဆိုတာ အတည္ျပဳႏိုင္ခဲ့ပါတယ္။

Source – BBC

Photo – ABC

#PeopleMedia #AlQaeda #Yemen #USA #WhiteHouse

(Unicode)
ယီမင်ကအယ်ကေးဒါးခေါင်းဆောင် အမေရိကန်တိုက်ခိုက်မှုကြောင့်သေဆုံး
………………………………………………………

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ – ၇

အာရေးဘီးယားကျွန်းဆွယ်ရဲ့အယ်ကေးဒါးအကြမ်းဖက်အဖွဲ့(AQAP)ခေါင်းဆောင်ကို အမေရိကန်သတ်လိုက် ပြီလို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း အစ္စလာမ်မစ်အစွန်းရောက် အဖွဲ့ကိုဦးဆောင်နေတဲ့ ကာဆင်အယ်ရာမီကို ယီမင်က အမေရိကန်စစ်ဆင်ရေးတစ်ခုမှာ သတ်လိုက်တာလို့ အိမ်ဖြူတော်ကပြောတာပါ။

ဒါပေမဲ့ ဘယ်အချိန်မှာသတ်ခဲ့တာဆိုတာတော့ မပြောခဲ့ပါဘူး။ အယ်ရာမီဟာ ၂၀၀၀ ပြည့်နှစ်တွေထဲက အနောက်ကမ္ဘာရဲ့အကျိုးစီးပွားတွေကို ဆက်တိုက်တိုက်ခိုက်မှုတွေနဲ့ဆက်စပ်နေတာပါ။ သူ့မတိုင်ခင် ခေါင်း ဆောင်ကို အမေရိကန်မောင်းသူမဲ့ဒရုန်းလေယာဉ်တစ်စင်းက သတ်ခဲ့ပြီးတဲ့နောက် သူက ခေါင်းဆောင်ဖြစ် လာတာပါ။

ဇန်နဝါရီလကုန်ပိုင်းမှာ အယ်ရာမီကို အမေရိကန်ဒရုန်းတစ်စင်းကသတ်လိုက်နိုင်တယ်ဆိုတဲ့ ကောလဟာလ တွေထွက်ခဲ့လို့ တုံ့ပြန်တဲ့အနေနဲ့ အယ်ရာမီရဲ့အသံပါတဲ့သတင်းစကားကို AQAP က ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အိမ်ဖြူတော်ရဲ့အခုထုတ်ပြန်မှုကြောင့် သေဆုံးတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

Source – BBC

Photo – ABC

#PeopleMedia #AlQaeda #Yemen #USA #WhiteHouse


Share this post