• Follow Us on

Home ငရုတ်ကောင်းမြို့၌ ဖမ်းမိသည့် ခိုးဝင်ဘင်္ဂလီ ၃၀ အနက် ၂၁ယောက်ကို ထောင်ဒဏ် နှစ် နှစ်ချမှတ်

ငရုတ်ကောင်းမြို့၌ ဖမ်းမိသည့် ခိုးဝင်ဘင်္ဂလီ ၃၀ အနက် ၂၁ယောက်ကို ထောင်ဒဏ် နှစ် နှစ်ချမှတ်

Share this post

ရန်ကုန်၊ အောက်တိုဘာ-၎

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့၌ ဖမ်းမိသည့် ခိုးဝင်ဘင်္ဂလီ ၃၀ အနက် ၂၁ယောက်ကို ထောင်ဒဏ် နှစ် နှစ်ချမှတ်လိုက်ကြောင်း အုပ်ချုပ်ရေးအဖွဲ့များက ဆိုသည်။

ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသည့် ဘင်္ဂလီအယောက် ၃၀၌ ကျား ၉ ဦး၊ မ ၂၀ နှင့် ကလေး ၁ ဦးဖြစ်ကြောင်း သိရသည်။အဆိုပါ ဘင်္ဂလီများသည် စစ်တွေမြို့ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ ရန်ကုန်မြို့သို့ဝင်ရောက်ရန်သည်။ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ၂၇သိန်းဖြစ်ပြီး ကနဦး ၅သိန်းပေးထားပြီးဖြစ်ကြောင်းဆိုသည်။

အဆိုပါ ဘင်္ဂလီ ၃၀ မှ အသက် (၁၈)နှစ်ကျော်လွန်သူ ၂၁ ဦးကို လဝက ဥပဒေအရ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပြီး အသက်မပြည့်သည် ၉ ဦးကို လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါ ဘင်္ဂလီများကို ငွေကြေးယူ၍ မော်တော်ယာဉ်ဖြင့် ခေါ်ယူလာသူများကို ဖမ်းမိခြင်း မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကဆိုသည်။


Share this post