• Follow Us on

Home စက္သံုးဆီဂါလန္တစ္သိန္းေက်ာ္အား အလြဲသံုးစားျပဳလုပ္ခဲ့သည့္ စည္ပင္၀န္ထမ္းကို အာမခံမရသည့္ပုဒ္မျဖင့္ အမႈဖြင့္၊ က်ဴးလြန္သည့္စည္ပင္၀န္ထမ္းကို ရဲတပ္ဖြဲ႕မွ ဖမ္းဆီးႏိုင္ျခင္းမရွိေသး

စက္သံုးဆီဂါလန္တစ္သိန္းေက်ာ္အား အလြဲသံုးစားျပဳလုပ္ခဲ့သည့္ စည္ပင္၀န္ထမ္းကို အာမခံမရသည့္ပုဒ္မျဖင့္ အမႈဖြင့္၊ က်ဴးလြန္သည့္စည္ပင္၀န္ထမ္းကို ရဲတပ္ဖြဲ႕မွ ဖမ္းဆီးႏိုင္ျခင္းမရွိေသး

Share this post

စက္သံုးဆီဂါလန္ေပါင္း ၁၈၀၀၀၀ ေက်ာ္အား အလြဲသံုးစားျပဳလုပ္ခဲ့သည့္ မႏၱေလးၿမိဳ႕ေတာ္စည္ပင္သာယာ ေရး ေကာ္မတီ၊ စက္႐ံုႏွင့္ေမာ္ေတာ္ယာဥ္ဌာနမွ စက္သံုးဆီဂိုေဒါင္တာ၀န္ခံအား အာမခံမရသည့္ပုဒ္မျဖင့္ အမႈ ဖြင့္ထားၿပီး တရားမေၾကာင္းျဖင့္ပါ ထပ္မံစြဲဆိုသြားျဖစ္ေၾကာင္း မႏၱေလးၿမိဳ႕ေတာ္၀န္မွ ေျပာသည္။

မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ စက္႐ံုႏွင့္ေမာ္ေတာ္ယာဥ္ဌာနမွ စက္သံုးဆီဂိုေဒါင္တာ၀န္ခံ ဦးေက်ာ္စိုး (အငယ္တန္းအင္/ယာ-၂)သည္ ဒီဇယ္ဆီဂါလန္ေပါင္း (၁၅၄၈၂၈)ႏွင့္ ဓာတ္ဆီဂါလန္ေပါင္း ၃၀၀၀၀ စုစုေပါင္းခန္႔မွန္းတန္ဖိုး က်ပ္သန္းေပါင္း ၇၈၀.၄၇၂ တို႔အား အလြဲသံုးစားျပဳလုပ္ခဲ့သည့္အေပၚ ျပန္လည္ေပးေလ်ာ္ျခင္းမရွိဘဲ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

“ဒီဇယ္ဆီနဲ႔ ဓာတ္ဆီေတြကို ေကာ္မတီက တရား၀င္ ၀ယ္ယူခဲ့တာပါ။ စက္႐ံုနဲ႔ ေမာ္ေတာ္ယာဥ္ဌာနရဲ႕ ဆီသို ေလွာင္ကန္ေတြဆီကို မေရာက္ဘူး။ တာ၀န္ခံဦးေက်ာ္စိုးတင္ျပလာတဲ့ စက္သံုးဆီ၀ယ္ယူျဖည့္ထား ေၾကာင္း ေဘာခ်ာျဖတ္ပိုင္းေတြဟာ ေကာ္မတီရဲ႕ အမိန္႔ညႊန္ၾကားခ်က္၊ စည္းမ်ဥ္းစည္းကမ္းနဲ႔ မညီသလို မိမိ သေဘာနဲ႔ စာရြက္စာတမ္းလုပ္ေဆာင္ထားတယ္။ စစ္ေဆးခ်က္အရ သူကိုယ္တိုင္လည္း ၀န္ခံထြက္ဆိုခဲ့တယ္။ ဒါေၾကာင့္ တာ၀န္ခံဦးေက်ာ္စိုးကို အလြဲသံုးစားျပဳလုပ္ခဲ့တဲ့ စက္သံုးဆီေတြကို ျပန္လည္ေပးသြင္းေစဖို႔နဲ႔ ၀န္ထမ္း အျဖစ္က ထုတ္ပယ္ဖို႔ ဆံုးျဖတ္ခဲ့တယ္။ ဒါကို တာ၀န္ခံဦးေက်ာ္စုိးက ၂၀၁၈ ခုႏွစ္၊ ေမလအထိ ေပးေလ်ာ္ျခင္းမရွိဘဲ ထြက္ေျပးတိမ္းေရွာင္သြားတယ္။ ဒါေၾကာင့္ အမွတ္ (၁၁) နယ္ေျမရဲစခန္းမွာ အမႈဖြင့္ထားတယ္။ အကယ္၍ ျပစ္ဒဏ္ခ်ခံၿပိးေနာက္ပိုင္းမွာလည္း ဆံုး႐ံႈးနစ္နာခဲ့တဲ့ တန္ဖိုးျပန္လည္ရရွိဖို႔ တရားမေၾကာင္းအရ ဆက္လက္တရားစြဲသြားမွာပါ”ဟု မႏၱေလးၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ ၿမိဳ႕ေတာ္၀န္ေဒါက္တာ ရဲလြင္မွ မႏၱေလးတိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းတြင္ ေျပာၾကားခဲ့သည္။

မႏၱေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ စက္႐ံုႏွင့္ေမာ္ေတာ္ယာဥ္ဌာနမွ စက္သံုးဆီဂိုေဒါင္ တာ၀န္ခံ ဦးေက်ာ္စိုး(အငယ္တန္းအင္/ယာ-၂)အား အမွတ္ (၁၁)နယ္ေျမရဲစခန္းတြင္ ရာဇသတ္ႀကီးပုဒ္မ ၄၀၉ ျဖင့္ အမႈ ဖြင့္ခဲ့ၿပီး ၄င္းမွာထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ံုးသို႔ ရာဇသတ္ႀကီးပုဒ္မ-၄၀၉/ က်င့္-၅၁၂ အရ တရားခံေျပးအမႈျဖင့္ တရားစြဲတင္ခဲ့ရာ တရား႐ံုးက ရာဇ၀တ္က်င့္ထံုးဥပေဒပုဒ္မ-၈၇/၈၈ အရ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

Photo – မႏၱေလးၿမိဳ႕ေတာ္၀န္

#PeopleMedia

(Unicode)
စက်သုံးဆီဂါလန်တစ်သိန်းကျော်အား အလွဲသုံးစားပြုလုပ်ခဲ့သည့် စည်ပင်ဝန်ထမ်းကို အာမခံမရသည့်ပုဒ်မဖြင့် အမှုဖွင့်၊ ကျူးလွန်သည့်စည်ပင်ဝန်ထမ်းကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်းမရှိသေး
………………………………………………………

စက်သုံးဆီဂါလန်ပေါင်း ၁၈၀၀၀၀ ကျော်အား အလွဲသုံးစားပြုလုပ်ခဲ့သည့် မန္တလေးမြို့တော်စည်ပင်သာယာ ရေး ကော်မတီ၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ စက်သုံးဆီဂိုဒေါင်တာဝန်ခံအား အာမခံမရသည့်ပုဒ်မဖြင့် အမှု ဖွင့်ထားပြီး တရားမကြောင်းဖြင့်ပါ ထပ်မံစွဲဆိုသွားဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်မှ ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ စက်သုံးဆီဂိုဒေါင်တာဝန်ခံ ဦးကျော်စိုး (အငယ်တန်းအင်/ယာ-၂)သည် ဒီဇယ်ဆီဂါလန်ပေါင်း (၁၅၄၈၂၈)နှင့် ဓာတ်ဆီဂါလန်ပေါင်း ၃၀၀၀၀ စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၇၈၀.၄၇၂ တို့အား အလွဲသုံးစားပြုလုပ်ခဲ့သည့်အပေါ် ပြန်လည်ပေးလျော်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“ဒီဇယ်ဆီနဲ့ ဓာတ်ဆီတွေကို ကော်မတီက တရားဝင် ဝယ်ယူခဲ့တာပါ။ စက်ရုံနဲ့ မော်တော်ယာဉ်ဌာနရဲ့ ဆီသို လှောင်ကန်တွေဆီကို မရောက်ဘူး။ တာဝန်ခံဦးကျော်စိုးတင်ပြလာတဲ့ စက်သုံးဆီဝယ်ယူဖြည့်ထား ကြောင်း ဘောချာဖြတ်ပိုင်းတွေဟာ ကော်မတီရဲ့ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနဲ့ မညီသလို မိမိ သဘောနဲ့ စာရွက်စာတမ်းလုပ်ဆောင်ထားတယ်။ စစ်ဆေးချက်အရ သူကိုယ်တိုင်လည်း ဝန်ခံထွက်ဆိုခဲ့တယ်။ ဒါကြောင့် တာဝန်ခံဦးကျော်စိုးကို အလွဲသုံးစားပြုလုပ်ခဲ့တဲ့ စက်သုံးဆီတွေကို ပြန်လည်ပေးသွင်းစေဖို့နဲ့ ဝန်ထမ်း အဖြစ်က ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကို တာဝန်ခံဦးကျော်စိုးက ၂၀၁၈ ခုနှစ်၊ မေလအထိ ပေးလျော်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားတယ်။ ဒါကြောင့် အမှတ် (၁၁) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အကယ်၍ ပြစ်ဒဏ်ချခံပြိးနောက်ပိုင်းမှာလည်း ဆုံးရှုံးနစ်နာခဲ့တဲ့ တန်ဖိုးပြန်လည်ရရှိဖို့ တရားမကြောင်းအရ ဆက်လက်တရားစွဲသွားမှာပါ”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ဝန်ဒေါက်တာ ရဲလွင်မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ စက်သုံးဆီဂိုဒေါင် တာဝန်ခံ ဦးကျော်စိုး(အငယ်တန်းအင်/ယာ-၂)အား အမှတ် (၁၁)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှု ဖွင့်ခဲ့ပြီး ၄င်းမှာထွက်ပြေးတိမ်းရှောင်နေသဖြင့် ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ ရာဇသတ်ကြီးပုဒ်မ-၄၀၉/ ကျင့်-၅၁၂ အရ တရားခံပြေးအမှုဖြင့် တရားစွဲတင်ခဲ့ရာ တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇/၈၈ အရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo – မန္တလေးမြို့တော်ဝန်

#PeopleMedia


Share this post