• Follow Us on
Latest News

Home စစ္ဘက္သုံး ဆက္သြယ္ေရးၿဂိဳဟ္တု ေတာင္ကိုရီးယားလႊတ္တင္

စစ္ဘက္သုံး ဆက္သြယ္ေရးၿဂိဳဟ္တု ေတာင္ကိုရီးယားလႊတ္တင္

Share this post

၂၀၂၀၊ ဇူလိုင္ ၂၁

ေတာင္ကိုရီးယားႏိုင္ငံ၏ ပထမဆုံးေသာ စစ္ဘက္သုံး ဆက္သြယ္ေရးၿဂိဳဟ္တုကို ပုဂၢလိကေအာ္ပေရတာ SpaceX က ေအာင္ျမင္စြာ လႊတ္တင္ခဲ့ေၾကာင္း ကာကြယ္ေရးစြမ္းပကားမ်ား တည္ေဆာက္ေနသည့္ ေတာင္ကိုရီးယားႏိုင္ငံက ယေန႔ ေျပာၾကားလိုက္သည္။

The ANASIS-II ေခၚ အဆိုပါစစ္ဘက္သုံး ဆက္သြယ္ေရးၿဂိဳဟ္တုက ႏ်ဴကလီးယားလက္နက္ပိုင္ ေျမာက္ ကိုရီးယားႏိုင္ငံ၏ရန္မွ ကာကြယ္ရာတြင္ ေတာင္ကိုရီးယားႏိုင္ငံ၏ စြမ္းပကားကို ျမႇင့္တင္ေပးရန္ ရည္ရြယ္သည္။

ယင္းၿဂိဳဟ္တုသယ္ေဆာင္ေသာ Falcon 9 ဒုံးပ်ံကို အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္ရွိ ကိတ္ပ္ကာနီ ဗီရယ္လ္ ေလတပ္စခန္းမွ လႊတ္တင္ခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယား ကာကြယ္ေရးပစၥည္း ဝယ္ယူေရး အစီအစဥ္ဌာန (DAPA) က ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။

ၿဂိဳဟ္တုကို ယမန္ေန႔ ေန႔လည္ပိုင္းက လႊတ္တင္ၿပီး ၃၂ မိနစ္အၾကာတြင္ ထိထိေရာက္ေရာက္ အသုံးခ်ခဲ့ ေၾကာင္း SpaceX က အတည္ျပဳခဲ့သည္။

ယခုၿဂိဳဟ္တုလႊတ္တင္မႈေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံက စစ္ဘက္သုံး ဆက္သြယ္ေရးၿဂိဳဟ္တု ပိုင္ဆိုင္သည့္ ဒသမေျမာက္တိုင္းျပည္ ျဖစ္လာခဲ့ေၾကာင္း DAPA က ေျပာၾကားခဲ့သည္။

ဤၿဂိဳဟ္တုက ႏွစ္ပတ္အတြင္း ကီလိုမီတာ ၃၆၀၀၀ ရွိေသာ ကမၻာပတ္လမ္းအတြင္း ေရာက္ရွိမည္ဟု ေမွ်ာ္မွန္း ရေၾကာင္း၊ စမ္းသပ္မႈျပဳလုပ္ၿပီးလ်င္ ေတာင္ကိုရီးယားတပ္မေတာ္က ေအာက္တိုဘာလအတြင္း ၿဂိဳဟ္တုကို လႊဲယူမည္ျဖစ္ေၾကာင္း DAPA က ဆိုသည္။
ၿဂိဳဟ္တုလႊတ္တင္မႈေၾကာင့္ ေတာင္ကိုးရီးယားတပ္မေတာ္၏ စစ္ဆင္ေရးဆင္ႏႊဲမႈ စြမ္းပကားမ်ား တိုးတက္ လာမည္ဟု ေမွ်ာ္မွန္းရေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ကိုးကား ။ ။ ေအအက္ဖ္ပီ

Ref; South Korea’s first military satellite launched

#PeopleMedia

(unicode)
စစ်ဘက်သုံး ဆက်သွယ်ရေးဂြိုဟ်တု တောင်ကိုရီးယားလွှတ်တင်
……………………………………………………..

၂၀၂၀၊ ဇူလိုင် ၂၁

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော စစ်ဘက်သုံး ဆက်သွယ်ရေးဂြိုဟ်တုကို ပုဂ္ဂလိကအော်ပရေတာ SpaceX က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ကာကွယ်ရေးစွမ်းပကားများ တည်ဆောက်နေသည့် တောင်ကိုရီးယားနိုင်ငံက ယနေ့ ပြောကြားလိုက်သည်။

The ANASIS-II ခေါ် အဆိုပါစစ်ဘက်သုံး ဆက်သွယ်ရေးဂြိုဟ်တုက နျူကလီးယားလက်နက်ပိုင် မြောက် ကိုရီးယားနိုင်ငံ၏ရန်မှ ကာကွယ်ရာတွင် တောင်ကိုရီးယားနိုင်ငံ၏ စွမ်းပကားကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။

ယင်းဂြိုဟ်တုသယ်ဆောင်သော Falcon 9 ဒုံးပျံကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ ကိတ်ပ်ကာနီ ဗီရယ်လ် လေတပ်စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးပစ္စည်း ဝယ်ယူရေး အစီအစဉ်ဌာန (DAPA) က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

ဂြိုဟ်တုကို ယမန်နေ့ နေ့လည်ပိုင်းက လွှတ်တင်ပြီး ၃၂ မိနစ်အကြာတွင် ထိထိရောက်ရောက် အသုံးချခဲ့ ကြောင်း SpaceX က အတည်ပြုခဲ့သည်။

ယခုဂြိုဟ်တုလွှတ်တင်မှုကြောင့် တောင်ကိုရီးယားနိုင်ငံက စစ်ဘက်သုံး ဆက်သွယ်ရေးဂြိုဟ်တု ပိုင်ဆိုင်သည့် ဒသမမြောက်တိုင်းပြည် ဖြစ်လာခဲ့ကြောင်း DAPA က ပြောကြားခဲ့သည်။

ဤဂြိုဟ်တုက နှစ်ပတ်အတွင်း ကီလိုမီတာ ၃၆၀၀၀ ရှိသော ကမ္ဘာပတ်လမ်းအတွင်း ရောက်ရှိမည်ဟု မျှော်မှန်း ရကြောင်း၊ စမ်းသပ်မှုပြုလုပ်ပြီးလျင် တောင်ကိုရီးယားတပ်မတော်က အောက်တိုဘာလအတွင်း ဂြိုဟ်တုကို လွှဲယူမည်ဖြစ်ကြောင်း DAPA က ဆိုသည်။
ဂြိုဟ်တုလွှတ်တင်မှုကြောင့် တောင်ကိုးရီးယားတပ်မတော်၏ စစ်ဆင်ရေးဆင်နွှဲမှု စွမ်းပကားများ တိုးတက် လာမည်ဟု မျှော်မှန်းရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကား ။ ။ အေအက်ဖ်ပီ

Ref; South Korea’s first military satellite launched

#PeopleMedia


Share this post