• Follow Us on

Home အိႏၵိယႏိုင္ငံ၏ Indi Go ေလေၾကာင္းလိုင္း ဝန္ထမ္းအင္အား ၁၀ ရာခိုင္ႏႈန္း ေလ်ာ့ခ်မည္

အိႏၵိယႏိုင္ငံ၏ Indi Go ေလေၾကာင္းလိုင္း ဝန္ထမ္းအင္အား ၁၀ ရာခိုင္ႏႈန္း ေလ်ာ့ခ်မည္

Share this post

၂၀၂၀၊ ဇူလိုင္ ၂၁

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ဘ႑ာေရးအခက္အခဲႀကဳံေတြ႕ေနရေသာ အိႏၵိယႏိုင္ငံ၏ အႀကီးမားဆုံး စရိတ္နည္းေလေၾကာင္းလိုင္း အင္ဒီဂိုက လုပ္သားအင္အား ၁၀ ရာခိုင္ႏႈန္း ေလ်ာ့ခ်မည္ဟု ယမန္ေန႔က ေျပာ ၾကားခဲ့သည္။

အင္ဒီဂိုေလေၾကာင္းလိုင္းသည္ မၾကာေသးမီႏွစ္မ်ားအတြင္း အိႏၵိယျပည္တြင္းေစ်းကြက္ ထက္ဝက္ခန္႔အထိ ျမန္ျမန္ဆန္ဆန္ ရရွိလာခဲ့ၿပီး ျပည္တြင္းေလေၾကာင္းပို႔ေဆာင္ေရးက႑မွ အျမတ္အစြန္းမ်ားစြာရရွိခဲ့သည္။

သို႔ေသာ္လည္း ကိုဗစ္-၁၉ ေရာဂါအဆိုးရြားဆုံးျဖစ္ပြားေနခ်ိန္တြင္ ေလဆိပ္မ်ားကို ပိတ္ခဲ့ၿပီး ေလေၾကာင္း ခရီး သြားလာမႈကို ေလ်ာ့ခ်ခဲ့သည့္ ကမၻာ့က်န္းမာေရးအက်ပ္အတည္း၏ ျပင္းထန္ေသာစီးပြားေရးအရ အက်ိဳးသက္ ေရာက္မႈကို လစာျဖတ္ေတာက္ျခင္းႏွင့္ လစာမဲ့ခြင့္ေပးျခင္းတို႔ကဲ့သို႔ေသာ ကုန္က်စရိတ္ျဖတ္ ေတာက္ေရးစီမံ ခ်က္မ်ားက မကုစားေပးႏိုင္ေၾကာင္း အင္ဒီဂိုေလေၾကာင္းလိုင္းက ေျပာၾကားခဲ့သည္။

“ဒီလိုစီးပြားေရးအက်ပ္အတည္း ႀကဳံေတြ႕ေနခ်ိန္မွာ စြန္႔လႊတ္မႈေတြမလုပ္ဘဲ ေလေၾကာင္းခရီးစဥ္ေတြ ေျပးဆြဲဖို႔ မျဖစ္ႏိုင္ပါဘူး” ဟု အင္ဒီဂိုေလေၾကာင္းလိုင္း အမႈေဆာင္ခ်ဳပ္ ႐ိုႏိုဂြၽိဳင္းဒြတ္တားက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားသည္။

ျဖစ္ႏိုင္ဖြယ္ရာမ်ား အကဲျဖတ္ကာ ျပန္လည္သုံးသပ္ၿပီးေနာက္ ဝန္ထမ္းအင္အား ၁၀ ရာခိုင္ႏႈန္း ေလ်ာ့ခ်မည္ဟု ၄င္းကဆိုသည္။

အင္ဒီဂိုေလေၾကာင္းလိုင္းတြင္ ဝန္ထမ္းအင္အား ၂၄၀၀၀ ဝန္းက်င္ရွိေၾကာင္း ေဒသႏၲရမီဒီယာမ်ား၏ ေဖာ္ျပ ခ်က္အရသိရသည္။
ကမၻာတစ္ဝန္းရွိ ေလေၾကာင္းလိုင္းမ်ားမွာ ကို႐ိုနာဗိုင္းရပ္စ္ေဘးဆိုးဆိုးရြားရြားခံခဲ့ရၿပီး ေလေၾကာင္းလိုင္းအခ်ိဳ႕ က ေဒဝါလီခံၾကၿပီး အခ်ိဳ႕က ဝန္ထမ္းအင္အားေလ်ာ့ခ်ျခင္း သို႔မဟုတ္ အစိုးရမ်ားထံ ကယ္ဆယ္ေရးစီမံခ်က္ မ်ား ေတာင္းခံခဲ့သည္။

ကိုးကား ။ ။ ေအအက္ဖ္ပီ

Ref; Indian Budget Airline IndiGo Lays Off 10% Of Staff Over Pandemic

#PeopleMedia

(unicode)
အိန္ဒိယနိုင်ငံ၏ Indi Go လေကြောင်းလိုင်း ဝန်ထမ်းအင်အား ၁၀ ရာခိုင်နှုန်း လျော့ချမည်
……………………………………………………

၂၀၂၀၊ ဇူလိုင် ၂၁

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘဏ္ဍာရေးအခက်အခဲကြုံတွေ့နေရသော အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး စရိတ်နည်းလေကြောင်းလိုင်း အင်ဒီဂိုက လုပ်သားအင်အား ၁၀ ရာခိုင်နှုန်း လျော့ချမည်ဟု ယမန်နေ့က ပြော ကြားခဲ့သည်။

အင်ဒီဂိုလေကြောင်းလိုင်းသည် မကြာသေးမီနှစ်များအတွင်း အိန္ဒိယပြည်တွင်းဈေးကွက် ထက်ဝက်ခန့်အထိ မြန်မြန်ဆန်ဆန် ရရှိလာခဲ့ပြီး ပြည်တွင်းလေကြောင်းပို့ဆောင်ရေးကဏ္ဍမှ အမြတ်အစွန်းများစွာရရှိခဲ့သည်။

သို့သော်လည်း ကိုဗစ်-၁၉ ရောဂါအဆိုးရွားဆုံးဖြစ်ပွားနေချိန်တွင် လေဆိပ်များကို ပိတ်ခဲ့ပြီး လေကြောင်း ခရီး သွားလာမှုကို လျော့ချခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်း၏ ပြင်းထန်သောစီးပွားရေးအရ အကျိုးသက် ရောက်မှုကို လစာဖြတ်တောက်ခြင်းနှင့် လစာမဲ့ခွင့်ပေးခြင်းတို့ကဲ့သို့သော ကုန်ကျစရိတ်ဖြတ် တောက်ရေးစီမံ ချက်များက မကုစားပေးနိုင်ကြောင်း အင်ဒီဂိုလေကြောင်းလိုင်းက ပြောကြားခဲ့သည်။

“ဒီလိုစီးပွားရေးအကျပ်အတည်း ကြုံတွေ့နေချိန်မှာ စွန့်လွှတ်မှုတွေမလုပ်ဘဲ လေကြောင်းခရီးစဉ်တွေ ပြေးဆွဲဖို့ မဖြစ်နိုင်ပါဘူး” ဟု အင်ဒီဂိုလေကြောင်းလိုင်း အမှုဆောင်ချုပ် ရိုနိုဂျွိုင်းဒွတ်တားက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

ဖြစ်နိုင်ဖွယ်ရာများ အကဲဖြတ်ကာ ပြန်လည်သုံးသပ်ပြီးနောက် ဝန်ထမ်းအင်အား ၁၀ ရာခိုင်နှုန်း လျော့ချမည်ဟု ၄င်းကဆိုသည်။

အင်ဒီဂိုလေကြောင်းလိုင်းတွင် ဝန်ထမ်းအင်အား ၂၄၀၀၀ ဝန်းကျင်ရှိကြောင်း ဒေသန္တရမီဒီယာများ၏ ဖော်ပြ ချက်အရသိရသည်။
ကမ္ဘာတစ်ဝန်းရှိ လေကြောင်းလိုင်းများမှာ ကိုရိုနာဗိုင်းရပ်စ်ဘေးဆိုးဆိုးရွားရွားခံခဲ့ရပြီး လေကြောင်းလိုင်းအချို့ က ဒေဝါလီခံကြပြီး အချို့က ဝန်ထမ်းအင်အားလျော့ချခြင်း သို့မဟုတ် အစိုးရများထံ ကယ်ဆယ်ရေးစီမံချက် များ တောင်းခံခဲ့သည်။

ကိုးကား ။ ။ အေအက်ဖ်ပီ

Ref; Indian Budget Airline IndiGo Lays Off 10% Of Staff Over Pandemic

#PeopleMedia


Share this post