• Follow Us on

Home ထိုင္းႏွင့္မေလးေရာက္ ျမန္မာနိုင္ငံသားမ်ားကို တပ္မေတာ္ ေရယာဥ္၊ေလယာဥ္မ်ား ျဖင့္ ျပန္ေခၚယူေရး အေရးႀကီးအဆို ရႈံးနိမ့္ ၊ အဆိုကို NLD ပါတီ အမတ္မ်ား မေထာက္ခံ

ထိုင္းႏွင့္မေလးေရာက္ ျမန္မာနိုင္ငံသားမ်ားကို တပ္မေတာ္ ေရယာဥ္၊ေလယာဥ္မ်ား ျဖင့္ ျပန္ေခၚယူေရး အေရးႀကီးအဆို ရႈံးနိမ့္ ၊ အဆိုကို NLD ပါတီ အမတ္မ်ား မေထာက္ခံ

Share this post

ရန္ကုန္၊ ဇူလိုင္ -၂၁

ထိုင္းႏွင့္မေလးရွားေရာက္ ျမန္မာနိုင္ငံသားမ်ားကို တပ္မေတာ္ ေရယာဥ္၊ေလယာဥ္မ်ား ျဖင့္ ျပန္ေခၚယူေရး အေရးႀကီးအဆို ကို တပ္ႏွင့္USDP အမတ္မ်ား ေထာက္ခံေသာ္လည္း NLD ပါတီ အမတ္မ်ားမွ ေထာက္ခံမႈ မရွိခဲ့ပါ။

ယေန႕ က်င္းပသည့္ ျပည္သူ႕လႊတ္ေတာ္အစည္းအေဝး၌ ရပ္ေစာက္ၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္က ျပည္သူ႕လႊတ္ေတာ္၌ အေရးႀကီး အဆိုတင္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

အဆိုရွင္က ထိုင္းႏွင့္မေလးရွားနိုင္ငံေရာက္ ျမန္မာနိုင္ငံသားမ်ားကို ျပန္ေခၚယူရန္ ႏွစ္နိုင္ငံ အစိုးရ ခ်င္း ညွိႏွိုင္းေဆာင္႐ြက္ေပးဖို႔ အစီစဥ္ ရွိ-မရွိေမးျမန္းခဲ့ပါတယ္။

အလားတူ COVID ကာလ၌ မေလးရွားနိုင္ငံေရာက္ ျမန္မာနိုင္ငံသား(၁၀)သည္ မိမိကိုယ္ သတ္ေသမႈမ်ား ျပဳ႕လုပ္မႈမ်ားရွိခဲ့ၿပီး ျမန္မာနိုင္ငံ ျပန္လာရန္ (၂၀၀၀၀)ေက်ာ္သည္ သံ႐ုံးကို စာရင္းေပးထားေၾကာင္း အဆိုရွင္က ဆိုပါတယ္။

ထိုသို႔အေျခအေနမ်ားကို ႏွစ္နိုင္ငံ အစိုးရခ်င္း ညွိႏွိုင္းေဆာင္႐ြက္ၿပီး ေ႐ြးေကာက္ပြဲအမွီ ျမန္မာနိုင္ငံသို႔ ျပန္လာနိုင္ေရးကိုေဆာင္႐ြက္ေပးရန္ အဆိုရွင္က ဆိုပါတယ္။

ထို႔အတူ ထိုင္းေရာက္ျမန္မာနိုင္ငံသားမ်ားကို MAI ၊ MNA ေလယာဥ္ျဖင့္ ေခၚေဆာင္ေသာ္လည္း ၾကန့္ၾကာမႈေတြ ရွိေနေၾကာင္း ဆိုပါတယ္။

ထိုသို႔ ေဆာင္႐ြက္ရန္ လူတစ္ေထာင္ေက်ာ္ ဆန့္သည့္ တပ္မေတာ္ ေရယာဥ္၊ေလယာဥ္မ်ား အသုံးျပဳ႕၍ ေဆာင္႐ြက္ရန္ အဆိုရွင္က တင္ျပခဲ့ပါတယ္။

မဲခြဲဆုံးျဖတ္ရာ၌ တပ္မေတာ္၊ျပည္ခိုင္ၿဖိဳးပါတီႏွင့္ တိုင္းရင္းသားပါတီအခ်ိဳ႕က ေထာက္ခံေသာ္လည္း NLD အမတ္မ်ားက အဆိုကို ေထာက္ခံမႈ မရွိခဲ့ပါ။

ထိုသို႔ မဲခြဲဆုံးျဖတ္ရာ၌ ၁၂၅ ေယာက္ေထာက္ခံမဲရရွိခဲ့ေသာ္လည္း ေထာက္ခံမဲ ၁၄၄ မဲရရွိမွသာ ေဆြးေႏြးနိုင္မွာ ျဖစ္ပါတယ္။

#PeopleMedia #ထိုင္း #မေလးရွား

[Unicode]
ထိုင်းနှင့်မလေးရောက် မြန်မာနိုင်ငံသားများကို တပ်မတော် ရေယာဉ်၊လေယာဉ်များ ဖြင့် ပြန်ခေါ်ယူရေး အရေးကြီးအဆို ရှုံးနိမ့် ၊ အဆိုကို NLD ပါတီ အမတ်များ မထောက်ခံ
……………………………………………………………………………..

ရန်ကုန်၊ ဇူလိုင် – ၂၁

ထိုင်းနှင့်မလေးရှားရောက် မြန်မာနိုင်ငံသားများကို တပ်မတော် ရေယာဉ်၊လေယာဉ်များ ဖြင့် ပြန်ခေါ်ယူရေး အရေးကြီးအဆို ကို တပ်နှင့်USDP အမတ်များ ထောက်ခံသော်လည်း NLD ပါတီ အမတ်များမှ ထောက်ခံမှု မရှိခဲ့ပါ။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

အဆိုရှင်က ထိုင်းနှင့်မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ပြန်ခေါ်ယူရန် နှစ်နိုင်ငံ အစိုးရ ချင်း ညှိနှိုင်းဆောင်ရွက်ပေးဖို့ အစီစဉ် ရှိ-မရှိမေးမြန်းခဲ့ပါတယ်။

အလားတူ COVID ကာလ၌ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား(၁၀)သည် မိမိကိုယ် သတ်သေမှုများ ပြု့လုပ်မှုများရှိခဲ့ပြီး မြန်မာနိုင်ငံ ပြန်လာရန် (၂၀၀၀၀)ကျော်သည် သံရုံးကို စာရင်းပေးထားကြောင်း အဆိုရှင်က ဆိုပါတယ်။

ထိုသို့အခြေအနေများကို နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပြီး ရွေးကောက်ပွဲအမှီ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးကိုဆောင်ရွက်ပေးရန် အဆိုရှင်က ဆိုပါတယ်။

ထို့အတူ ထိုင်းရောက်မြန်မာနိုင်ငံသားများကို MAI ၊ MNA လေယာဉ်ဖြင့် ခေါ်ဆောင်သော်လည်း ကြန့်ကြာမှုတွေ ရှိနေကြောင်း ဆိုပါတယ်။

ထိုသို့ ဆောင်ရွက်ရန် လူတစ်ထောင်ကျော် ဆန့်သည့် တပ်မတော် ရေယာဉ်၊လေယာဉ်များ အသုံးပြု့၍ ဆောင်ရွက်ရန် အဆိုရှင်က တင်ပြခဲ့ပါတယ်။

မဲခွဲဆုံးဖြတ်ရာ၌ တပ်မတော်၊ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းရင်းသားပါတီအချို့က ထောက်ခံသော်လည်း NLD အမတ်များက အဆိုကို ထောက်ခံမှု မရှိခဲ့ပါ။

ထိုသို့ မဲခွဲဆုံးဖြတ်ရာ၌ ၁၂၅ ယောက်ထောက်ခံမဲရရှိခဲ့သော်လည်း ထောက်ခံမဲ ၁၄၄ မဲရရှိမှသာ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

#PeopleMedia #ထိုင်း #မလေးရှား


Share this post