• Follow Us on

Home စစ်တွေမြို့တွင် လူတစ်စုမှ သံဃာတော်တစ်ပါးအား လှံဖြင့်ထိုး

စစ်တွေမြို့တွင် လူတစ်စုမှ သံဃာတော်တစ်ပါးအား လှံဖြင့်ထိုး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အမည်မသိလူတစ်စု မှ သံဃာတော်တစ်ပါးအား လှံဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက် ည ၈ နာရီခွဲတွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အမည်မသိလူတစ်စုမှ သံဃာ တော်တစ်ပါးအား လှံဖြင့်ထိုးခဲ့ကြ၍ အဆိုပါ သံဃာတော်မှာ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

“ဆရာတော်ကဘယ်ကလည်းတော့မသိဘူး။ အသက်ကတော့ ၃၀ ဝန်းကျင်လောက်ရှိပြီ။ လှံနဲ့အထိုးခံရတာ။ ဒဏ်ရာက သိပ်ပြီးတော့ မစိုးရိမ်ရဘူး” လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

မည်သည့်အကြောင်းကြောင့် သံဃာတော်အား လှံဖြင့်ထိုးခဲ့ကြသည့် မသိရှိသော်လည်း ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းတွင် သံဃာတော်တစ်ပါး ဒဏ်ရာရရှိနေကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံ ပြည်သူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဒဏ်ရာရရှိခဲ့သည့် သံဃာတော်ကို စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #စစ်တွေမြို့

 

(unicode)


……………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post